ငွေကြေး အခက်အခဲကြောင့် ဆိုင်းဝိုင်းရောင်းဖို့ ကြေငြာလိုက်ရတဲ့ ရွှေတံဆိပ်၂၁ ခု ဆုရှင် ရွာစား ထက်အာကာ……

မြန်မာ့ ဆိုင်းပညာ ရှင် ရွာစား ထက်အာကာ ဟာ မြန်မာ့ရိုးရာဂီ တကိုမြှင့်တ င်နိုင်ဖို့နဲ့ ရိုးရာဂီတကို ကမ္ဘာတဝှမ်း ချပြတင်ဆ က်နိုင်ဖို့ ကြိုးပမ်းနေတဲ့ စွန့်ဦးတီထွင် မြန်မာ့ရိုးရာ ဂီတပညာရှင် လူငယ်တဦး ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြည်တွင်း၊ပြည်ပ ဖျော်ဖြေေ ရးပွဲတွေမှာ သူ အမြတ်တနိုး တီးခတ်ခဲ့တဲ့ လေးပြားမင်္ဂလာ ဆိုင်းဝိုင်း ကြီးကိုေ ရာင်းချမယ်လို့ လူမှုကွန်ရက်စာမျ က်နှာကနေ ကြေညာခဲ့တဲ့အတွက် သူရဲ့ပရိ သတ်တွေနဲ့ မိတ်ဆွေတွေ အံ့အားသင့်ခဲ့ရပါတယ်။ သူမြတ်နိုးတဲ့ ဆိုင်းဝိုင်းကြီးကို ရောင်းချဖို့ဆုံးဖြတ် ရလောက်တဲ့အထိ ဘယ်လိုအခြေ အနေတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေနေရသလဲ ဆိုတာနဲ့ ပတ်သက်လို့ ရွာစား ထက်အာကာကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

ငွေကြေး အခက်အခဲကြောင့် ဆိုင်းဝိုင်းရောင်းဖို့ ကြေငြာလိုက်ရတဲ့ ရွှေတံဆိပ်၂၁ ခု ဆုရှင် ရွာစား ထက်အာကာ……

ရွာစား ထက်အာကာသည် အသက် (၇) နှစ် အရွယ်မှ စတင်ကာမြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပတ္တလား၊ ဆိုင်း စတဲ့ ပညာတွေကို ရွာစားကြီးများ၊ဆိုင်းပညာရှင်ကြီးများထံမှာ လေ့လာဆည်းပူးခဲ့ပြီး၊ ငယ်စဉ်ကပင် အဆို၊ အက၊ အရေး၊ အတီး၊ ဆိုင်း ပြိုင်ပွဲတွေကနေ ရွှေတံဆိပ်ဆု (၂၁) ဆုခန့် ရရှိခဲ့ပါတယ်။

ငွေကြေး အခက်အခဲကြောင့် ဆိုင်းဝိုင်းရောင်းဖို့ ကြေငြာလိုက်ရတဲ့ ရွှေတံဆိပ်၂၁ ခု ဆုရှင် ရွာစား ထက်အာကာ……

၂၀၁၆ ခုနှစ်မှာ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှာ တက်ရောက်ခဲ့ပြီး၊ ဂီတပညာရပ်နဲ့ ပတ်သက်တဲ့ Post GraduateDiploma of Arts (Music) ဘွဲ့ကို ဆိုင်းပညာရပ်ဖြင့် ရရှိခဲ့ပါတယ်။ လက်ရှိမှာ မဟာဝိဇ္ဖ္ဇာတန်းကို ဂီတပညာရပ်ဖြင့် သုတေသနနဲ့ကျမ်းပြုစုခြင်းကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကစလို့ လက်ရှိအချိန်ထိ ပြုလုပ်နေပါတယ်။ ရွာစား ထက်အာကာဟာ ရိုးရာဂီတနဲ့ ခေတ်ပေါ်ဂီတကိုတွဲစပ်ပုံဖော်နိုင်ဖို့ အဆိုတော် သားစိုးရဲ့ “အာလူး၊ သာ ကူး၊ နှာဗူး၊ ဂန်ဒူး”၊ တေးရေး၊ တေးဆို အရိုးရဲ့ “ရုပ်စုံလက်ရာ” အပါအဝင် တေးသံရှင် အများအပြားနဲ့ ခေတ်ပေါ်ဂီတ၊ မြန်မာသံစဉ် စတဲ့ တေး Album အများအပြားကို ထုတ်လုပ်ခဲ့ပါတယ်။

