ဂျာမနီနိုင်ငံ ဖရန့်ဖို့လေဆိပ်မှာ စုစုပေါင်း ၃၈ ရက်ကျော် အချုပ်ကျနေခဲကြောင်း ကိုယ်တိုင်ပြောပြလာတဲ့ မရတ်ကျော်သူ

မပြောချ င်ဆုံး အကြောင်း အရာကို ပြောပါဆိုရင် ကျေ နာ့်အကြောင်းပါပဲ။ သတင်းသ မားက သတင်းအကြောင်း မပြောဘဲ သူ့အကြောင်း သူပြောနေရင် တကယ့် သတင်းဖြစ်ရပ်ေ တွအတွက် အင်မတန် အားနာ စရာကောင်းလို့ပါ။ ဒါပေမယ့် ပြောရေးရှိလို့ ပြောရေ တာ့မှာပါ။ (အသက်စွန့်ပြီး တိုက်ပွဲဝင်ေ နသူတွေအနေနဲ့ ဒီစာ ကို အချိန်ကုန်ခံ ဖတ်စရာမလိုပါ)

ကျနော့်ကို ယုံကြည်ပြီး သတင်းစောင့်ဖ တ်ကြသူတွေ၊ သတင်းမှား၊ သတင်းမှန် အတည်ပြုခို င်းကြသူတွေကို တောင်းပန်ကြောင်း ပထမဆုံး အနေနဲ့ ပြောလိုပါတယ်။ တကယ် အရေးကြီးနေတဲ့အ ချိန်တွေမှာ ကျနော် သတင်းတွေ မရေးနိုင်၊ သတင်းတွေ အတည်မပြုပေးနိုင်ခဲ့လို့ပါ။

ဧပြီ ၂၃ ရက်ကနေ မေ ၃၁ ရက်နေ့ထိ ဂျာမနီနိုင်ငံ ဖရန့်ဖို့လေဆိပ်မှာ ကျနော် ‘အချုပ်’ ကျနေခဲ့ပါတယ်။ စုစုပေါင်း ၃၈ ရက်ကျော် အချုပ်ကျခဲ့တာမှာ ပထမ ၁၀ ရက်က တကယ့်အ ကျဉ်းသားလို နေခဲ့ရပါတယ်။ ဆီးရီးယား၊ အီရန်၊ အီရတ်၊ အာဖဂန်နစ္စတန်၊ တူရကီ၊ ဆားဘီးယားနဲ့ အီရီထရီးယား၊ အီသီယိုးပီးယားလို အာဖရိကနိုင်ငံတွေက ဂျာမနီမှာ လာပြီး ခိုလှုံခွင့်တောင်းသူတွေနဲ့အတူ အချုပ် ကျနေခဲ့တာပါ။

ဂျာမနီနိုင်ငံ ဖရန့်ဖို့လေဆိပ်မှာ စုစုပေါင်း ၃၈ ရက်ကျော် အချုပ်ကျနေခဲကြောင်း ကိုယ်တိုင်ပြောပြလာတဲ့ မရတ်ကျော်သူ

လေဆိပ်ကို ရောက်ကတည်းက အဝတ်အစားက လွဲပြီး ပိုင်ဆိုင်သမျှပစ္စည်းအားလုံးကို ဂျာမန်ရဲက သိမ်းထားခဲ့ပါတယ်။ ထိုင်းက မိတ်ဆွေတယောက် ဝယ်ပေးလိုက်တဲ့ ဖူကူယားမားရဲ့ အိုင်ဒင်တတီ စာအုပ်ကိုပဲ ထပ်တလဲလဲ ဖတ်ဖြစ်ခဲ့တယ်။

၁၀ ရက်နေပြီးတဲ့အချိန်မှာ စာကြည့်တိုက်ကနေ စာအုပ်ငှါးခွင့်ရပါတယ်။ စာအုပ်အများစုက ‘လေလွင့်သူ’ တို့၊ ‘မျှော်တလင့်လင့်’ တို့၊ ဂျွန်အာဗင် နဲ့ ဂျွန်ဂရစ်ရှမ် တို့ရဲ့ စာအုပ်တွေသာ များပါတယ်။ အိပ်ရတာက ဟောလိဝုဒ်ရုပ်ရှင်တွေထဲက ထောင်တွေမှာလို နှစ်ဆင့်အိပ်စင်မှာ အပေါ် အောက် ၂ ယောက်နဲ့ တခန်းမှာ ၄ ယောက် အိပ်ရတာပါ။

