“ယနေ့အတွက် မုန်တိုင်းသတင်း”

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း YAAS(02B) ယနေ့ည သန်းခေါင်ကျော်အချိန်မှ စတင်၍ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေ၊ ဩရိသပြည်နယ်ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်တော့မှာ ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်၊ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းက ဒုတိယမြောက် ဆိုင်ကလုန်းမုန်တိုင်း အဆုံးသတ်ပါတော့မယ်။

“ယနေ့အတွက် မုန်တိုင်းသတင်း”

အခုအချိန်အထိ ပြန်ပြီး သုံးသပ်ကြည့်ရရင် လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်ဖြစ်တယ်၊ ၂ ကြိမ်စလုံး “အမည်ရဆိုင်ကလုန်းမုန်တိုင်း”အဆင့်ကို ရောက်ကြပါတယ်။ အားပြင်းပြင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ အနောက်ဘက်ကမ်းခြေကိုရော အရှေ့ဘက်ကမ်းခြေကိုရော ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ဒီနှစ်မုန်တိုင်းရာသီအတွက် အိန္ဒိယနိုင်ငံအဖို့တော့ ထူးခြားတယ်လို့ သုံးသပ်မိပါတယ်။

မြန်မာနိုင်ငံအတွက်တော့ အပူဒဏ်တွေ ခေတ္တခဏ လျော့ပါးသက်သာပြီး မုတ်သုန်လေအဝင်ကို အထောက်အကူပေးသွားတဲ့ မုန်တိုင်းမို့ ကောင်းသွားပါတယ်။

Zawgyi




Source -Win Naing

Add a Comment

Your email address will not be published. Required fields are marked *