အခေၾကးေငြ ပိုမိုေပးေဆာင္ရသည့္ အျဖစ္အပ်က္မ်ား ကို Wave Money မွ စစ္ေဆးအေရးယူသြားမည္ ဟုဆို

Wave Money သည် ဖေဖော်ဝါရီလမှစ၍ စိန်ခေါ်မှုများစွာရှိနေသည့် အခြေအနေတွင် အခက်အခဲများရှိသော်လည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ဘဏ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်းမရှိခြင်း၊ အကန့်အသတ်မရှိ မိုဘိုင်းလ်အင်တာနက် ဖြတ်တောက်ခြင်း၊ အကန့်အသတ်ဖြင့်ရရှိသော အင်တာနက်ဝန်ဆောင်မှုများ၊ အင်တာနက်ချိတ်ဆက်မှု မတည်ငြိမ်ခြင်း နှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုအပေါ်တွင် အဟန့်အတားများစွာရှိခဲ့ပြီး သန်းပေါင်းများစွာသော သုံးစွဲသူများထံသို့ ဝန်ဆောင်မှုပေးရာတွင် အခက်အခဲများစွာ ကြုံတွေ့ရလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ကိုယ်စားလှယ်ကြီးများအနေဖြင့် Wave Money ငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှုများပေးရာတွင် အခက်အခဲအသီးသီး ကြုံတွေ့နေရကြောင်း သိရှိရပြီး အများစုမှာ ငွေစက္ကူပြတ်လပ်မှု အခက်အခဲနှင့် Wave Money ဆိုင်များတွင် ငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှုပမာဏများ များပြားလာခြင်းတို့ကို ရင်ဆိုင်နေကြရပါသည်။ သတင်းပို့တိုင်ကြားမှုများအရ အချို့သော ကိုယ်စားလှယ်များသည် ဝန်ဆောင်ခနှုန်းထားများအား ပိုမိုကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။

Wave Money အနေဖြင့် ယခုလိုအခြေအနေမျိုးတွင် ကိုယ်စားလှယ်ကြီးများ၏ အခက်အခဲများကို နားလည်သော်လည်း Wave Money ဝန်ဆောင်မှုအတွက် ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်းကို ခွင့်ပြုခြင်းမရှိကြောင်း အကြောင်းကြားထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် အခကြေးငွေ ပိုမိုပေးဆောင်ရသည့် အဖြစ်အပျက်များကို Wave Money မှ စစ်ဆေးအရေးယူသွားမည်ဖြစ်ပြီး ယခုကဲ့သို့ အခြေအနေမျိုးတွင် သုံးစွဲသူများအပေါ် အခွင့်ကောင်းယူခြင်း သို့မဟုတ် စည်းကမ်းဖောက်ဖျက်ပြီး မမှန်မကန်ပြုမူခြင်းများကို သင့်လျော်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားပါမည်။

တစ်ဖက်တွင်လည်း မိတ်ဆွေတို့၏ နားလည်လက်ခံပေးမှုကို ကျွန်ုပ်တို့ မျှော်လင့်မိပါသည်။ Wave Money သည် ယခုကဲ့သို့ ခက်ခဲသော အခြေအနေမျိုး၌ပင် မိတ်ဖက်ကိုယ်စားလှယ်ကြီးများနှင့်အတူ သန်းပေါင်းများစွာသော သုံးစွဲသူများအား အရေးပါသော ဝန်ဆောင်မှုကို ပုံမှန်အတိုင်း ပြန်လည် ဝန်ဆောင်မှုပေးနိုင်ရန် အကောင်းဆုံးကြိုးစားလျက်ရှိပါသည်။ Wave Money ၏ ဝန်ဆောင်မှုပလက်ဖောင်း သို့မဟုတ် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့၏ Call Center (900 / တယ်လီနော) နှင့် (09790009000 / အခြားအော်ပရေတာများ) သို့ အချိန်မရွေးဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ မိတ်ဆွေတို့၏ ယုံကြည်မှုကို Wave Money မှ အစဉ်အမြဲ တန်ဖိုးထား ကျေးဇူးတင်လျက်ရှိပါသည်။

Zawgyi

Wave Money သည္ ေဖေဖာ္ဝါရီလမွစ၍ စိန္ေခၚမႈမ်ားစြာရွိေနသည့္ အေျခအေနတြင္ အခက္အခဲမ်ားရွိေသာ္လည္း ဝန္ေဆာင္မႈေပးလ်က္ရွိပါသည္။ ဘဏ္ဝန္ေဆာင္မႈမ်ား ပုံမွန္အတိုင္း လည္ပတ္နိုင္ျခင္းမရွိျခင္း၊ အကန႔္အသတ္မရွိ မိုဘိုင္းလ္အင္တာနက္ ျဖတ္ေတာက္ျခင္း၊ အကန႔္အသတ္ျဖင့္ရရွိေသာ အင္တာနက္ဝန္ေဆာင္မႈမ်ား၊ အင္တာနက္ခ်ိတ္ဆက္မႈ မတည္ၿငိမ္ျခင္း ႏွင့္ လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားေၾကာင့္ ကြၽန္ုပ္တို႔၏ လုပ္ငန္းလည္ပတ္မႈအေပၚတြင္ အဟန႔္အတားမ်ားစြာရွိခဲ့ၿပီး သန္းေပါင္းမ်ားစြာေသာ သုံးစြဲသူမ်ားထံသို႔ ဝန္ေဆာင္မႈေပးရာတြင္ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ရလ်က္ရွိပါသည္။