ပြောရရင် ထောင်ပါပဲ။ ဘာမှ လုပ်ခွင့်မရှိပါဘူး။ မနက်စာစား၊ နေ့လယ်စာစား၊ ညစာစား၊ ကြားချိန်မှာ ထိုင်၊ မထိုင်ရင် အိပ်။ ၁၅ ပေ၊ ပေ ၅၀ လောက်ကျယ်တဲ့ ပန်းခြံအသေးလေးထဲ လမ်းလျှောက်လို့ရတယ်။ နံရံမှာ ချိတ်ထားတဲ့ အများသုံးဖုန်းကို ကိုယ့်နာမည်နဲ့ ဖုန်းလာရင် လုံခြုံရေးက လာခေါ်ပါတယ်။ ဒါပါပဲ။ အဲ့ဒီမှာ ခိုလှုံခွင့်မရဘဲ သူတို့နိုင်ငံကို ပြန်ပို့မယ်လို့ ဆုံးဖြတ်ချက်ချခံရတဲ့ တူရကီနှစ်ယောက်ဆို ကိုယ့်ဘာသာ ဆွဲကြိုးချတဲ့ထိ ဖြစ်ခဲ့ပါတယ်။ သေတော့ မသေပါဘူး။

တကယ်က ကျနော် နယ်စပ်ကို ဖြတ်ပြီး ထိုင်းကို ရောက်ခဲ့ချိန်မှာ ကူညီပေးသူတွေက တဆင့် စပိန်ဗီဇာ ရခဲ့ပါတယ်။ ၁၀ ရက်ကျော်ကြာ ဘန်ကောက်မှာ နေပြီး ဘန်ကောက်-ဖရန့်ဖို့-မက်ဒရက် လေယာဉ်လက်မှတ်ရပါတယ်။ ဒါပေမယ့် ကူညီပေးသူတွေရဲ့ အကြံပေးချက်အရ မက်ဒရက်အထိ မသွားဘဲ ဂျာမနီ ဖရန့်ဖို့မှာ ခိုလှုံခွင့်တောင်းဖို့ပါပဲ။ ဆိုလိုတာက ယူအက်စ်သွားမယ်၊ ဥရောပ သွားမယ်ဆိုတာ ကိုယ့်ဘာသာ ရွေးချယ်ခွင့်ရှိတာ မဟုတ်ပါ။ ကူညီပေးသူတွေရဲ့ လမ်းညွှန်ချက်အရသာ လိုက်လျှောက်ရတာပါ။

စပိန်ကို မသွားဘဲ ဂျာမနီမှာ ဘာကြောင့် ခိုလှုံခွင့် တောင်းရသလဲဆိုရင် ကူညီပေးကြသူတွေရဲ့ အကြံပေးချက်အရ ဂျာမနီဟာ ဥရောပနိုင်ငံတွေထဲမှာ ဒုက္ခသည်အရေးနဲ့ ပတ်သက်လာရင် စနစ်အကျဆုံးနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဂျာမနီနိုင်ငံ ဖရန့်ဖို့လေဆိပ်မှာ စုစုပေါင်း ၃၈ ရက်ကျော် အချုပ်ကျနေခဲကြောင်း ကိုယ်တိုင်ပြောပြလာတဲ့ မရတ်ကျော်သူ

