ဒီကနေ့ အပြောများနေတဲ့ အင်တာနက် အသုံးပြုရာမှာ Blacklist / Whitelist ဆိုတာ ဘာလဲ၊ ဘယ်လဲ?

အင်တာနက် အလုံးစုံပိတ်ဆို့မှုမှ ဝက်ဘ်ဆိုက် ၁၂၀၀ Whitelists ကင်းလွတ်စာရင်းဖြင့်ခွင့်ပြုတဲ့ နည်းဗျုဟာကို ပြောင်းလဲကျင့်သုံးလာ

အွန်လိုင်း ဝက်ဘ်ဆိုက် ၁၂၀၀ လောက်ကိုသာ အကန့်အသတ် နဲ့ ခွင့်ပြုထားပြီး မြန်မာလူငယ် အများစုအသုံးပြုတဲ့ Facebook နဲ့ Twitter တွေကိုတော့ ပိတ်ဆို့ ထားပါတယ်။ Whitelists ကင်းလွတ်စာရင်း သတ်မှတ်ချက်စာရင်းကို မြန်မာနိုင်ငံအင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီ တခုက တဆင့် Nikkei Asia သတင်းဌာနက ရရှိခဲ့ရာမှာ ခုလိုတွေ့ရှိရပါတယ်။

ဒီကနေ့ အပြောများနေတဲ့ အင်တာနက် အသုံးပြုရာမှာ Blacklist / Whitelist ဆိုတာ ဘာလဲ၊ ဘယ်လဲ?

အဲဒီ ကင်းလွတ်စာရင်း ခွင့်ပြုထားတဲ့ စာရင်းမှာ အင်တာနက် ဝန်ဆောင်မှု ၇၅၀ လောက်နဲ့ ဝက်ဘ်ဆိုက် အမည်ပေါင်း ၄၅၀ လောက် ပါဝင်ပါတယ်။ ဘဏ်လုပ်ငန်းတွေ ငွေကြေးဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ကုမ္ပဏီ ၅၀ လောက်နဲ့ ပို့ဆောင်ဖြန့်ချိရေးကုမ္ပဏီတွေနဲ့ Grab ၊ Foodpanda စတဲ့ ကုမ္ပဏီတွေကို ရွေးချယ်ခွင့်ပြုထားပါတယ်။

အလားတူပဲ Instagram ၊ Youtube၊ Netflix ၊ Tinder စတဲ့ ဖျော်ဖြေရေး အင်တာနက်ဆိုက်တွေဟာလည်း ခွင့်ပြုထားတဲ့ ကင်းလွတ်စာရင်း မှာ ပါဝင်ပါတယ်။ အဲဒီဖျော်ဖြေရေး ဝက်ဘ်ဆိုက်အနေနဲ့ ခွင့်ပြုထားတဲ့ထဲမှာ New York Times လို CNN သတင်းဌာန Barrons စသဖြင့် ပါဝင်ခွင့်ပြုထားပေမယ့် မြန်မာနိုင်ငံ သတင်းတွေကို နေ့စဉ်မပြတ်ဖေါ်ပြနေတဲ့ Nikkei Asia တော့မပါဝင်ဘူးလို့ Nikkei သတင်းမှာ ရေးထားပါတယ်။

ဒီမိုကရေစီရေး ဆန္ဒပြလူငယ်တွေ စုရုံးဆော်ဩ သတင်းဖြန့်ဝေရာမှာ အဓိက အသုံးပြုကြတဲ့ Facebook, Twitter တွေကတော့ ကင်းလွတ်စာ ရင်းမှာ မပါလာပါဘူး။ စီးပွားရေးရည်ရွယ်ချက်နဲ့ အသုံးပြုကြတယ်ဆိုတဲ့ မှတ်ချက်နဲ့ ခွင့်ပြုပေးထားတဲ့ထဲမှာတော့ WhatsApp, Linkedin, Viber, Zoom စတာတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် တခြားအာရှပစိဖိတ်နိုင်ငံတွေက လူမှုကွန်ယက်တွေဖြစ်တဲ့ တရုတ် WeChat ၊ ကိုရီးယားက Kakao Talk ၊ ဂျပန်ရဲ့ Line နဲ့ ရုရှား VK တို့ဟာလည်း ခွင့်ပြုထားတဲ့ ကင်းလွတ်စာရင်းဝင်တွေပါပဲ။

ဒီကနေ့ အပြောများနေတဲ့ အင်တာနက် အသုံးပြုရာမှာ Blacklist / Whitelist ဆိုတာ ဘာလဲ၊ ဘယ်လဲ?

