တလ အခြေခံလုပ်သား ဝင်ငွေ သိန်း ၂၀ ၃၀ လောက်ရတဲ့ နိုင်ငံမှာ စားစရိတ်က တလကို ၁ သိန်းခွဲ ၂ သိန်းနီးပါး လောက်ပဲ ကုန်ပါတယ်တဲ့….

ကိုယ်လုပ် မှ ကိုယ်စားရတယ် ဆိုတဲ့သူ တွေ ဖတ်ဖို့ ( တလ အခြေခံလုပ်သား ဝင်ငွေ သိန်း ၂၀ ၃၀လောက်ရတဲ့ နိုင်ငံမှာ စားစရိတ်က တလကို ၁ သိန်းခွဲ ၂ သိန်းနီးပါး လောက်ပဲ ကုန်ပါတယ်)

ဘယ်လောက်ကွာလဲစဉ်းစားကြည့်ပါ။ အသေးစိတ်ကို ရှင်းပြထားပါတယ်။

ကြက်ကြော် ၁၀ခုပါ 1.05£ မြန်မာငွေ ၂ထောင်ပါပဲ ပုံမှန်စားတဲ့သူဆို ၂ ရက် ၃ရက်စားရပါတယ်။
ကြက်ပေါင် ၁၀တုံးပါ 1.35 £
မြန်မာငွေ 2700 ကျပ် ပါ။
ကြက်ပေါင် တစ်တုံးမှ ၂၇၀ပဲကျတာပါ။

-ဒါကို ဖတ်ပြီးရင် နိုင်ငံမကောင်းတဲ့အခါ ကိုယ်ဘယ်လောက်လုပ်လုပ် ကိုယ် မစားရတာသိ သွားမှာပါ။

– နိုင်ငံချင်းယှဉ်ပြောတဲ့အခါ luxury itemsတွေရဲ့ ဈေးတွေနဲ့ ယှဉ်ပြောလို့မရပါဘူး။

ကြက်သွန်နီ 75ကျပ်သားကို 49 ပဲနိ
မြန်မာငွေ ၁ထောင်ပါပဲ။
ပေါင်မုန့် အထုတ်ကြီး အခု ၂၀ပါ 45 ပဲနိ
မြန်မာငွေ ၉၀၀
ဆီ ၅၀သားတစ်ဘူး 1£
မြန်မာငွေ ၂၀၀၀ဝန်းကျင်

-အခြေခံလူတန်းစားတွေရဲ့ ဝင်ငွေနဲ့ အခြေခံလိုအပ်ချက်တွေရဲ့ ကုန်ကျစရိတ်ကိုယှဉ်ရမှာပါ။

-အခြေခံစားသောက်ကုန်လို့ရေးပြီးသားပါ။ပုဇွန်ထုတ်ကြီးတွေ ရှယ်ဂဏန်းတွေ သူတို့နိုင်ငံ မထွက်တဲ့ အရွက်တွေ စားချင်ရင်တော့ ပိုပေးရမှာပေါ့။ဒါမျိုးကျ အခြေခံမှမဟုတ်တာ။

မယိုးနိ ဘူးကြီးကို 59 ပဲနိ
မြန်မာငွေ ၁၂၀၀ကျပ်
ခေါင်းလျှော်ရည် £1.19
မြန်မာငွေ ၂ထောင်ကျော်

– UK နိုင်ငံက အခြေခံ ဝင်ငွေက တစ်နာရီကို8£ မြန်မာငွေ ၁၆၀၀၀ (တစ်နာရီပါနော် တစ်ရက်မဟုတ်ပါ။)

-တစ်ရက်ပျှမ်းမျှ ၈နာရီဆိုရင် 128000( တစ်ရက်ကို ၁သိန်း၂သောင်းကျော်)အခွန် 20% လျော့ရင် တစ်ရက် ပျှမ်းမျှ ၁ သိန်းလောက်ရကြပါတယ်။ အခြေခံဝန်ထမ်းပါ။ တလ ၂၂သိန်းလောက်ပေါ့ (စနေတနဂ်နွေ မပါ)

