မြို့နယ်အချို့ကို အလှည့်ကျစနစ်ဖြင့်လျှပ်စစ် မီးပေးမည် ဟု လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ကြေညာ

ဇွန် ၅ ရက်

၁။ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများ နှင့် စက်မှုဇုန်များတွင် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများ ပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀ကေဗွီ ဓာတ်အားလိုင်းအချို့ကို ပြောင်းလဲချိတ်ဆက်ခြင်းအား မြောင်းတကာဓာတ်အားခွဲရုံတွင် ပြုလုပ်ရန် လိုအပ်လျှက်ရှိပါသည်။

မြို့နယ်အချို့ကိုအလှည့်ကျစနစ်ဖြင့်လျှပ်စစ် မီးပေးမည် ဟု လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ကြေညာ

၂။ ထိုသို့ပြုပြင်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် (၅.၆.၂၀၂၁)ရက်နေ့(၀၀:၀၀)နာရီ မှ (၀၆:၀၀)နာရီအထိ မြောင်းတကာခွဲရုံတွင် ဓာတ်အားပိတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဒုတိယအဆင့်အနေဖြင့် (၁၂.၆.၂၀၂၁) ရက်နေ့တွင် ၂၃၀ကေဗွီ မြောင်းတကာ-ကမာနတ်ဓာတ်အားလိုင်းကို (၀၆:၀၀) နာရီ မှ (၁၇:၀၀) နာရီအထိလည်းကောင်း၊

၂၃၀ကေဗွီ ရွှေတောင်-လှော်ကားဓာတ်အားလိုင်း နှင့် ရွှေတောင်-မြောင်းတကာဓာတ်အားလိုင်းကို (၁၂.၆.၂၀၂၁) ရက်နေ့တို့တွင် (၀၆:၀၀) နာရီ မှ (၁၃.၆.၂၀၂၁) ရက်နေ့ (၁၈:၀၀)နာရီအထိ အသီးသီး ဓာတ်အားပိတ် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ဓာတ်အားပိတ်လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာ၊ ရွှေလင်ပန်း၊ မှော်ဘီ၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း၊ ရွှေပြည်သာ၊ တိုက်ကြီး၊ ဥက္ကံ၊ အေးရွာ၊ ကော့မှူး၊ ဒလ နှင့် တွံ့တေးမြို့နယ်များ၏ နေရာအချို့တို့တွင်လည်ကောင်း

ဧရာဝတီ တိုင်းရှိ ပုသိမ် ရေကြည် ကျိုက်လတ် ဖျာပုံ မအူပင် မြို့များတွင် ခေတ္တဓတ်အားပြတ်တောက်မည် ဖြစ်ပြီး ယင်းဧရိယာများအား အလှည့်ကျစနစ်ဖြင့် ဓတ်အား ဖြန့်ဖြူးမည်ဟု လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ နိုင်ငံပိုင် သတင်းစာများမှတဆင့်ကြေညာခဲ့သည်.

Source;မြန်မာလူထုမီဒီယာ

Add a Comment

Your email address will not be published. Required fields are marked *