စစ်ကောင်စီရဲ့ လွတ်လပ်ခွင့်ပေးထားတဲ့ ကင်းလွတ်စာရင်းမှာ ဘဏ်လုပ်ငန်းတွေသာမက အွန်လိုင်းဂိမ်းကစားတဲ့ဆိုက်တွေ၊ ပစ္စည်းပို့ဆောင်သယ်ယူ ဝန်ဆောင်မူတွေသာမက စီးပွားရေးနဲ့ ပတ်သက်တဲ့ ဝက်ဘ်ဆိုက်အတော်များများပါဝင်ပါတယ်။ အဲဒီကင်းလွတ် စာရင်းအမိန့်ညွှန်ကြား ချက်ကို စစ်ကောင်စီရဲ့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနကနေ အင်တာနက်ဝန်ဆောင်မူ ကုမ္ပဏီတွေဆီကို ပေးပို့ထားပါတယ်။

ပညာရေး၊ အသေးစား အလတ်စားစီးပွားေ ရးလု ပ်ငန်းများ ပြန်လည်ဆက်သွ ယ်ဆောင်ရွက်နိုင်ဖို့ အင်တာနက် အသုံးပြုသူတွေကို အမြန်ဆုံးခွင့်ပြုနိုင်ဖို့ ကင်းလွတ်စာရင်းကို ချမှတ်လုပ်ဆောင်ဖို့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေ အနေနဲ့ အမိန့်ကို လိုက်နာရမယ့် အကြောင်း ရေးထားတယ် လို့လည်း သတင်းမှာ ဖေါ်ပြပါတယ်။

အဲဒီကင်းလွတ် စာရင်းမှာ ပညာရေးနဲ့ဆိုင်တဲ့ အင်တာနက် ဝန်ဆောင်မှု ၁၀ ခုနဲ့ စီးပွားရေးဆိုင်ရာ အင်တာနက် applications ၃၀၀ လောက်အပါအဝင် Google နဲ့ Microsoft ဝန်ဆောင်မှု တချို့လည်း ခွင့်ပြုပေးထားပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနော က်ပိုင်းကတည်းက တနိုင်ငံလုံး အင်တာန က်ဖြတ်တောက်မှုတွေ အချိန်ပိုင်းဖြတ်တော က်မှုတွေကို စစ်ကောင်စီက ချမှတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း နေ့စဉ် စီးပွားရေးကိစ္စတွေ စားသုံးသူတွေရဲ့ စီးပွားရေးဆိုင်ရာတွေအားလုံး ကမောက်ကမဖြစ် ခဲ့ကြရပါတယ်။ မကြာသေးခင်က စီးပွားရေးစ စ်တမ်း တခုအရ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာ စီးပွားရေး ကုမ္ပဏီတွေရဲ့ ၃ ပုံ ၁ ပုံဟာ လုပ်ငန်းဆောင်ရွက်မှု ၇၅ ရာခိုင်နှု န်းလောက်ကို လျှော့ချထားရပြီးတော့ ကုမ္ပဏီ ၁၃ ရာခိုင်နှုန်းလောက်ကတော့ လုပ်ငန်းတွေ လုံးဝ ရပ်ဆိုင်းထားရတယ်လို့ တွေ့ရှိရပါတယ်။

ဒီကနေ့ အပြောများနေတဲ့ အင်တာနက် အသုံးပြုရာမှာ Blacklist / Whitelist ဆိုတာ ဘာလဲ၊ ဘယ်လဲ?