အာလူးကြော် ၁ ကီလို အသင့်နွာပြီးသားအထုတ်ကြီး ၆၅ ပဲနိ
မြန်မာငွေ ၁၃၀၀
၁၅ မိနစ်ခြားတခါထွက်တဲ့ Free bus
ပေါင်မုန့်အကြီး 19ပဲနိ
မြန်မာငွေ ၄၀၀ ကျပ်
ပီဇာ extra size ကြီး 2.49£
မြန်မာငွေ ၅၀၀၀ကျပ်

ဒါဆို သူတို့ စားစရိတ် နေစရိတ်ကကော???

စားစရိတ်က မြန်မာ က စားစရိတ်သာသာပါပဲ ပုံတွေမှာ ဝင်ကြည့်ပါ။

Free bus ပေါ်မှာပါ။ Free busအတွင်းပိုင်းကိုပြချင်လို့
သေချာပုံလေးရိုက်ခဲ့တာပါ။
ဒီပုဇွန်ပုံတွေကျမှ စျေးတွေပါအောင်မရိုက်မိလို့ 1ပေါင်ခွဲလောက်ပဲ မြန်မာငွေ ၃၀၀၀နီးပါး
နွားနို့ 2L ကျော်ကို မြန်မာငွေ ၂၀၀၀ကျပ်ဝန်းကျင်

-နေစရိတ်က သူတို့နိုင်ငံသားဆိုရင်အိမ်ငှါးခသာသာ နဲ့ပဲ အရစ်ကျ အိမ်ဝယ်လို့ရပါတယ်။ အိမ်ငှါး ဘဝ နဲ့လုံးပမ်းမနေရဘဲ အိမ်ပိုင်သွားနိုင်ပါတယ်။အားထုတ်ရတာတွေတော့ရှိတာပေါ့။အခွန်အပြီး တွက်ပြထားတာတွေပါ။

-ကိုယ်လုပ်မှကိုယ်စားရတာ နိုင်ငံရေး ဆို မဆိုင်ဘူးဆိုတဲ့သူတွေသိစေဖို့ (အိမ်ငှါးစရိတ်တွေဟာ တခြားနိုင်ငံသားတွေ သူတို့ဆီမှာ ပြောင်းလာရင် ဈေးများပေမယ့် သူတို့နိုင်ငံသားအတွက် သူတို့အစိုးရကအကုန်စီစဉ်ပေးပြီးသားပါ။Transportation စရိတ် အဝတ်အစားစရိတ်ကအစပါ။ ) နောက်ဆုံးမှာ Free စီးရတဲ့ ၁၅ မိနစ်ခြားတခါ ထွက်ပေးတဲ့ bus ပုံပါတင်ထားပါတယ်။

ဒီပုဇွန်ပုံတွေကျမှ စျေးတွေပါအောင်မရိုက်မိလို့ 1ပေါင်ခွဲလောက်ပဲ မြန်မာငွေ ၃၀၀၀နီးပါး
36ပဲနိ မြန်မာငွေ ၇၀၀တန်ပေါင်မုန့်
ရေချိုး ဆပ်ပြာရည်တွေ 35ပဲနိ (မြန်မာငွေ ၇၀၀ကျပ်)ကစလို့ စျေးအမြင့်ထိ အစားစားရှိပါတယ်။

-မှတ်ချက်

မြန်မာပြည်က လာတဲ့အပူပိုင်းကထွက်တဲ့အရွက်လိုမျိုးတွေ စားချင်ရင်တော့ သူ့နိုင်ငံထုတ်လည်းမဟုတ်တဲ့အတွက်ဈေးများပါတယ်။ သူ့နိုင်ငံထွက်အရွက်တွေကတော့ ဈေးသက်သက်သာသာ စားနိုင်ပါတယ်။

မူရင်းပို့စ်

Add a Comment

Your email address will not be published. Required fields are marked *