လာမည့်ရက်များ အတွင်း မိုးသည်းထန်နိုင်မည့် နေရာများ

မုတ်သုံ ရာသီသို့ ဝင်ရောက်လာပြီဖြ စ်သောကြောင့် အနောက်တော င်အရပ်မှ မုံသုံလေဝင်ရောက် တိုက်ခတ်ြ ခင်းနှင့် အတူ.. မိုးရွာသွ န်းခြင်းများကို မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အစရှိတဲ့ ဘင်္ဂလားပင်လယ်အော် ရပ်ဝန်းဒေသများမှာ ကြုံတွေ့ကြရပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လ (၉) ရက်နေ့ တိုင်းထွာချက်များအရ အပူပိုင်းလေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လို့နေပါတယ်။ (မြေပုံ)

မိုးသည်းထန်နိုင်မည့် နေရာများ

လေနဲ့ ရေဟာ အပူကြောင့် ပွပြီး အထက်သို့တက်ကြပါတယ်။ အဲ့ဒီ့လိုပွတက်သွားတဲ့အတွက် ၎င်းနေရာမှာ ဖိအားတွေ လျော့ကျသွားပါတယ်။ မြေပုံတွေမှာ လေဖိအားအနည်းဆုံးရှိတဲ့နေရာတွေကို “L” (Low) သငေ်္ကတ ပြလေ့ရှိပါတယ်။ ဆိုလိုတာကတော့ အဆိုပါနေရာဟာ လေဖိအား အနည်းဆုံးနေရာဖြစ်ပြီး အပေါ်သို့ ပွတက်နေတဲ့ လေပူ၊ ရေပူများကြောင့် တိမ်ဖြစ်ထွန်းမှု များနေတဲ့ နေရာလို့ ပြောလို့ရပါတယ်။ (မိုးလေဝသမှာ ကြော်ငြာတဲ့ တိမ်အနည်းငယ်မှ အသင့်အတင့် ဖြစ်ထွန်းမယ်ဆိုတာ လေဖိအား အနည်းအ များကို မှန်းဆကြည့်နိုင်ပါတယ်။)

မိုးသည်းထန်နိုင်မည့် နေရာများ

လေဖိအားနည်း တဲ့နေရာကို လေဖိအား များတဲ့ “H” ဘက်က လေတွေ ဝင်ရောက်တို က်ခတ်ကြပါတယ်။ ထို့အတွက်ေ ကြာင့် ရေခိုးရေငွေ့ပါတဲ့တိမ်ေ တွဟာ လေကြောင်းနှင့်အတူ ရွေ့လျားလာကြပြီး ကုန်းတွင်းပိုင်းရောက်တဲ့အခါမှာတော့ (တနည်း) လုံလောက်တဲ့ အပူချိန်၊ အရွယ်အစား၊ အနေအထား ရောက်တဲ့အခါမိုးအဖြစ် ရွာသွန်းကြပါတယ်။

မိုးသည်းထန်နိုင်မည့် နေရာများ
မိုးသည်းထန်နိုင်မည့် နေရာများ

ယခုဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရ ပ်ဝန်းကြောင့် အိန္ဒိယအရှေ့ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံအေ နာက်ဘက် ကမ်းရိုးတန်း ဒေသများမှာ ဇွန်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ဖြစ်လာနိုင်ပါတယ်။ မြေပုံမှပြထားတဲ့ ပန်းနီရောင်ေ ဒသများဟာ မိုးအလွ န်များနိုင်မည့် ဒေသများဖြစ်ပြီး၊ အပြာရင့်ကတော့ မိုးများမ ည့် ဒေသများဖြစ်ကြပါတယ်။ အစိမ်းရောင်ဒေ သများမှာတော့ မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းပါမယ်။

မိုးသည်းထန်နိုင်မည့် နေရာများ
မိုးသည်းထန်နိုင်မည့် နေရာများ

Credit;သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ) ကိုးကား။ Bay of Bangal watch, BWOT, NOAA

Add a Comment

Your email address will not be published. Required fields are marked *