ခုလို ကင်းလွတ်စာရင်း အကန့်အသတ်နဲ့ အင်တာနက်ခွင့်ပြု ချက်ပေးလာ တယ်ဆိုပေမယ့် စီးပွားရေး လုပ်ငန်းတွေအားလုံးကို အာမခံချ က်ပေးနိုင်ဖို့ကတော့ စစ်အစိုးရ အတွက် မသေချာလှပါဘူး။ အခြေအနေတွေက ပိုခက်ခဲလာနိုင်ပြီးတော့ လူထုဟာ သူတို့ဖွံ့ဖြိုးတိုးတက် ဖို့လိုအပ်တဲ့ ဝက်ဘ်ဆိုက်တွေ မဖွင့်ကြည့်နိုင်ေ တာ့ဘူးလို့ ဆက်သွယ်ရေး နည်းပညာကျွမ်း ကျင်သူတွေက ပြောပါတယ်။

တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာလူထုဟာ ကဏ္ဏတိုင်းမှာ နှေးကွေးလာနိုင်တယ်၊ အင်တာနက်ကိုလည်း လုံခြုံစွာမသုံးနိုင်ကြတော့မှာ မဟုတ်ဘူးလို့ စိုးရိမ်ကြပါတယ်။ Blacklist လုပ်ပြီး ပိတ်ဆို့စာရင်းလုပ်တာနဲ့ Whitelist စာရင်းလုပ်ပြီး အကန့်အသတ်နဲ့ လွှတ်ပေးတာ (whitelist အနည်းင ယ်ကလွဲရင် အားလုံးသိမ်းကြုံးပိ တ်လိုက်တာ) သဘောချင်း မတူပါဘူး။ နည်းပညာအရ အင်တာနက် အသုံးပြုသူတွေကို ကြည့်ရှုဝင်ရောက်ခွင့်မပေးတဲ့ ဝက်ဘ်ဆိုက်စာရင်း Blacklist နဲ့ ပိတ်ဆို့တာထက် ကြည့်ရှုဝင်ေ ရာက်ခွင့်ပေးတဲ့ ဝက်ဆိုက်နာမည်နဲ့ ကန့်သ တ်ခွင့်ပြုပေးခြင်းက အာဏာပိုင်ေ တွအတွက် ပိုမိုလွယ်ကူတဲ့ အခြေအနေ ရှိပါတယ်။ (ကမ္ဘာကြီးမှာ ဝက်ဘ်ဆိုက်ပေါင်း သန်းပေါင်း ၁၈၀၀ လောက်ရှိပြီး နေ့တိုင်းတိုးနေပါတယ်)

ကင်းလွတ် စာရင်းထဲမှာ မပါဝင်တဲ့ ဝက်ဘ်ဆိုက်တွေ ဒိုမိန်းတွေဟာ လုံးဝကန့်သတ် ပိတ်ပင်ထား လိုက်ပြီလား VPN နဲ့တဆင့်ခံသုံးလို့ရ နိုင်သေးလားဆိုတာ မသဲကွဲကြသေးပါဘူး။ လေ့လာသူတွေ စိတ်ဝင်စားကြတဲ့ တခုကတော့ လူငယ်တွေအတွက် ခွင့်ပြုတဲ့ ဂိမ်းကစားတဲ့ ဆိုက်တွေ application တွေရွေး ချယ်မူပါ။ လူငယ်တွေအသုံးများတဲ့ Facebook, Twitter တွေပိတ်ဆို့လိုက်တယ် ဆိုပေမယ့် ဂိမ်းအမျိုးအစား ဝန်ဆောင်မူ ၄၀ လောက်ကို ခွင့်ပြုထားပါတယ်။ Candy Crush, Mobile Legends, Bang Bang, PUBG Mobile စသဖြင့် စစ်အစိုးရဟာ အတော်သတိထား ပြီးရွေးချယ်ဖွင့်ပေး ထားတဲ့ပုံပါပဲ။

အသက်၂၀ ကျော်လူငယ်ေ လးတယော က်ကတော့ Nikkei သတင်းဌာန ကိုပြောလိုက်ပါတယ်။ “စစ်ကောင်စီဟာ လူငယ်တွေကို နိုင်ငံရေးမှာ ပါဝင်နေစေချင်တာမဟုတ်ဘူး” တဲ့။

DVB ဘာသာပြန်သတင်းဆောင်းပါး (Myanmar allows Tinder but axes dissent havens Twitter, Facebook)

Photos credit – Nikkei Asia

Original article – https://asia.nikkei.com/…/Myanmar-allows-Tinder-but…

Zawgyi

အင္တာနက္ အလုံးစုံပိတ္ဆို႔မႈမွ ဝက္ဘ္ဆိုက္ ၁၂၀၀ Whitelists ကင္းလြတ္စာရင္းျဖင့္ခြင့္ျပဳတဲ့ နည္းဗ်ဳဟာကို ေျပာင္းလဲက်င့္သုံးလာ

