ယောကျ်ား က အပြီးတိုင် ရဟန်းဝတ်ခဲ့ရင် မိန်းမ(မယား)ကို ကွာရှင်းဖို့ လိုပါသလား……..

ရဟန်း ဝတ်တယ်ဆိုတာ Renounce လုပ်တာပဲ။ Renounce ဆိုတာ ဘာတွေကို စွန့်လွှတ်ရတုန်းဆို ဆွေမျိုးတွေကို စွန့်လွှတ်ရတယ်၊ ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေကို စွန့်လွှတ်ရတယ်။ ဆွေမျိုးဆိုတဲ့အထဲမယ် ကိုယ့်အိမ်ထောင်ဘက်ကိုလည်း စွန့်လွှတ်ရတယ်။ အဲဒါတွေကို Renounce လုပ်ပြီး ရဟန်းဝတ် ရတာ။ ရှေးခေတ် ထုံးတမ်းစဉ်လာက အဲလို။

သို့သော် အပြီးတိုင် ကွာရှင်းပေးခဲ့သင့်ပါသလားဆိုတဲ့ မေးခွန်းကျတော့ ကွာရှင်းပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ရဟန်းဝတ်လို့ရှိရင် အဓိက,က မိန်းမဆီမှာ ခွင့်မပန်ရဘူး။ မိဘဆီမှာပဲ ခွင့်ပန်ရတယ်။ အမျိုးသမီးက သဘောတူတူ မတူတူ သူက အလိုအလျောက် ရဟန်းဖြစ်သွားရင် ကွာရှင်းပြီးသား ဖြစ်သွားတယ်။ ပိုင်ဆိုင်မှုတွေအားလုံး စွန့်လွှတ်ပြီးသား ဖြစ်သွားတယ်။ ရှေးထုံးစံကို ပြောပြတာပေါ့ နော်။ ဘုရားလက်ထက်က ထုံးစံဆိုရင် အပြီးတိုင်ကွာရှင်းပေးဖို့ဆိုတာ ခုခေတ်လို တရားဝင်ကွာရှင်းခွင့် လုပ်တာမျိုး မရှိဘူး။ သူ သင်္ကန်းဝတ်သွားတာနဲ့တပြိုင်နက် ကွာရှင်းပြီးသား ဖြစ်သွားပြီ။ အဲသလို ဆိုလိုတယ်။

ကွာရှင်းခွင့်မပေးဘဲ ရဟန်းဘောင်ထဲဝင်သွားရင် အကြင်လင်မယားအဖြစ် အရာရောက်နေဆဲလား? ဆိုတော့ လင်မယားလို သွားနေရင်တော့ ဘုန်းကြီးဘဝက စွန့်လွှတ်ရမယ်။ မကျူးလွန်ရင်တော့ နေလို့ရတယ်။ မြတ်စွာဘုရား တောထွက်တရားကျင့်တော့ ယသောဓရာနဲ့ သူ ကွာရှင်းခဲ့တာမှ မဟုတ်ဘဲ။ သို့သော်လည်း မပတ်သက်ဘူးဆိုတာ သိသွားပြီလေ။

– ချန်ထားခံခဲ့ရတဲ့ အမျိုးသမီးတွေကျတော့ နောက်ထပ် အိမ်ထောင်ပြုလို့ ရပါသလားဘုရား။

ရတယ် ရတယ်… အမျိုးသမီးတွေမှာ အိန္ဒိယထုံးစံအရ ပြောရမယ်ဆိုရင် သူတို့မှာ သားယောကျ်ားထွန်းကားမှ ယောကျ်ားရဲ့အမွေကို ခံယူခွင့်ရှိတယ်။ သားယောကျ်ား မထွန်းကားရင် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ အိမ်ပေါ်က ဆင်းရတယ်။ ဘာမှ ပိုင်ဆိုင်ခွင့် မရှိဘူး။ သားယောကျ်ားထွန်းကားရင် သားယောကျ်ားကိုအကြောင်ပြုပြီး အမွေခံလို့ ရတယ်။ ဒါ အိန္ဒိယရဲ့ ထုံးတမ်းစဉ်လာပဲ။

ဒါကြောင့်မို့လို့ သား မထွန်းကားဘူးဆိုရင် သူတို့ဘဝအတွက် တအားစိုးရိမ်ကြတယ်။ ခုခေတ်ကတော့ အဲလို မရှိတော့ပါဘူး။ အနောက်တိုင်းကဆို တအားဆိုးသေး… ကွာရှင်းရင် ယောကျ်ားက အများကြီးလျော်ရတယ်။ လူမှုနဲ့သက်ဆိုင်တယ်။ ဘာသာနဲ့ မသက်ဆိုင်ဘူး ဒါတွေက နော်။