ဖရန့်ဖို့ လူဝင်မှုမှာ ခိုလှုံခွင့်တောင်းခဲ့ပါတယ်။ ဂျာမနီ လူဝင်မှုရဲ့ ပထမဆုံး အဖြေက ဂျာမနီနိုင်ငံထဲ ဝင်ခွင့်မပြုပါဘူး။ အကြောင်းပြချက်က စပိန်ဗီဇာ ဖြစ်နေလို့ပါ။ ဥရောပနိုင်ငံတွေအတွက် ဒုက္ခသည်အရေးဆိုင်ရာကိစ္စတွေကို ဆုံးဖြတ်ရာမှာ ဒဗ္ဗလင် ဥပဒေအရ ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီဥပဒေအရ ဗီဇာကို ထုတ်ပေးလိုက်တဲ့ နိုင်ငံကသာ အဲ့ဒီဒုက္ခသည်ကို လက်ခံရတာပါ။ ဒီကိစ္စကိုလည်း ရုံးချိန်း ၃ ကြိမ်တက်ပြီးမှ အကြေအလည် သိရ၊ နားလည်ရတာပါပဲ။ တကယ်လို့ ဂျာမန်ဗီဇာနဲ့ လာရင်တော့ အဖြေပြောင်းသွားနိုင်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ ရှေ့နေငှါးပြီး လျှောက်လဲချက် တင်နိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။ ဘာလင်မှာနေတဲ့ သူငယ်ချင်းရဲ့ အကူအညီနဲ့ ရှေ့နေရပါတယ်။ ခိုလှုံခွင့်အရေးတွေ ကူညီနေသူ ‘ပရိုဘိုနို’ ရှေ့နေ့တစ်ဦးပါ။ သူလည်း အစွမ်းကုန် ကူညီ၊ လျှောက်လဲချက်တင်ပေမယ့် ပထမအကြိမ် ရုံးချိန်းမှာတင် ငြင်းခံရပါတယ်။ နောက်ထပ် ၂ ပတ် ထပ်စောင့်၊ လျှောက်လဲချက် ထပ်တင်၊ ငြင်းခံရ၊ နောက်တကြိမ် ထပ်တင်နဲ့ အားလုံး တစ်လကြာသွားပါတယ်။ အဖြေက ‘နိုး’ ပါပဲ။

ဒီကြားထဲ မေ ၂၇ ရက်နေ့မှာ ဂျာမနီနိုင်ငံ၊ မြန်မာ အင်စတီကျုက စီစဉ်တဲ့ ပွဲတခုမှာ ဇွန်းမ်ကနေ စကားပြောဖို့ ဖိတ်ခံရပါတယ်။ တကယ်တော့ ဧပြီ ၂၃ ရက်နေ့က ဂျာမနီကိုရောက်ပြီး မေ ၂၇ ရက်လောက်ဆိုရင် အစိုးရက လက်ခံလောက်ပြီဆိုတဲ့ မှန်းဆချက်နဲ့ ဒီပွဲမှာ စကားပြောဖို့ အစောကြီးကတည်းက ဖိတ်ခံထားရတာပါ။ ဒါပေမယ့် မေ ၂၇ ရက်ထိ ဂျာမန်အစိုးရက လက်မခံတော့ အချုပ်ကျနေတဲ့နေရာကပဲ ဇွန်းမ်ကနေ စကားပြောဖို့ အကြောင်းဖန်လာပါတယ်။

ပြဿနာက ကိုယ်ပိုင်ဖုန်းလည်း သုံးလို့မရ၊ ကွန်ပျူတာလည်းသုံးလို့မရတာပါ။ ဒါကြောင့် ကျနော့်ကို ထိန်းသိမ်းထားတဲ့နေရာမှာ လူမှုကူညီရေး လုပ်နေတဲ့ ပရိုတက်စ်တင့်ဘုရားကျောင်းက လူတွေကို အကူညီတောင်းရပါတယ်။ သူတို့က “လုံးဝ အရေးကြီးလာရင်တော့ ဖုန်းနဲ့ ကွန်ပျူတာ သုံးနိုင်တယ်” လို့ ဆိုပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်ကွန်ပျူတာနဲ့ ဖုန်း မဟုတ်ဘဲ သူတို့ပေးတဲ့ ကွန်ပျူတာနဲ့ ဖုန်းကိုပဲ သုံးရမှာပါ။

ဒါကြောင့် သူတို့ဆီက အီးမေးတောင်း၊ မြန်မာအင်စတီကျုက သူတို့ဆီကို ဇွန်းမ်လင့် ပို့၊ တစ်နာရီ အချိန်ပေးပါတယ်။ သူတို့ကွန်ပျူတာနဲ့ သူတို့စောင့်ကြည့်နေပြီး ဇွန်းမ်မှာ ပန်နယ်လစ်အနေနဲ့ ကျနော် စကားပြောခွင့် ရခဲ့ပါတယ်။ ကြားထဲမှာ ဂျာမန်သတင်းစာ တစောင်နဲ့ ကျန်သတင်းဌာန ၃၊ ၄ ခုက ဖုန်းကနေတဆင့် အင်တာဗျူးခဲ့ပြီး ကျနော့်အကြောင်း သတင်းတွေ ရေးခဲ့ကြတာပါ။

