ဖေ့ဘုတ်ပေါ် က အထောက်အထားတွေ ကို အဓိက ကိုးကား၍ တရားစွဲဆိုခံ ထားရ တယ်ဆိုတဲ့ ပိုင်တံခွန်နဲ့ ရဲတိုက်..

အင်းစိန်ေ ထာင်မှာ ဖမ်းဆီးခံနေရတဲ့ သရုပ်ဆော င် ရဲတိုက်နဲ့ မော်ဒယ်ပို င်တံခွန်တို့ကို စစ်ကောင် စီက ဖေ့စ်ဘွတ်ခ်နဲ့ မီဒီယာတွေပေါ်က အထောက် အထားတွေနဲ့ တရားစွဲထားတာဖြစ်ပြီး တရားလို ကိုစစ်ပြီးမှ အာမခံလျှော က်မယ်လို့ သူတို့ရဲ့ဥပဒေအကြံပေးက ပြောပါတယ်။

ဖေ့ဘုတ်ပေါ် က အထောက်အထားတွေ ကို အဓိက ကိုးကား၍ တရားစွဲဆိုခံ ထားရ တယ်ဆိုတဲ့ ပိုင်တံခွန်နဲ့ ရဲတိုက်..

သရုပ်ဆောင်ရဲတိုက်ကို လသာရဲစခန်းက ပုဒ်မ ၅၀၅(က) ၊ မရမ်းကုန်းရဲစခန်းက မူးယစ်ပုဒ်မ ၁၆(ဂ)တို့နဲ့ တရားစွဲ ထားတာြ ဖစ်ပါတယ်။

သရုပ်ဆောင် ပိုင်တံခွန်ကိုတော့ မြောက် ဒဂုံရဲစခန်းက ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲထားပါတယ်။ သူတို့နှစ်ဦးစလုံးရဲ့ အမှုတွေကို စတင် စွဲဆိုခဲ့တဲ့ မေလ ၄ ရက်နေ့ကနေ ရက်ပေါင်း ၁၈၀ အတွင်းအပြီးစ စ်ဆေးသွားဖို့ရှိတယ်လို့ သူတို့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးခင်မော င်မြင့်က ပြောပါတယ်။

“အမှုသွားအမှုလာ အနေအ ထားကတော့ ကိုပိုင်တံခွန်က အပြင်မှာ ဆောင်ရွက်ေ နတာတွေထက် ဖေ့စ်ဘွတ်ခ်ပေါ် တင်ထားတာတွေအပေါ် မူတည်ပြီးစွဲထားတာဖြစ်တဲ့အတွက် သိပ်ပြင်းပြင်းထန်ထန်မရှိဘူး။

ဖေ့ဘုတ်ပေါ် က အထောက်အထားတွေ ကို အဓိက ကိုးကား၍ တရားစွဲဆိုခံ ထားရ တယ်ဆိုတဲ့ ပိုင်တံခွန်နဲ့ ရဲတိုက်..

ကိုရဲတိုက်အ မှုကလည်း သူကိုယ်တိုင်ဆော င်ရွက်ခဲ့တာထက် မီဒီယာပေ ါ်မှာတ င်ထားတဲ့ အင်တာဗျူးတစ်ခုအပေါ်မှာ မူတည်ပြီး စွဲထားတာဖြစ်တဲ့အတွက် သိပ်ပြင်းပြင်းထန်ထန်မရှိဘူး။

ဖေ့ဘုတ်ပေါ် က အထောက်အထားတွေ ကို အဓိက ကိုးကား၍ တရားစွဲဆိုခံ ထားရ တယ်ဆိုတဲ့ ပိုင်တံခွန်နဲ့ ရဲတိုက်..

တခုရှိတာက စိတ်ကြွစိတ်ပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စ ည်းတွေနဲ့ပတ်သက်ပြီး စွဲထားတဲ့ အမှုကတော့ အာရုံနည်းနည်းစိုက်ပြီး လိုက်ရမယ်။ အာမခံက တင်ရင်လည်း သူတို့ကလက်ရှိမှာ ကျန်းမာရေးကကောင်းနေတယ်။ အထူးတရားရုံးမှာ တင်သမျှအမှု အားလုံးကို အာမခံမပေးဘူး။ လတ်တလော တင်ရင်ပယ်မယ့် အတူတူတ ရားလိုကိုစစ်ပြီးမှာ အမှုက ခိုင်ခိုင်မာမာ မရှိဘူးဆိုရင် ဘယ်လိုအမှုမျိုးမဆို အာမခံတင်လို့ရတဲ့အပေါ်မူတည်ပြီး အာမခံလျှောက်ထားပါမယ်”

သရုပ်ဆောင်ရဲတိုက်နဲ့ပိုင်တံခွန်တို့ကို အင်းစိန်ထောင် သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။

သူတို့ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး သရုပ်ဆောင်ရဲတိုက်ကို ဇွန်လ ၁ ရက်နဲ့ ၃ ရက်နေ့ သရုပ်ဆောင်ပိုင်တံခွန်ကိုတော့ ဇွန်လ ၉ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ပါတယ်။

ဖေ့ဘုတ်ပေါ် က အထောက်အထားတွေ ကို အဓိက ကိုးကား၍ တရားစွဲဆိုခံ ထားရ တယ်ဆိုတဲ့ ပိုင်တံခွန်နဲ့ ရဲတိုက်..

“အင်းစိန်ထောင် သီးသန့်ဆောင်မှာထားတယ်။ အဆောင်နံပတ်တော့မသိဘူးဗျ။ အားလုံးအတူတူထားတာ တော့မဟုတ်လောက်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ခွဲထားကြလိမ့်မယ်။ အထဲမှာ ၅၀၅(က) နဲ့စွဲထားတာက လေးထောင်လောက်ရှိတော့ အဆောင်တွေတော့ ကွဲကြလိမ့်မယ်ထင်တယ်။” လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

သရုပ်ဆောင်ရဲတိုက် ကို ဧပြီ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံးမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပိုင်တံခွန်ကိုတော့ ဧပြီ ၈ ရက် နေ့က မြောက်ဒဂုံက သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖေ့ဘုတ်ပေါ် က အထောက်အထားတွေ ကို အဓိက ကိုးကား၍ တရားစွဲဆိုခံ ထားရ တယ်ဆိုတဲ့ ပိုင်တံခွန်နဲ့ ရဲတိုက်..

သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့သုံးဦးကိုတော့ မေလ ၂၇ရက်နေ့က ကျောက်တံတား ရဲစခန်းကနေ ကျောက်တံတားတရားရုံးကို ပုဒ်မ ၅၀၅(က)နဲ့ အမှုစွဲတင်ထားပါတယ်။ သူတို့သုံးယောက်ကို လည်း အင်းစိန်ထောင် သီးသန့်ဆောင်မှာပဲ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

crd ; DVB

Add a Comment

Your email address will not be published. Required fields are marked *