အြန္လိုင္း ဝက္ဘ္ဆိုက္ ၁၂၀၀ ေလာက္ကိုသာ အကန႔္အသတ္ နဲ႕ ခြင့္ျပဳထားၿပီး ျမန္မာလူငယ္ အမ်ားစုအသုံးျပဳတဲ့ Facebook နဲ႕ Twitter ေတြကိုေတာ့ ပိတ္ဆို႔ ထားပါတယ္။ Whitelists ကင္းလြတ္စာရင္း သတ္မွတ္ခ်က္စာရင္းကို ျမန္မာနိုင္ငံအင္တာနက္ ဝန္ေဆာင္မႈ ကုမၸဏီ တခုက တဆင့္ Nikkei Asia သတင္းဌာနက ရရွိခဲ့ရာမွာ ခုလိုေတြ႕ရွိရပါတယ္။

အဲဒီ ကင္းလြတ္စာရင္း ခြင့္ျပဳထားတဲ့ စာရင္းမွာ အင္တာနက္ ဝန္ေဆာင္မႈ ၇၅၀ ေလာက္နဲ႕ ဝက္ဘ္ဆိုက္ အမည္ေပါင္း ၄၅၀ ေလာက္ ပါဝင္ပါတယ္။ ဘဏ္လုပ္ငန္းေတြ ေငြေၾကးဝန္ေဆာင္မႈနဲ႕ ပတ္သက္တဲ့ ကုမၸဏီ ၅၀ ေလာက္နဲ႕ ပို႔ေဆာင္ျဖန႔္ခ်ိေရးကုမၸဏီေတြနဲ႕ Grab ၊ Foodpanda စတဲ့ ကုမၸဏီေတြကို ေ႐ြးခ်ယ္ခြင့္ျပဳထားပါတယ္။

အလားတူပဲ Instagram ၊ Youtube၊ Netflix ၊ Tinder စတဲ့ ေဖ်ာ္ေျဖေရး အင္တာနက္ဆိုက္ေတြဟာလည္း ခြင့္ျပဳထားတဲ့ ကင္းလြတ္စာရင္း မွာ ပါဝင္ပါတယ္။ အဲဒီေဖ်ာ္ေျဖေရး ဝက္ဘ္ဆိုက္အေနနဲ႕ ခြင့္ျပဳထားတဲ့ထဲမွာ New York Times လို CNN သတင္းဌာန Barrons စသျဖင့္ ပါဝင္ခြင့္ျပဳထားေပမယ့္ ျမန္မာနိုင္ငံ သတင္းေတြကို ေန႕စဥ္မျပတ္ေဖၚျပေနတဲ့ Nikkei Asia ေတာ့မပါဝင္ဘူးလို႔ Nikkei သတင္းမွာ ေရးထားပါတယ္။

ဒီမိုကေရစီေရး ဆႏၵျပလူငယ္ေတြ စု႐ုံးေဆာ္ဩ သတင္းျဖန႔္ေဝရာမွာ အဓိက အသုံးျပဳၾကတဲ့ Facebook, Twitter ေတြကေတာ့ ကင္းလြတ္စာ ရင္းမွာ မပါလာပါဘူး။ စီးပြားေရးရည္႐ြယ္ခ်က္နဲ႕ အသုံးျပဳၾကတယ္ဆိုတဲ့ မွတ္ခ်က္နဲ႕ ခြင့္ျပဳေပးထားတဲ့ထဲမွာေတာ့ WhatsApp, Linkedin, Viber, Zoom စတာေတြ ပါဝင္ေနပါတယ္။ ဒါ့အျပင္ တျခားအာရွပစိဖိတ္နိုင္ငံေတြက လူမႈကြန္ယက္ေတြျဖစ္တဲ့ တ႐ုတ္ WeChat ၊ ကိုရီးယားက Kakao Talk ၊ ဂ်ပန္ရဲ႕ Line နဲ႕ ႐ုရွား VK တို႔ဟာလည္း ခြင့္ျပဳထားတဲ့ ကင္းလြတ္စာရင္းဝင္ေတြပါပဲ။

