မွေးနေ့မှာ သူရူးသွပ်လွန်း တဲ့ အဆိုတော်ဘဝကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို စိတ်မကောင်းစွာ ဖြင့် ပြောပြလာတဲ့ ကျားပေါက်

သီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုရင်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေ ကို ရရှိထား သူကတော့ အဆိုတော် ကျားပေါက်ပဲ ဖြစ်ပါတယ်။ သူကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံက လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်း ပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။

အဆိုတော်ဘဝကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို စိတ်မကောင်းစွာ ဖြင့် ပြောပြလာတဲ့ ကျားပေါက်

အခုလိုပါဝင်ခဲ့တဲ့ ကျားပေါက်ကိုပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာကြောင့် ခေတ္တခဏ တိမ်းရှောင် နေရတာပဲ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း အဆို တော် နိုဗန်ထူး ၊ ရေမွန်၊ ဟန်နေတာတို့နဲ့အတူ “ Headshot” ဆိုတဲ့ သီချင်းကို ရေးသား ဖန်တီး သီဆိုခဲ့ကြသေးတာပဲ ဖြစ်ပါတယ်။

ဒီနေ့ကတော့ ကျားပေါက်ရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပြီး ချစ်ခင်ရသူများမှ သူ့အတွက် မွေးနေ့ဆုတောင်းတွေ ရေးသားပေးပို့ထားကြတာ ဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့တွင် အားလုံးအံ့အားသင့်သွားစေမယ့် သတင်းတစ်ခုကို မကြာသေးခင် နာရီပိုင်းလောက်က သူ့ရဲ့ လူမှုကွန်ယက်တွင် ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

အဆိုတော်ဘဝကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို စိတ်မကောင်းစွာ ဖြင့် ပြောပြလာတဲ့ ကျားပေါက်

ဒါကတော့ သူရူးသွပ်လွန်းတဲ့ အဆိုတော်ဘဝကိုစွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို စိတ်မကောင်းစွာဖြင့် ပြောပြလာတာ ဖြစ်ပါတယ်။ သူကလည်း ” ကျွန်တော်ကို ခင်ဗျားတို့ဆုံးရှုံးလိုက်ရတာထက် ခင်ဗျားတို့ကိုထားခဲ့ရတာ ကျွန်တော်ပိုထိခိုက်ရပါတယ်။ မိုးထက်ပြောသလို အားလုံးအတွက်က ကျွန်တော်တစ်ယောက်ထဲ မရှိတော့တာ ကျွန်တော့်မှာက အားလုံးမရှိရတော့ခြင်းပါ။

အရင်အတိုင်းအားလုံးကိုပျော်နေစေချင်တာပါပဲ။ (ဟိုအရူးထိပ်ပြောင်အာချောင်ကောင် တော့မပါဘူးပေါ့လေ 😅)သီချင်းတွေနဲ့ပတ်သက်ပြီး အားလုံးကိုချစ်ခဲ့ရတော့ ဘယ်တော့မှ musician မလုပ်တော့ဘူး ဆိုတဲ့ နာနေတဲ့စိတ်ဟာလည်း အချိန်တန်ရင်ပြောင်းသွားကောင်းပါရဲ့။

အဆိုတော်ဘဝကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို စိတ်မကောင်းစွာ ဖြင့် ပြောပြလာတဲ့ ကျားပေါက်

Art နဲ့ပတ်သက်ရင် ဘယ်တော့မှ မလိမ်မညာခဲ့တာ အားလုံးနဲ့ ရပ်တည်ခဲ့တာတွေကိုတော့ တစ်သက်လုံး ဂုဏ်ယူနေပါ့မယ်။ ကျွန်တော်ချန်ထားခဲ့တဲ့သီချင်းတွေ ပန်းချီတွေနဲ့ပျော်နေကြရင် ကျွန်တော် ကျေနပ်ပါမယ်။ ချစ်တဲ့ Kp 20th May 2069 ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အရေးတော်ပုံကြီးအောင်မြင်ပြီး မြောက်တဲ့အခါ အသစ်သစ်သော ဖန်တီးမှုတွေနဲ့

ပြန်လာမှာကို မျှော်လင့်နေတဲ့အကြောင်း comment တွင် ရေးသားထားကြတာ ဖြစ်ပါတယ်။ဂီတအပေါ် ရူးသွပ်စွဲလန်းလွန်းတာကြောင့် သွားဆေး ဆရာဝန်အဖြစ်နဲ့ မရပ်တည်ဘဲ အဆိုတော်ဘဝနဲ့သာ ဖြတ်သန်းခဲ့သူဖြစ်တာကြောင့် အခုလိုဆုံးဖြတ်ချက်ချရတာ အတော်ကို ခက်ခဲလွန်းမှာပါ။ကျားပေါက်တစ်ယောက် သူချစ်ရတဲ့ မိသားစုနဲ့အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

အဆိုတော်ဘဝကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို စိတ်မကောင်းစွာ ဖြင့် ပြောပြလာတဲ့ ကျားပေါက်

Credit;

Add a Comment

Your email address will not be published. Required fields are marked *