ကျော်ကြီးဟာ… သူ့ချစ်သူ အိချောပိုရဲ့ ဖခင် ဦးပန်နဲ့ ပထမဆုံးအကြိမ်သွားရောက်တွေ့ဆုံခဲ့ပါတယ်…..

အိချောပိုရဲ့ ဖခင်… ဦးပန်ဒိုရာကြီးဟာ သားမက်လောင်းဖြစ်သူ ကျော်ကြီးကို ဧည့်ခန်းထဲမှာစကားပြောဖို့လာရင်း ဧည့်ခန်းထဲမှာ ယင်ကောင်တစ်ကောင်တွေ့လိုက်တာနဲ့…

🥸” ဟဲ့ မိစုရေ… ဧည့်ခန်းထဲမှာ ယင်ကောင်တစ်ကောင် ဝင်နေတယ်… နင်တို့မတွေ့ကြဘူးလား … အင်းဆက်ကေလာဗူး ယူလာခဲ့စမ်း ” လို့ ပြောလိုက်ပါတယ် ။

🤠အဲဒီအခါမှာ… ကျော်ကြီးက အင်မတန်တည်ကြည်လေးနက်တဲ့ မျက်နှာပေးနဲ့

🧓” ယင်ကောင်ကို မသတ်ပါနဲ့ အန်ကယ်ကမ္ဘာပေါ်မှာ ယင်ကောင်တွေမျိုးတုံးသွားတဲ့နေဟာ… လူသားမျိုးနွယ်မျိုးတုံးတဲ့နေ့ပဲလို့… အိုင်စတိုင်းက ပြောဖူးတယ် ” လို့ဝင်ပြောလိုက်တယ် ။

🤠ဦးပန်ဒိုရာရဲ့ မျက်နှာကြီးရှုံ့မဲ့သွားပြီး …

🥸” ဒါဆို ယင်ကောင်က အိမ်ထဲမှာ တဝီဝီလုပ်နေတာကို ဒီအတိုင်းထိုင်ကြည့်နေရမှာလား…” လို့ပြန်မေးလိုက်တော့…

ကျော်ကြီးဟာ ရင်ဘတ်ကိုကော့ပြီး ပိုင်နိုင်တဲ့လေသံနဲ့…

🧓” အသိဉာဏ် နည်းသူဟာလက်စားချေတယ် ။အသိဉာဏ် အားကောင်းသူကခွင့်လွှတ်တယ် ။အသိဉာဏ် ကြွယ်ဝသူက မသိကျိုးကျင်ပြုလိုက်တယ်… လို့အိုင်စတိုင်းက ပြောခဲ့ပါတယ် အန်ကယ်မသိကျိုးကျင်ပြုလိုက်ပါ အန်ကယ် ” လို့ထပ်ပြီး အထွန့်တက်လိုက်တော့…

🤠ဦးပန်ဒိုရာကြီးဟာ မျက်နှာမည်းမည်းကြီးပါ ညိုပုတ်လာပြီး…

🥸” လခွမ်းတဲ့မှာပဲ… ယင်ကောင်တဝီဝီလုပ်နေတာကို မသိကျိုးကျင်မနေနိုင်ရင် ငါက အသိဉာဏ် မကြွယ်ဝသူဖြစ်ရအုန်းမယ်… မတရားဘူးကွ “လို့ပြောတော့…

ကျော်ကြီးက မထိတထိပြုံးလိုက်ရင်း …

🧓” ကမ္ဘာကျော်သန်းကြွယ်သူဌေးကြီး ဘေလ်ဂိတ်က ပြောဖူးတယ် အန်ကယ်လောကကြီးက မမျှတဘူး…ဒါကို လက်ခံနိုင်ရမယ်…တဲ့ “လို့လည်းပြောလိုက်ရော ဦးပန်ဒိုရာကြီးဟာ စိတ်တိုလွန်းလို့ အသံတောင်တရှူးရှူးမြည်နေသတဲ့… ။

🤠ရှေ့က ရေခွက်ကို ဂွပ်ကနဲမာ့သောက်ပြီး သက်ပြင်းကို ဟူးကနဲမှုတ်ထုတ်လိုက်ပြီး…

🥸” ထားလိုက်ပါတော့ကွာ…ခု မောင်ရင်က… လမ်းထိပ် ဘတ်စကားမှတ်တိုင်ကနေ အန်ကယ်တို့အိမ်ကို လမ်းလျောက်လာတာလား… နည်းနည်းတော့ လှမ်းတယ်ကွ “လို့ ပဋိသန္တာရစကားပြောလိုက်တယ် ။

🧓” ရပါတယ်…အန်ကယ် အမေရိကန် သမ္မတလင်ကင်းန် ပြောဖူးသလိုပါပဲ…ကျနော်ဟာလမ်းလျောက်နှေးသူဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမယ့်သေချာတာတစ်ခုကတော့ ဘယ်တော့မှ နောက်ပြန်လှည့်မယ့်သူမဟုတ်ဖူးဆိုတာပါပဲ… ”

🥸” တောက်… ငါ့သမီးနှယ် ကြိုက်စရာရှားလို့ ဒီလိုဝမ်းတွင်းရူးကိုမှ ကြိုက်ရတယ်လို့ကွာ… ထားလိုက်ပါတော့ကွာ… သူ့ကြမ္မာပေါ့