ဂျာမနီနိုင်ငံ ဖရန့်ဖို့လေဆိပ်မှာ စုစုပေါင်း ၃၈ ရက်ကျော် အချုပ်ကျနေခဲကြောင်း ကိုယ်တိုင်ပြောပြလာတဲ့ မရတ်ကျော်သူ

အများဆုံး မေးကြတဲ့ မေးခွန်းတွေထဲ “ဘာကြောင့် နိုင်ငံက ထွက်လာရတာလဲ” ဆိုတာပါပဲ။ မတ် ၁၁ ရက်နေ့မှာ ရန်ကုန်က ကျနော်နေတဲ့ လမ်းထဲကို တပ်မ ၇၇ ရောက်လာခဲ့ပါတယ်။ ဒီမတိုင်ခင်ကတော့ ရန်ကုန်မှာ တတ်နိုင်သမျှ လှည့်လည်ပြီး နေဦးမယ်လို့ ဆုံးဖြတ်ထားပေမယ့် ရန်ကုန်ကနေ ခွါဖို့ ပြင်ရပါတော့တယ်။ ဧပြီ ၅ မှာ ကျနော့်ကို ဖမ်းဝရမ်းထုတ်ပါတယ်။

သတင်းထောက်ဟာ အသက်ရှင်နေမှ သတင်းရေးလို့ရပါတယ်။ သတင်းထောက်ဟာ လွတ်လပ်နေစဉ်မှာ သတင်းရေးလို့ ရနေပေမယ့် ထောင်ကျသွားရင်၊ အသတ်ခံလိုက်ရရင်တော့ သတင်းမရေးနိုင်တော့ပါဘူး။ နောက်တစ်ခု ရှိပါသေးတယ်…

ထိုင်း မြန်မာ နယ်စပ်မှာ ရှိနေစဉ်က အသက်ရှင်နေရင် ပြီးရော မဟုတ်လား၊ အင်တာနက်ရရင် သတင်းရေးလို့ ရတယ်မလား ဆိုပြီး အတွေးတခု ရှိခဲ့ပါတယ်။ ဘယ်အချိန်ထိ အဲ့ဒီလိုအခြေအနေမှာ သတင်းအလုပ် ဆက်လုပ်နိုင်မလဲဆိုတာ စဉ်းစားကြည့်တော့ မသေချာပါဘူး။ နောက်တခုက ကိုယ့်ကို လက်ခံထားတဲ့၊ အတိအကျဆိုရရင် ထမင်းတင်ကျွေး၊ အိပ်စရာပေးထားတဲ့လူကို စဉ်းစားရတာပါပဲ။ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နောက်ဆုံး စဉ်းစားချက်က လုံခြုံမှုပေးနိုင်တဲ့ နိုင်ငံတခုခုကနေ ကျနော် သတင်းတွေ ဆက်ရေးနေဖို့ပါပဲ။

ဇွန် ၁ ရက်နေ့မှာ စပိန်နိုင်ငံ မက်ဒရက်ကို ရောက်ပါတယ်။ ဒုက္ခသည်အနေနဲ့ ခိုလှုံခွင့်ပြုဖို့ မျှော်လင့်ချက်အများကြီးရှိပေမယ့် ဥပဒေကြောင်းအရ ကြိုးစားရဦးမှာပါ။ ဒါက ခိုလှုံခွင့်ပဲ ရှိပါသေးတယ်။ ခု စ ရောက်နေတဲ့ ပထမ ရက်တွေမှာတော့ ခတ္တခဏနေထိုင်စရာ အတွက် ကျနော် ကြိုးစားရဦးမှာပါ။ ပြီးရင် အနည်းငယ် အခြေတကျရှိသွားရင်တော့ သတင်းတွေ ရေးနိုင်ပါပြီ။

ဘဝတလျှောက်လုံး သတင်းရေးခြင်း စာရေးခြင်းနဲ့ပဲ အသက်မွေး ဝမ်းကျောင်းခဲ့ပါတယ်။ ကျနော်က ဒီအလုပ်ကို ချစ်သလို ဒီအလုပ်ရဲ့ အကျိုးသက်ရောက်မှုနဲ့ ဖြစ်တည်မှုကိုလည်း စွဲစွဲမြဲမြဲယုံကြည်သူတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နေရာ ဘယ်အခြေအနေပဲ ရောက်ရောက် ကျနော်ယုံကြည်ရာကိုပဲ ဆက်လုပ်နေဦးမှာပါ။

Add a Comment

Your email address will not be published. Required fields are marked *