နာမည်ကြီး ဂျူဗင်တပ်စ် အသင်း ရဲ့ Anthem Jacket ကြော်ငြာမှာပါဝင်လာတဲ့ မြန်မာမော်ဒယ်လ်မလေး မေမြတ်နိုး
နာမည်ကျော် ဂျူဗင်တပ်စ် အသင်း ရဲ့ Official Store က လာမယ့်ရာ သီအတွက် Anthem Jacket အရောင်းေြ ကာ်ငြာမှာ မြန်မာမော်ဒယ် လ်တစ်ဦးဖြစ်တဲ့ မေမြတ်နိုးပါ ဝင်လာခဲ့တယ် လို့ သိရပါတယ်။ ဂျူဗင်တ ပ်စ်အသင်းရဲ့ တရားဝင် Store ဝက်ဘ်ဆိုက်မှာ ဖော်ပြထား တာဖြစ်ပြီး မေမြတ်နိုးဟာ Anthem Jacket ဝတ် ဆင်ပြီး သရုပ်ပြနေ တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
နာမည်ကြီး ဂျူဗင်တပ်စ် အသင်းရဲ့ Anthem Jacket ကြော်ငြာမှာပါဝင်လာတဲ့ မြန်မာမော်ဒယ်လ်မလေး မေမြတ်နိုး
အသက် ၂၂ နှစ်အရွယ် သာရှိသေးတဲ့ မြန်မာမော်ဒ ယ်လ်ဟာ နိုင်ငံတကာ မော်ဒယ်လ်တစ်ဦး အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပြီး ၂၀၁၄ Miss Asia Pacific World မှာ ပါဝင် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ၂၀၁၆ Fourth season of Asia’s Next Top Model ပြိုင်ပွဲမှာ နောက်ဆုံး အဆင့် ၁၄ ဦးစာရ င်းဝင်ခဲ့ပြီး အခြားသော ပြိုင်ပွဲ အရပ်ရပ် တွေမှာလည်း အထိုက်အသင့် အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။
နာမည်ကြီး ဂျူဗင်တပ်စ် အသင်းရဲ့ Anthem Jacket ကြော်ငြာမှာပါဝင်လာတဲ့ မြန်မာမော်ဒယ်လ်မလေး မေမြတ်နိုး
ဂီတ၊ ရုပ်ရှင်ဘ က်တွေမှာလည်း လှုပ်ရှားမှုတွေရှိတဲ့ မေမြတ်နိုးဟာ ပရိသတ်အခိုင် အမာရရှိထား သူဖြစ်ပြီး အခုလိုမျိုး ဂျူဗင် တပ်စ်အသင်းရဲ့ ကြော်ငြာမှာ ပါဝင်ခဲ့လို့ ပရိသတ်တွေ အံ့သြ ခဲ့ရပါတယ်။ နာမည်ကျော် တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို ပါဝင် ကစားနေတဲ့ ဂျူဗင်တပ်စ်အ သင်းဟာ ဥရောပထိပ် သီးအသင်း ဖြစ်ပြီး မြန်မာမော်ဒယ်လ် တစ်ဦးအတွက် မြင့်မားတဲ့ ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။
နာမည်ကြီး ဂျူဗင်တပ်စ် အသင်းရဲ့ Anthem Jacket ကြော်ငြာမှာပါဝင်လာတဲ့ မြန်မာမော်ဒယ်လ်မလေး မေမြတ်နိုး
မေမြတ်နိုးနဲ့အတူ ကြော်ငြာခဲ့တဲ့ Anthem Jacket ဟာ ယူရို ၉၀ တန်ကြေးရှိတယ် လို့လည်း သိရပါတယ်။ ပြိုင်ပွဲမစခင်မှာ ကစား သမားတွေ ဝတ်ဆင်တဲ့ ဂျက်ကတ်ဖြစ်ပြီး မြန်မာငွေ တန်ဖိုးအားဖြင့် ကျပ်တစ်သိန်းရှစ်သောင်းနီးပါး ကျသင့်မှာဖြစ်ပါတယ်။ မေမြတ်နိုးနဲ့အတူ အဆိုပါဂျက်ကတ်ကို ဂျူဗင်တပ်စ် ကစားသမားေ တွကပါ ဝတ်ဆင်ထား ပုံနဲ့အတူ ကလပ်အသင်းက ကြော်ငြာထားတာလည်း ဖြစ်ပါတယ်။
နာမည်ကြီး ဂျူဗင်တပ်စ် အသင်းရဲ့ Anthem Jacket ကြော်ငြာမှာပါဝင်လာတဲ့ မြန်မာမော်ဒယ်လ်မလေး မေမြတ်နိုး
Zawgyi
Credit;
Add a Comment
Your email address will not be published. Required fields are marked *