ထူးထူးခြားခြားဆုကြီး ကို ရသွားတဲ့ မြန်မာဘောလုံးအသင်း

မေလ ၂၈ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံတွင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်ဂျပန်အသင်းကို ဆယ်ဂိုး-သုည ရလဒ်ဖြင့် ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့သည်။ မြန်မာဘောလုံးအသင်းလူစာရင်းတွင် အသင်းခေါင်းဆောင် မောင်မောင်လွင်၊ လွင်မိုးအောင်၊ ဝင်းနိုင်ထွန်း၊ ဒေးဗစ်ထန်တို့ ပါဝင်ကစားသွားခဲ့ပြီး ဂျပန်အသင်းကိုအဘက်ဘက်မှ မယှဉ်နိုင်ဘဲ ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

ထူးထူးခြားခြားဆုကြီး ကို ရသွားတဲ့ မြန်မာဘောလုံးအသင်း

အိမ်ရှင်ဂျပန်အသင်းက မြန်မာအသင်းကို ပထမပိုင်းတွင် ၄ ဂိုးပြတ်ဖြင့် အနိုင်ရနေပြီး ဒုတိယပိုင်းတွင် ၆ ဂိုးထပ်မံ သွင်းယူကာ ၁၀ ဂိုးပြတ်ဖြင့် အနိုင်ရသွားခဲ့သည်။ မြန်မာအသင်းသည် မိနစ် ၉၀ အတွင်း ဂိုးပေါက်ကန်သွင်းခွင့် တစ်ကြိမ်ရရှိခဲ့ပြီး ဂိုးပေါက်တည့်ခြင်း မရှိခဲ့ပေ။

ထူးထူးခြားခြားဆုကြီး ကို ရသွားတဲ့ မြန်မာဘောလုံးအသင်း

“ကျနော်တို့က ဘောလုံးကို အရမ်းရူးသွပ်တာ၊ ဘယ်အသင်းနဲ့ ကန်ကန် မြန်မာဘက်ကပဲ အားပေးခဲ့တာ၊ ခြေစွမ်းသာသည်ဖြစ်စေ နိမ့်သည်ဖြစ်စေ အမြဲနိုင်စေချင်တာ၊ကျနော်တို့နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရကတော့ အခုပွဲ ဒီလို ဂိုးပြတ်ရှုံးသွားလည်း ကျနော့်အနေနဲ့ ဝမ်းနည်းစရာမရှိဘူး” ဟု မြန်မာဘောလုံးပရိတ်သတ်တစ်ဦးမှ ပြောသည်။

ထူးထူးခြားခြားဆုကြီး ကို ရသွားတဲ့ မြန်မာဘောလုံးအသင်း

ဂျပန်အသ င်းအတွက် ဂျာမန်ကလပ် ဝါဒါဘရီမင်တိုက်စစ်မှူး ယူယာ အိုစာကို တစ်ဦးတည်းကပင် ၅ ဂိုး သွင်းယူခဲ့သည်။ မြန်မာပရိသတ်အားထားရာ နာမည်ကြီးကစားသမားများဖြစ်သည့် ကျော်ကိုကို၊ အောင်သူ၊ အသင်းခေါင်းဆောင်ဇော်မင်းထွန်းအပြင်၊ ကောင်းစည်သူ၊ နန္ဒကျော်၊ ကျော်ဇင်ထက် တို့ကတော့ ဝင်ကစားဖို့ ငြင်းဆန်ထားပြီး ဂျပန်သို့သွားရောက်သည့် မြန်မာ့ဘောလုံးအသင်းလူစာရင်းတွင် ပါဝင်ခြင်းမရှိပေ။

“ဒီလိုသွားကန်ဖို့ကို ကစားသမားတွေကို အနောက်ကွယ်ကနေ ဖိအားပေးမှုတွေအများကြီးရှိတယ်လို့ ကျနော် သိထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ သွားကန်တဲ့ ညီလေးတွေအနေနဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားဖိနှိပ်မှုတွေရှိနေတယ်ဆိုတာကို ကမ္ဘာကို ချပြပေးပါ၊ ပြည်သူနဲ့အတူရပ်တည်ပေးပါ” ဟု

ထူးထူးခြားခြားဆုကြီး ကို ရသွားတဲ့ မြန်မာဘောလုံးအသင်း

မြန်မာလက်ရွေးစင်အသင်းတွင် ပါဝင်ဖို့ ငြင်းဆန်ခဲ့သည့် ဝါရင့် တိုက်စစ်မှူး ကျော်ကိုကိုမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် အုပ်စု (F) တွင် မြန်မာအသင်း မှာ ခြောက်ပွဲကန် နှစ်ပွဲနိုင်၊ လေးပွဲရှုံး ရမှတ်ခြောက်မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရှိနေပြီး ဂျပန် အသင်းကတော့ ၆ ပွဲကန် ၆ ပွဲနိုင် ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ရပ်တည်နေသည်။

ထူးထူးခြားခြားဆုကြီး ကို ရသွားတဲ့ မြန်မာဘောလုံးအသင်း

ယခုပွဲအပြီးတွင် မြန်မာဘောလုံးအသင်းအတွက် ထူးခြားမှု တစ်ခုမှာ မြန်မာဘောလုံးပရိတ်သတ်များအနေဖြင့် မိမိနိုင်ငံအသင်းကို လုံး၀ အားမပေးခဲ့ခြင်းဖြစ်သည်။ မြန်မာဘောလုံးအသင်းအတွက် ပရိတ်သတ်တွေရဲ့ အမုန်းဆုံးဆုကို ပထမဦးဆုံးအကြိမ် အသင်းလိုက် ရရှိခြင်းလို့ပင် ပြောလို့ရနိုင်သည်။

Zawgyi








Credit;

Add a Comment

Your email address will not be published. Required fields are marked *