ကြၽန္ုပ္တို႔၏ ကိုယ္စားလွယ္ႀကီးမ်ားအေနျဖင့္ Wave Money ေငြလႊဲ၊ေငြထုတ္ ဝန္ေဆာင္မႈမ်ားေပးရာတြင္ အခက္အခဲအသီးသီး ႀကဳံေတြ႕ေနရေၾကာင္း သိရွိရၿပီး အမ်ားစုမွာ ေငြစကၠဴျပတ္လပ္မႈ အခက္အခဲႏွင့္ Wave Money ဆိုင္မ်ားတြင္ ေငြလႊဲ၊ေငြထုတ္ ဝန္ေဆာင္မႈပမာဏမ်ား မ်ားျပားလာျခင္းတို႔ကို ရင္ဆိုင္ေနၾကရပါသည္။ သတင္းပို႔တိုင္ၾကားမႈမ်ားအရ အခ်ိဳ႕ေသာ ကိုယ္စားလွယ္မ်ားသည္ ဝန္ေဆာင္ခႏႈန္းထားမ်ားအား ပိုမိုေကာက္ခံလ်က္ရွိေၾကာင္း သိရွိရပါသည္။

Wave Money အေနျဖင့္ ယခုလိုအေျခအေနမ်ိဳးတြင္ ကိုယ္စားလွယ္ႀကီးမ်ား၏ အခက္အခဲမ်ားကို နားလည္ေသာ္လည္း Wave Money ဝန္ေဆာင္မႈအတြက္ က်သင့္ေငြထက္ ပိုမိုေကာက္ခံျခင္းကို ခြင့္ျပဳျခင္းမရွိေၾကာင္း အေၾကာင္းၾကားထားၿပီး ျဖစ္ပါသည္။ ထို႔ေၾကာင့္ အခေၾကးေငြ ပိုမိုေပးေဆာင္ရသည့္ အျဖစ္အပ်က္မ်ားကို Wave Money မွ စစ္ေဆးအေရးယူသြားမည္ျဖစ္ၿပီး ယခုကဲ့သို႔ အေျခအေနမ်ိဳးတြင္ သုံးစြဲသူမ်ားအေပၚ အခြင့္ေကာင္းယူျခင္း သို႔မဟုတ္ စည္းကမ္းေဖာက္ဖ်က္ၿပီး မမွန္မကန္ျပဳမူျခင္းမ်ားကို သင့္ေလ်ာ္ေသာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေျဖရွင္းေဆာင္႐ြက္သြားပါမည္။

တစ္ဖက္တြင္လည္း မိတ္ေဆြတို႔၏ နားလည္လက္ခံေပးမႈကို ကြၽန္ုပ္တို႔ ေမွ်ာ္လင့္မိပါသည္။ Wave Money သည္ ယခုကဲ့သို႔ ခက္ခဲေသာ အေျခအေနမ်ိဳး၌ပင္ မိတ္ဖက္ကိုယ္စားလွယ္ႀကီးမ်ားႏွင့္အတူ သန္းေပါင္းမ်ားစြာေသာ သုံးစြဲသူမ်ားအား အေရးပါေသာ ဝန္ေဆာင္မႈကို ပုံမွန္အတိုင္း ျပန္လည္ ဝန္ေဆာင္မႈေပးနိုင္ရန္ အေကာင္းဆုံးႀကိဳးစားလ်က္ရွိပါသည္။ Wave Money ၏ ဝန္ေဆာင္မႈပလက္ေဖာင္း သို႔မဟုတ္ ကိုယ္စားလွယ္မ်ားႏွင့္ ပတ္သက္၍ အခက္အခဲတစ္စုံတစ္ရာရွိပါက ကြၽန္ုပ္တို႔၏ Call Center (900 / တယ္လီေနာ) ႏွင့္ (09790009000 / အျခားေအာ္ပေရတာမ်ား) သို႔ အခ်ိန္မေ႐ြးဆက္သြယ္အေၾကာင္းၾကားနိုင္ပါသည္။ မိတ္ေဆြတို႔၏ ယုံၾကည္မႈကို Wave Money မွ အစဥ္အၿမဲ တန္ဖိုးထား ေက်းဇူးတင္လ်က္ရွိပါသည္။

Source -WaveMoney page

Add a Comment

Your email address will not be published. Required fields are marked *