🥸ဒါနဲ့ မောင်ရင့် မိဘဘိုးဘွားများက ဘယ်သူတွေများလဲကွယ့်… ”

🧓” သမ္မတကြီးလင်ကင်းန်က ပြောဖူးပါတယ်အန်ကယ်…ကျွန်ုပ်ရဲ့ အဖိုးဘယ်သူဆိုတာ ကျနော်မသိပါ။ကျွန်ုပ်ရဲ့မြေးဟာ ဘယ်လိုလူစားဖြစ်ရမယ်ဆိုတာကိုသာ ကျွန်ုပ်ပိုပြီးစိတ်ဝင်စားပါတယ် … တဲ့ အန်ကယ် ”

🥸” ငိုးမသားလေး… ငါ မျက်နှာကို ပိတ်ထိုးမိတော့မယ်…ကဲ ကဲ ထားပါတော့ကွာမောင်ရင်ကရော ဘာအလုပ်အကိုင်လုပ်သလဲ…”မေးလိုက်တော့ ကျော်ကြီးဟာ အားရပါးရပြုံးလိုက်ပြီး…

” ဒါကလည်း အိုင်စတိုင်းရဲ့ အဆိုအမိန့်ကိုပဲ ကိုးကားရမှာပဲ အန်ကယ်…

အောင်မြင်ဖို့အတွက် ကြိုးစားမရှင်သန်ပါနဲ့ တန်ဘိုးရှိအောင်ကြိုးစားနေထိုင်ပါ အောင်မြင်မှုက နောက်ကလိုက်လာပါလိမ့်မယ်…ဆိုတဲ့ အိုင်စတိုင်းရဲ့စကားလိုပဲကျနော် ကတော့ အောင်မြင်ဖို့အတွက် အတင်းအဓမ္မကြီး မရှင်သန်ချင်လို့ ဘာမှမလုပ်သေးဘူး အန်ကယ်… “လို့လဲ ပြောလိုက်ရော…

🤠 ဦးပန်ဒိုရာကြီးဟာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ပြီး ဒေါသတွေထွက်နေပါတော့တယ် ။အတော်ကြာအောင် ဒေါသကိုထိန်းလိုက်ပြီးမှ…

🥸” ဟူး … ထားပါတော့ကွာငါ့သမီးကိုကလည်း မင်းလိုကောင်ကို သဘောကျနေတာကိုး…သူ့ထိုက်နဲ့သူ့ကံပဲ ကဲ…မင်းတို့မင်္ဂလာ ကိစ္စကို ဘယ်တော့လောက်လို့ ရည်မှန်းထားလဲ… ” လို့ စိတ်ပျက်လက်ပျက်လေသံကြီးနဲ့ပြောလိုက်တယ်…ဒီမှာတင်… ကျော်ကြီးဆိုတဲ့ကောင်ဟာ တက်ကြွတဲ့လေသံကြီးနဲ့…

🧓” မာသာထရီစာရဲ့ စကားလိုပဲ အန်ကယ်ရေ…

မနေ့ကပြီးခဲ့ပြီ…မနက်ဖြန်ကရောက်မလာသေးဘူး…ငါတို့မှာ ဒီနေ့ပဲရှိတယ်..ကဲ… စလိုက်ကြရအောင် တဲ့ဒီနေ့က အကောင်းဆုံးပါပဲ အန်… ”

ကျော်ကြီးရဲ့စကားမဆုံးခင်မှာပဲ…

ဦးပန်ကြီးဟာ ထိုင်ရာက ဝုန်းကနဲ ခုန်ထလိုက်ပြီး… ကျော်ကြီးရဲ့ မျက်နှာကို လက်သီးနဲ့ တခွပ်ခွပ်အားရပါးရဆင့်ထိုးရင်း

🥸” ငိုးမသား… အတော်လွန်ပြီ

စထိုင်ကထဲက ပြောတဲ့စကားထဲမှာ သူ့ကိုယ်ပိုင်အတွေးအခေါ်တစ်ခွန်းမှမပါဘူးအေယိုး … သူများအတွေးအခေါ်တွေပဲ copy ကူးနေတော့ မင်းဦးဏှောက်ထဲမှာ ချီးပဲရှိတာလား အေဘေးရဲ့….

ကဲ ကွာ… အိုင်စတိုင်းအုန်း🤬

အင့် ကွာ… လင်ကင်းအုန်း🤬

အင့်ကွာ… မာသာထရီစာအုန်း🤬

မင်းကိုယ်ပိုင်အတွေ့အခေါ်နဲ့ပြောတော့ ယီးဖြစ်မှာမို့ သူများဟာတွေပဲ ကိုးကားပြီးပြောနေတာလား… “😡လို့ အော်ဟစ်နေပါတော့တယ်။

ဒါတောင်မှ…ကျော်ကြီးဆိုတဲ့ကောင်က

🧓” ငါ၏ ဦးခေါင်းတို့သည် သွေးတို့ဖြင့်ရဲရဲနီစွေးနေကြကုန်၏သို့သော်…ငါကား ဦးမညွှတ် ” ဆိုလား ဘာဆိုလေား အော်နေသေးရဲ့… ။

Credit;

Add a Comment

Your email address will not be published. Required fields are marked *