ယနေ့မနက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေချိန် ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ရေမြောင်းထဲ ပြုတ်ကျပြီး မျောပါသွားတဲ့ ကလေးတစ်ဦးကို လိုက်လံရှာဖွေနေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ

ယနေ့ (24.5.2021) နံနက် (၈:၃၀) ခန့်မှာ မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပါတယ်။ ဒီလိုရွာသွန်းတဲ့ အချိန် မှာပဲ ဗဟန်းမြို့နယ်၊ ကြားတောရရပ်ကွက်၊ ကြားတောရ လမ်းမှာရှိတဲ့ ရေမြောင်းထဲကို ကလေးတစ်ဦးပြုတ် ကျပြီးမျောပါသွား ခဲ့ပါတယ်။ မိုးသည်းနေတဲ့ အချိန်လည်းဖြစ်လို့ ေ ရစီးသန်နေ တာကြောင့် ကလေးဟာအမြ န်ပဲမျောပါ သွားခဲ့တာမို့ ရပ်ကွက်နေပြည်သူေ တွဟာ အချိန်မီမ ဆယ် ယူလိုက်နိုင်တာကြောင့် မီးသတ်တပ်ဖွဲ့ဝ င်တွေကို အကူအညီတောင်း ပြီး ကလေးကို ကယ်ဆယ်ဖို့ကြိုးစားနေခဲ့ကြပါတယ်။

ရေမြောင်းထဲ ပြုတ်ကျပြီး မျောပါသွားတဲ့ ကလေးတစ်ဦးကို လိုက်လံရှာဖွေနေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ

တပ်ဖွဲ့ဝင်တွေလည်း ကလေးကို ကယ်ဆယ်နိုင်ဖို့ ရှာဖွေနေခဲ့ကြပေမယ့် လက်ရှိအချိန်ထိ မတွေ့ရသေးပါဘူး။ ဒီသတင်းကိုကြား သိရတဲ့ပြည် သူတွေဟာ ကလေးေ လးဘေးကင်းစေဖို့ ဆုတောင်းပေးခဲ့ကြ ပါတယ်။ တိုင်းပြည်အခြေအနေမကောင်းလို့ စိုးရိမ်စိတ်တွေနဲ့ပူပန်နေရတဲ့ မိဘတွေအနေနဲ့ သားသမီးတစ်ယောက် အခုလိုဖြစ်သွားတဲ့အချိန်မှာလ ည်း အတော်ေ လးကို တုန်လှုပ်နေကြမှာပါ။

ရေမြောင်းထဲ ပြုတ်ကျပြီး မျောပါသွားတဲ့ ကလေးတစ်ဦးကို လိုက်လံရှာဖွေနေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ

ကလေးလေးကို ကူညီကယ်ဆယ်ရှာဖွေပေးဖို့ စမ်းချောင်းမြို့နယ်နဲ့ တာမွေမြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ကယ်ဆယ်ရှာဖွေရေးယာဉ် (၂) စီးနဲ့ ကူညီရှာဖွေးပေးနေခဲ့ပါတယ်။ ကလေးကိုအပူတပြင်းရှာဖွေနေတဲ့ပုံရိပ်တွေကို ” (၂၄.၅.၂၀၂၁) ရက်နေ့၊ (၀၈ ၃၀) အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကြားတောရရပ်ကွက်၊ ကြားတောရလမ်းရှိ ရေမြောင်းအတွင်း ကလေး (၁) ဦး ပြုတ်ကျပြီး မျောပါသွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊

ရေမြောင်းထဲ ပြုတ်ကျပြီး မျောပါသွားတဲ့ ကလေးတစ်ဦးကို လိုက်လံရှာဖွေနေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ

တာမွေမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ” ဆိုပြီး မီးသတ်တပ်ဖွဲ့က ဝေမျှပေးခဲ့ပါတယ်။ မျောပါသွားတဲ့ကလေးလေးလည်း ဘေမသီရန်မခဘဲ အသက်ရှင်လျှက် အိမ်ပြန်ရောက်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ရေမြောင်းထဲ ပြုတ်ကျပြီး မျောပါသွားတဲ့ ကလေးတစ်ဦးကို လိုက်လံရှာဖွေနေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ

Source;Myanmar Fire Services Department’s FB Acc






Add a Comment

Your email address will not be published. Required fields are marked *