ပိုင်တံခွန် ပြေတီဦး၊ အိန္ဒြာကျော်ဇင် မေတိုးခိုင် နဲ့ ရဲတိုက် တို့ရဲ့ နောက်ဆုံးရ အခြေအနေများ

ပိုင်တံခွန်အမှု ရက် ၁၈၀ အတွင်း အပြီးစစ်ဖို့ရှိ၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို ၅၀၅(က)နဲ့ တရားရုံး အမှုစွဲတင်လို့ ဆို

ရန်ကုန်၊ မေ ၂၈၊ ၂၀၂၁

ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်ကို ရက်ပေါင်း ၁၈၀ အတွင်း အမှု အပြီး စစ်ဖို့ ရှိကြောင်း သတင်း ရရှိပါတယ်။

ပိုင်တံခွန် ပြေတီဦး၊ အိန္ဒြာကျော်ဇင် မေတိုးခိုင် နဲ့ ရဲတိုက် တို့ရဲ့ နောက်ဆုံးရ အခြေအနေများ

ပိုင်တံခွန်ကို စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် မြောက်ဒဂုံမှာ ဖမ်းဆီးခဲ့ပေမယ့် မာရှယ်လော မကြေညာခင် ဖမ်းဝရမ်း ထုတ်ခံထားရတာကြောင့် စစ်ခုံရုံးနဲ့ အစစ်မခံရဘဲ အရပ်သားတရားရုံးမှာ ရုံးထုတ် စစ်ဆေးတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းကလည်း ဖော်ပြပါတယ်။

ပိုင်တံခွန် ပြေတီဦး၊ အိန္ဒြာကျော်ဇင် မေတိုးခိုင် နဲ့ ရဲတိုက် တို့ရဲ့ နောက်ဆုံးရ အခြေအနေများ

ပိုင်တံခွန် အမှုကို ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်မှာ ဖြစ်ကြောင်း၊ နောက်ရုံးချိန်းက ဇွန်လ ၉ ရက် ဖြစ်ကြောင်း၊ ပိုင်တံခွန်နဲ့ ရဲတိုက်အမှု လိုက်ပါ ဆောင်ရွက်ပေးနေတယ် ဆိုတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ပြောတယ်လို့လည်း ဆိုပါတယ်။

ပိုင်တံခွန် ပြေတီဦး၊ အိန္ဒြာကျော်ဇင် မေတိုးခိုင် နဲ့ ရဲတိုက် တို့ရဲ့ နောက်ဆုံးရ အခြေအနေများ

ရဲတိုက်ရဲ့ အမှု ၂ မှုမှာ လသာအမှုကို ဇွန်လ ၁ ရက်၊ မရမ်းကုန်း အမှုကို ဇွန် ၃ ရက် စစ်မှာ ဖြစ်ပြီး တရားလိုတွေကို စစစ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သရုပ်ဆောင် ရဲတိုက်ကို ပုဒ်မ ၅၀၅(က) အပြင် မူးယစ် ဥပဒေ ၁၆(ဂ) နဲ့ပါ တရား စွဲဆိုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပိုင်တံခွန် ပြေတီဦး၊ အိန္ဒြာကျော်ဇင် မေတိုးခိုင် နဲ့ ရဲတိုက် တို့ရဲ့ နောက်ဆုံးရ အခြေအနေများ

အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကိုလည်း နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ မေလ ၂၇ ရက်မှာ တရားရုံး အမှုစွဲတင်တယ်လို့ သိရပါတယ်။

Zawgyi

ပိုင္တံခြန္အမႈ ရက္ ၁၈၀ အတြင္း အၿပီးစစ္ဖို႔ရွိ၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္နဲ႔ ေမတိုးခိုင္တို႔ကို ၅၀၅(က)နဲ႔ တရား႐ုံး အမႈစြဲတင္လို႔ ဆို

ရန္ကုန္၊ ေမ ၂၈၊ ၂၀၂၁

ပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲဆို ဖမ္းဆီးခံထားရတဲ့ ေမာ္ဒယ္လ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ကို ရက္ေပါင္း ၁၈၀ အတြင္း အမႈ အၿပီး စစ္ဖို႔ ရွိေၾကာင္း သတင္း ရရွိပါတယ္။

ပိုင္တံခြန္ကို စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားတဲ့ ၿမိဳ႕နယ္ ေျမာက္ဒဂုံမွာ ဖမ္းဆီးခဲ့ေပမယ့္ မာရွယ္ေလာ မေၾကညာခင္ ဖမ္းဝရမ္း ထုတ္ခံထားရတာေၾကာင့္ စစ္ခုံ႐ုံးနဲ႔ အစစ္မခံရဘဲ အရပ္သားတရား႐ုံးမွာ ႐ုံးထုတ္ စစ္ေဆးတာ ျဖစ္တယ္လို႔ ဘီဘီစီ သတင္းကလည္း ေဖာ္ျပပါတယ္။

ပိုင္တံခြန္ အမႈကုိ ႐ိုးရွင္းတဲ့အမႈလို႔ သတ္မွတ္ၿပီး ရက္ေပါင္း ၁၈၀ အတြင္း အၿပီးစစ္မွာ ျဖစ္ေၾကာင္း၊ ေနာက္႐ုံးခ်ိန္းက ဇြန္လ ၉ ရက္ ျဖစ္ေၾကာင္း၊ ပိုင္တံခြန္နဲ႔ ရဲတိုက္အမႈ လိုက္ပါ ေဆာင္ရြက္ေပးေနတယ္ ဆိုတဲ့ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္ က ေျပာတယ္လို႔လည္း ဆိုပါတယ္။

ရဲတိုက္ရဲ႕ အမႈ ၂ မႈမွာ လသာအမႈကို ဇြန္လ ၁ ရက္၊ မရမ္းကုန္း အမႈကို ဇြန္ ၃ ရက္ စစ္မွာ ျဖစ္ၿပီး တရားလိုေတြကို စစစ္မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

သ႐ုပ္ေဆာင္ ရဲတိုက္ကို ပုဒ္မ ၅၀၅(က) အျပင္ မူးယစ္ ဥပေဒ ၁၆(ဂ) နဲ႔ပါ တရား စြဲဆိုထားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အင္းစိန္ေထာင္တြင္း ဖမ္းဆီးခံထားရတဲ့ သ႐ုပ္ေဆာင္ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္နဲ႔ ေမတိုးခိုင္တို႔ကိုလည္း ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) နဲ႔ ေမလ ၂၇ ရက္မွာ တရား႐ုံး အမႈစြဲတင္တယ္လို႔ သိရပါတယ္။

Source; ေရႊႀတိဂံေဒသ သတင္းဌာန

Add a Comment

Your email address will not be published. Required fields are marked *