စစ္ေကာင္စီရဲ႕ လြတ္လပ္ခြင့္ေပးထားတဲ့ ကင္းလြတ္စာရင္းမွာ ဘဏ္လုပ္ငန္းေတြသာမက အြန္လိုင္းဂိမ္းကစားတဲ့ဆိုက္ေတြ၊ ပစၥည္းပို႔ေဆာင္သယ္ယူ ဝန္ေဆာင္မူေတြသာမက စီးပြားေရးနဲ႕ ပတ္သက္တဲ့ ဝက္ဘ္ဆိုက္အေတာ္မ်ားမ်ားပါဝင္ပါတယ္။ အဲဒီကင္းလြတ္ စာရင္းအမိန႔္ၫႊန္ၾကား ခ်က္ကို စစ္ေကာင္စီရဲ႕ ပို႔ေဆာင္ ဆက္သြယ္ေရး ဝန္ႀကီးဌာနကေန အင္တာနက္ဝန္ေဆာင္မူ ကုမၸဏီေတြဆီကို ေပးပို႔ထားပါတယ္။

ပညာေရး၊ အေသးစား အလတ္စားစီးပြားေ ရးလု ပ္ငန္းမ်ား ျပန္လည္ဆက္သြ ယ္ေဆာင္႐ြက္နိုင္ဖို႔ အင္တာနက္ အသုံးျပဳသူေတြကို အျမန္ဆုံးခြင့္ျပဳနိုင္ဖို႔ ကင္းလြတ္စာရင္းကို ခ်မွတ္လုပ္ေဆာင္ဖို႔ အင္တာနက္ဝန္ေဆာင္မႈ ကုမၸဏီေတြ အေနနဲ႕ အမိန႔္ကို လိုက္နာရမယ့္ အေၾကာင္း ေရးထားတယ္ လို႔လည္း သတင္းမွာ ေဖၚျပပါတယ္။

အဲဒီကင္းလြတ္ စာရင္းမွာ ပညာေရးနဲ႕ဆိုင္တဲ့ အင္တာနက္ ဝန္ေဆာင္မႈ ၁၀ ခုနဲ႕ စီးပြားေရးဆိုင္ရာ အင္တာနက္ applications ၃၀၀ ေလာက္အပါအဝင္ Google နဲ႕ Microsoft ဝန္ေဆာင္မႈ တခ်ိဳ႕လည္း ခြင့္ျပဳေပးထားပါတယ္။ ေဖေဖၚဝါရီ ၁ ရက္ေန႕ အာဏာသိမ္းၿပီးေနာ က္ပိုင္းကတည္းက တနိုင္ငံလုံး အင္တာန က္ျဖတ္ေတာက္မႈေတြ အခ်ိန္ပိုင္းျဖတ္ေတာ က္မႈေတြကို စစ္ေကာင္စီက ခ်မွတ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေန႕စဥ္ စီးပြားေရးကိစၥေတြ စားသုံးသူေတြရဲ႕ စီးပြားေရးဆိုင္ရာေတြအားလုံး ကေမာက္ကမျဖစ္ ခဲ့ၾကရပါတယ္။ မၾကာေသးခင္က စီးပြားေရးစ စ္တမ္း တခုအရ ျမန္မာနိုင္ငံမွာရွိတဲ့ နိုင္ငံတကာ စီးပြားေရး ကုမၸဏီေတြရဲ႕ ၃ ပုံ ၁ ပုံဟာ လုပ္ငန္းေဆာင္႐ြက္မႈ ၇၅ ရာခိုင္ႏႈ န္းေလာက္ကို ေလွ်ာ့ခ်ထားရၿပီးေတာ့ ကုမၸဏီ ၁၃ ရာခိုင္ႏႈန္းေလာက္ကေတာ့ လုပ္ငန္းေတြ လုံးဝ ရပ္ဆိုင္းထားရတယ္လို႔ ေတြ႕ရွိရပါတယ္။

ခုလို ကင္းလြတ္စာရင္း အကန႔္အသတ္နဲ႕ အင္တာနက္ခြင့္ျပဳ ခ်က္ေပးလာ တယ္ဆိုေပမယ့္ စီးပြားေရး လုပ္ငန္းေတြအားလုံးကို အာမခံခ် က္ေပးနိုင္ဖို႔ကေတာ့ စစ္အစိုးရ အတြက္ မေသခ်ာလွပါဘူး။ အေျခအေနေတြက ပိုခက္ခဲလာနိုင္ၿပီးေတာ့ လူထုဟာ သူတို႔ဖြံ႕ၿဖိဳးတိုးတက္ ဖို႔လိုအပ္တဲ့ ဝက္ဘ္ဆိုက္ေတြ မဖြင့္ၾကည့္နိုင္ေ တာ့ဘူးလို႔ ဆက္သြယ္ေရး နည္းပညာကြၽမ္း က်င္သူေတြက ေျပာပါတယ္။

