ဥက္ကဌကြီး ခန့်စည်သူ ကို မထိနဲ့ ဆိုတဲ့ ဦးဝင်းမြိုင်

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌအဖြစ် ရွေးချယ်ခန့်အ ပ်ခြင်းခံလို က်ရတဲ့ အကယ်ဒမီ ခန့်စည်သူ ဖက်ကနေ ကာကွယ် ပြောဆိုေ ပးလို့ ပရိတ်သတ်တွေရဲ့ ဝေဖန်မှု့ေ တွကို ခံနေရတဲ့ဦးဝင်းမြိုင်

ဥက္ကဌကြီး ခန့်စည်သူ ကို မထိနဲ့ ဆိုတဲ့ ဦးဝင်းမြိုင်

၂၀၁၉ ခုနှစ်မှစတ င်ကာ မြန်မာနိုင်ငံ ရုပ်ရှင်အစ ည်းအရုံးဥက္ကဌ တစ်ယောက်အနေနဲ့ တာဝန်ယူဆော င်ရွက်ခဲ့တဲ့ ‌ဒါရိုက်တာဦးညီညီထွန်းလွင်ဟာ ကျန်းမာရေးချို့ယွင်းမှုကြောင့် ရာထူးတာဝန်မှနှုတ်ထွက်သွားခဲ့ပြီးနောက်မှာတော့ လစ်လပ်နေတဲ့ အစည်းအရုံး ဥက္ကဌရာထူးကို မင်းသား ခန့်စည်သူကို ခန့်အပ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ခန့်စည်သူက ယခင်တည်းက ရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင် တစ်ဦးအနေနဲ့ဆောင်ရွက်နေသူလည်းဖြစ်ကာ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ရရှိထားတဲ့ မင်းသားကြီးတစ်ဦးလည်းဖြစ်ပါတယ်။

ဥက္ကဌကြီး ခန့်စည်သူ ကို မထိနဲ့ ဆိုတဲ့ ဦးဝင်းမြိုင်

ခန့်စည်သူက အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်နေတဲ့ ဝါရင့်မင်းသားကြီးတစ်ယောက်လည်းဖြစ်သလို ပရဟိတအလုပ်တွေကိုလည်း တတ်အားသ‌ရွေ့လုပ်နေ‌တဲ့သူတစ်ယောက် အဖြစ် အားလုံးသိထားပြီးသား ဖြစ်ပါတယ်။

အခုတစ်လော အလှူအတန်းတွေအရမ်းလုပ်ပြနေပြီး ပြည်သူ တွေရဲ့ မေတ္တာကိုရယူဖို့ ကြိုးစားနေတာဒီ အတွက် ကြောင့် များ ပါမလားဆိုတာ စဉ်းစားစရာပါပဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေ အနေ တွေနဲ့ပက်သက်ပြီး မသိချင် ယောင် ဆောင် နေခဲ့လို့ခန့်စည်သူက ပရိသတ် တွေ ရဲ့ဝေဖန်မှုကို ခံနေရတဲ့ အနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။

ဥက္ကဌကြီး ခန့်စည်သူ ကို မထိနဲ့ ဆိုတဲ့ ဦးဝင်းမြိုင်

အနုပညာရှင်တွေ အတော်များများ ၅၀၅(က)နဲ့ အမှုဖွင့် အရေးယူခံ ထားရသလို အနုပညာရှင်အချို့လည်းဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေမှာ ရုပ်ရှင် အစည်းအရုံးအနေနဲ့ ခန့်စည်သူကို အမှုဆောင်အားလုံးရဲ့ရွေးချယ်မှုနဲ့ ဥက္ကဌခန့်အပ်ခြင်းဖြစ်တယ်လို့ ကြေငြာလာခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး ဝါရင့်သရုပ်ဆောင်ဦးဝင်းမြိုင်က အခုလို ခန့်စည်သူ ဖက်ကနေ ကာကွယ်ပြောဆိုထားခဲ့ပါသေးတယ်။

ဥက္ကဌကြီး ခန့်စည်သူ ကို မထိနဲ့ ဆိုတဲ့ ဦးဝင်းမြိုင်

“လူရိုသေ ရှင်ရိုသေ ၊image ကောင်းတဲ့လူတဲ့လူကိုရှာရတာမို့ ခန့်စည်သူကို ဥက္ကဌအဖြစ်ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်” ဆိုပြီး ပြောထားတာဖြစ်ပါတယ်။

အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်း ကျန်းမာပျော်ရွှင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

c r d

Add a Comment

Your email address will not be published. Required fields are marked *