ငွေကြေး အခက်အခဲကြောင့် ဆိုင်းဝိုင်းရောင်းဖို့ ကြေငြာလိုက်ရတဲ့ ရွှေတံဆိပ်၂၁ ခု ဆုရှင် ရွာစား ထက်အာကာ……

ဒါ့အပြင်ယနေ့ခေတ်မှာ လူကြိုက်များနေတဲ့ Electro Dance Music ခေါ် EDM ဂီတကို မြန်မာ့ရိုးရာ တူရိယာတွေနဲ့ တွဲဖက်တီးခတ်မှုတွေပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ Myanmar Premium Countdown 2019 Live Concert မှာ ပုဂံတေးသွားတွေ ပါဝင်တဲ့ “မဟာ” တေးသီချင်းကို နာမည်ကျော် DJproducer ဖြစ်တဲ့ Double U, DVKE, EMJ, Aot Aw တို့နဲ့ အတူ မြန်မာ့ဆိုင်းဝိုင်းနဲ့ EDM Music ကို တွဲဖက် တင်ဆက်ခဲ့ပါတယ်။

ငွေကြေး အခက်အခဲကြောင့် ဆိုင်းဝိုင်းရောင်းဖို့ ကြေငြာလိုက်ရတဲ့ ရွှေတံဆိပ်၂၁ ခု ဆုရှင် ရွာစား ထက်အာကာ……

ရွာစား ထက်အာကာဟာ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ရဲ့ ဒုတိယပါမောက္ခချုပ် ဆရာဓီရာမိုရ်ရဲ့ ဂီတကဗျာ သံစုံတီးဝိုင်းမှာပတ်ဝိုင်း(ဆိုင်းဝိုင်း) တီးခတ်သူအဖြစ် ပါဝင်တီးခတ်ခဲ့သလို၊ ၂၀၁၇ ခုနှစ်မှာ “ဥပါဒါန်” ၊ “မုန်းစွဲ” ၊ “ပြုံးရွှင်ရေ ပျော်ရဲ့လား”စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ နောက်ခံတေးဂီတတွေကို အခြားပညာရှင်တွေနဲ့ တွဲဖက်ဖန်တီးတင်ဆက်ခဲ့ပါတယ်။ဒါ့အပြင် ILBC International School နဲ့ Musicfor One (INGO) တို့မှာ မြန်မာ့ဂီတ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် BansomdajchaoprayaRajabhat University (Thailand) နဲ့ Guangxi Arts Institute (Naing, China) တို့မှာလည်းမြန်မာ့ဂီတနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မျှဝေပေးခဲ့သူ ဖြစ်ပါတယ်။

ငွေကြေး အခက်အခဲကြောင့် ဆိုင်းဝိုင်းရောင်းဖို့ ကြေငြာလိုက်ရတဲ့ ရွှေတံဆိပ်၂၁ ခု ဆုရှင် ရွာစား ထက်အာကာ……

ရွာစား ထက်အာကာဟာ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာပွဲတော်တွေနဲ့ အာဆီယံ ပွဲတော်တွေဖြစ်တဲ့ -InternationalSymposium PGVIM ( Thailand) -Asean Youth Ensemble(AYE) -International FolkCultural Festival (နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပွဲတော်) -AseanGreen and Peace Forever -Southeast Asia Music Directors of Music(SEADOM)-Southeast Asia Music Education Exchange (အရှေ့တောင်အာရှ ဂီတပညာ ဖလှယ်ခြင်း) စတဲ့ပွဲတော်တွေမှာလည်း ပူးပေါင်းပါဝင် ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ပြီး၊ “လူငယ်နဲ့ မြန်မာ့ဂီတ”(Youth and Myanmar Music) ခေါင်းစဉ်နဲ့ TEDx Yangon 2020 မှာလည်း Public Speaker တစ်ယောက် အနေနဲ့ ပါဝင်ခဲ့သူ တဦး ဖြစ်ပါတယ်။

Credit;

Add a Comment

Your email address will not be published. Required fields are marked *