တျခားနိုင္ငံေတြနဲ႕ ႏွိုင္းယွဥ္ရင္ ျမန္မာလူထုဟာ ကဏၰတိုင္းမွာ ေႏွးေကြးလာနိုင္တယ္၊ အင္တာနက္ကိုလည္း လုံၿခဳံစြာမသုံးနိုင္ၾကေတာ့မွာ မဟုတ္ဘူးလို႔ စိုးရိမ္ၾကပါတယ္။ Blacklist လုပ္ၿပီး ပိတ္ဆို႔စာရင္းလုပ္တာနဲ႕ Whitelist စာရင္းလုပ္ၿပီး အကန႔္အသတ္နဲ႕ လႊတ္ေပးတာ (whitelist အနည္းင ယ္ကလြဲရင္ အားလုံးသိမ္းႀကဳံးပိ တ္လိုက္တာ) သေဘာခ်င္း မတူပါဘူး။ နည္းပညာအရ အင္တာနက္ အသုံးျပဳသူေတြကို ၾကည့္ရႈဝင္ေရာက္ခြင့္မေပးတဲ့ ဝက္ဘ္ဆိုက္စာရင္း Blacklist နဲ႕ ပိတ္ဆို႔တာထက္ ၾကည့္ရႈဝင္ေ ရာက္ခြင့္ေပးတဲ့ ဝက္ဆိုက္နာမည္နဲ႕ ကန႔္သ တ္ခြင့္ျပဳေပးျခင္းက အာဏာပိုင္ေ တြအတြက္ ပိုမိုလြယ္ကူတဲ့ အေျခအေန ရွိပါတယ္။ (ကမာၻႀကီးမွာ ဝက္ဘ္ဆိုက္ေပါင္း သန္းေပါင္း ၁၈၀၀ ေလာက္ရွိၿပီး ေန႕တိုင္းတိုးေနပါတယ္)

ကင္းလြတ္ စာရင္းထဲမွာ မပါဝင္တဲ့ ဝက္ဘ္ဆိုက္ေတြ ဒိုမိန္းေတြဟာ လုံးဝကန႔္သတ္ ပိတ္ပင္ထား လိုက္ၿပီလား VPN နဲ႕တဆင့္ခံသုံးလို႔ရ နိုင္ေသးလားဆိုတာ မသဲကြဲၾကေသးပါဘူး။ ေလ့လာသူေတြ စိတ္ဝင္စားၾကတဲ့ တခုကေတာ့ လူငယ္ေတြအတြက္ ခြင့္ျပဳတဲ့ ဂိမ္းကစားတဲ့ ဆိုက္ေတြ application ေတြေ႐ြး ခ်ယ္မူပါ။ လူငယ္ေတြအသုံးမ်ားတဲ့ Facebook, Twitter ေတြပိတ္ဆို႔လိုက္တယ္ ဆိုေပမယ့္ ဂိမ္းအမ်ိဳးအစား ဝန္ေဆာင္မူ ၄၀ ေလာက္ကို ခြင့္ျပဳထားပါတယ္။ Candy Crush, Mobile Legends, Bang Bang, PUBG Mobile စသျဖင့္ စစ္အစိုးရဟာ အေတာ္သတိထား ၿပီးေ႐ြးခ်ယ္ဖြင့္ေပး ထားတဲ့ပုံပါပဲ။

အသက္၂၀ ေက်ာ္လူငယ္ေ လးတေယာ က္ကေတာ့ Nikkei သတင္းဌာန ကိုေျပာလိုက္ပါတယ္။ “စစ္ေကာင္စီဟာ လူငယ္ေတြကို နိုင္ငံေရးမွာ ပါဝင္ေနေစခ်င္တာမဟုတ္ဘူး” တဲ့။

DVB ဘာသာျပန္သတင္းေဆာင္းပါး (Myanmar allows Tinder but axes dissent havens Twitter, Facebook)

Photos credit – Nikkei Asia

Original article – https://asia.nikkei.com/…/Myanmar-allows-Tinder-but…

Add a Comment

Your email address will not be published. Required fields are marked *