Zawgyi

ရဟန္း ဝတ္တယ္ဆိုတာ Renounce လုပ္တာပဲ။ Renounce ဆိုတာ ဘာေတြကို စြန႔္လႊတ္ရတုန္းဆို ေဆြမ်ိဳးေတြကို စြန႔္လႊတ္ရတယ္၊ ကိုယ္ပိုင္တဲ့ပစၥည္းဥစၥာေတြကို စြန႔္လႊတ္ရတယ္။ ေဆြမ်ိဳးဆိုတဲ့အထဲမယ္ ကိုယ့္အိမ္ေထာင္ဘက္ကိုလည္း စြန႔္လႊတ္ရတယ္။ အဲဒါေတြကို Renounce လုပ္ၿပီး ရဟန္းဝတ္ ရတာ။ ေရွးေခတ္ ထုံးတမ္းစဥ္လာက အဲလို။

သို႔ေသာ္ အၿပီးတိုင္ ကြာရွင္းေပးခဲ့သင့္ပါသလားဆိုတဲ့ ေမးခြန္းက်ေတာ့ ကြာရွင္းေပးသည္ျဖစ္ေစ မေပးသည္ျဖစ္ေစ ရဟန္းဝတ္လို႔ရွိရင္ အဓိက,က မိန္းမဆီမွာ ခြင့္မပန္ရဘူး။ မိဘဆီမွာပဲ ခြင့္ပန္ရတယ္။ အမ်ိဳးသမီးက သေဘာတူတူ မတူတူ သူက အလိုအေလ်ာက္ ရဟန္းျဖစ္သြားရင္ ကြာရွင္းၿပီးသား ျဖစ္သြားတယ္။ ပိုင္ဆိုင္မႈေတြအားလုံး စြန႔္လႊတ္ၿပီးသား ျဖစ္သြားတယ္။ ေရွးထုံးစံကို ေျပာျပတာေပါ့ ေနာ္။ ဘုရားလက္ထက္က ထုံးစံဆိုရင္ အၿပီးတိုင္ကြာရွင္းေပးဖို႔ဆိုတာ ခုေခတ္လို တရားဝင္ကြာရွင္းခြင့္ လုပ္တာမ်ိဳး မရွိဘူး။ သူ သကၤန္းဝတ္သြားတာနဲ႕တၿပိဳင္နက္ ကြာရွင္းၿပီးသား ျဖစ္သြားၿပီ။ အဲသလို ဆိုလိုတယ္။

ကြာရွင္းခြင့္မေပးဘဲ ရဟန္းေဘာင္ထဲဝင္သြားရင္ အၾကင္လင္မယားအျဖစ္ အရာေရာက္ေနဆဲလား? ဆိုေတာ့ လင္မယားလို သြားေနရင္ေတာ့ ဘုန္းႀကီးဘဝက စြန႔္လႊတ္ရမယ္။ မက်ဴးလြန္ရင္ေတာ့ ေနလို႔ရတယ္။ ျမတ္စြာဘုရား ေတာထြက္တရားက်င့္ေတာ့ ယေသာဓရာနဲ႕ သူ ကြာရွင္းခဲ့တာမွ မဟုတ္ဘဲ။ သို႔ေသာ္လည္း မပတ္သက္ဘူးဆိုတာ သိသြားၿပီေလ။

– ခ်န္ထားခံခဲ့ရတဲ့ အမ်ိဳးသမီးေတြက်ေတာ့ ေနာက္ထပ္ အိမ္ေထာင္ျပဳလို႔ ရပါသလားဘုရား။

ရတယ္ ရတယ္… အမ်ိဳးသမီးေတြမွာ အိႏၵိယထုံးစံအရ ေျပာရမယ္ဆိုရင္ သူတို႔မွာ သားေယာက်္ားထြန္းကားမွ ေယာက်္ားရဲ႕အေမြကို ခံယူခြင့္ရွိတယ္။ သားေယာက်္ား မထြန္းကားရင္ အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႕ပဲ အိမ္ေပၚက ဆင္းရတယ္။ ဘာမွ ပိုင္ဆိုင္ခြင့္ မရွိဘူး။ သားေယာက်္ားထြန္းကားရင္ သားေယာက်္ားကိုအေၾကာင္ျပဳၿပီး အေမြခံလို႔ ရတယ္။ ဒါ အိႏၵိယရဲ႕ ထုံးတမ္းစဥ္လာပဲ။

ဒါေၾကာင့္မို႔လို႔ သား မထြန္းကားဘူးဆိုရင္ သူတို႔ဘဝအတြက္ တအားစိုးရိမ္ၾကတယ္။ ခုေခတ္ကေတာ့ အဲလို မရွိေတာ့ပါဘူး။ အေနာက္တိုင္းကဆို တအားဆိုးေသး… ကြာရွင္းရင္ ေယာက်္ားက အမ်ားႀကီးေလ်ာ္ရတယ္။ လူမႈနဲ႕သက္ဆိုင္တယ္။ ဘာသာနဲ႕ မသက္ဆိုင္ဘူး ဒါေတြက ေနာ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး

အရွင္ေခမိႏၵ ၏ Facebook စာမ်က္ႏွာမွ ကူးယူေဖာ္ျပပါသည္။

သုဝဏၰသွ်မ္ စာဖတ္သူတစ္ေယာက္၏ မွတ္စုမ်ား

Add a Comment

Your email address will not be published. Required fields are marked *