“မြို့မတေးဂီတရဲ့ ပင်တိုင်တေးသံရှင် အောင်ကျော်ဟိန်း မြို့မတူရိယာအသင်း-မန္တလေး မှ နှုတ်ထွက်”

မြို့မတေးဂီတရဲ့ ပင်တိုင်တေးသံရှင် အောင်ကျော်ဟိန်း မြို့မတူရိယာအသင်း-မန္တလေး မှ နှုတ်ထွက်ကြောင်း ၎င်း၏ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါတယ်။

“အသက် ၉ နှစ်သား ၂၀၀၂ ခုနှစ်မှာ ငွေငန်းကို စသိခွင့်ရခဲ့တယ်။ အဖေ့ရဲ့ စက်ဘီးနောက်က ထိုင်လိုက်ပြီး ငွေငန်းကြီးသွားရာ ကို လိုက်ကြည့်ခဲ့ဖူးတယ်။ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းနဲ့ ငွေငန်း၊ မြို့မ အသင်းကြီးနဲ့ ကိုယ်နဲ့ ရင်းနှီးနေတယ်လို့ခံစားရတယ်။ နောက် နှစ်တိုင်း နှစ်တိုင်း င်္သကြန်ကာလရောက်ပြီဆို ငွေငန်းကားကြီးနောက်ကို လိုက်ကြည့်နေမိရောပါပဲ။ ဒါကတော့ ငယ်ဘဝ အမှတ်တရပေ့ါ။ မှတ်မှတ်ရရ ၂၀၁၄ ခုနှစ်မှာ ရုံးက သူငယ်ချင်းတစ်ယောက်နဲ့ စကားဆက်စပ်မိရင်း သူမရဲ့ မိခင်ကမြို့မက နာယက တစ်ယောက်နဲ့ ရင်းနှီးတယ် ။ဆိုချင်လား အသံစစ် ပြီး ၊ ပြောကြည့်ပေးမယ်ဆိုလို့ ဝမ်းသာအားရ ချိတ်ကြည့်ဖူးခဲ့သေးတယ်။

အဲ့အချိန် အသင်းတိုက် ရောက်သွားတေ့ာ အတွင်းရေးမှူးတစ်ယောက်က လေမှုတ်တူရိယာတစ်မျိုး စသင်ပေးရော။ မကြာလိုက်ပါဘူး ။မလာနဲ့တော့ ဆိုပြီး ဝေးသွားရပြန်ရော။ တစ်ခါ ၂၀၁၆ ခုနှစ်မှာ မြို့မ မှာ တေးသံရှင် အသစ်တွေခေါ်ဖို့ ပြိုင်ပွဲရှိလာရော။

သတင်းရရချင်းပဲ ဖောင်ဝယ်ပြီး တစ်ခါတည်း တင်လိုက်တယ်။ အကဲဖြတ်တဲ့အထဲမှာ မြို့မငြိမ်းရဲ့သား ဖြစ်တဲ့ ဦးရွှန်းမြိုင်လည်း ပါခဲ့တယ်။ ပြိုင်ရတာကတော့ မြန်မာသံ ၊ ဗိုလ်သံ၊ သင်္ကြန်အစုံ။ အယောက်ပေါင်းများစွာထဲကနေ တဆင့်ချင်း ပါပါသွားရော၊ နောက်ဆုံး နှစ်ယောက်ပဲ ရွေးတဲ့အထဲ ပါဝင်ပြီး မြို့မရဲ့ တေးသံရှင် တစ်ဦးဖြစ်လာခဲ့တယ်။ မြန်မာသံတေးသံရှင်တစ်ဦးအနေနဲ့ မြို့မ မှာ သီဆိုရင်း မြန်မာသံတွေကို ပိုတန်ဖိုးထား ထား တတ်လာတယ်။ အပေါ်က စာတွေက ကျွန်တော့် စိတ်ဆန္ဒ ဘယ်လောက်ပြင်းပြခဲ့သလဲဆိုတာကို သိစေချင်လို့ပါ။ သက်တမ်းကြာရှည် ဂီတအနှစ်သာရ ပြည့်ဝတဲ့မြို့မမှာ ဆိုရတဲ့ မြို့မတေးသံရှင် ဆိုတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့မရဘူး။ ဂုဏ်ယူတယ်။

င်္သကြန်ပွဲ၊ မင်္ဂလာပွဲ၊ အလှူပွဲ၊ ဘုရားပွဲတွေ၊ ကထိန်ပွဲ၊ နိူင်ငံဂုဏ်ဆောင်ပွဲတွေ အများကြီး ဆိုခဲ့ရတယ်။ မြို့မတေးသံရှင်ဆိုတဲ့ အရာလေးကို တန်ဖိုးထား မြတ်နိူးလွန်းလို့ တခြားသော တီးဝိုင်းတွေ၊ ပွဲတွေ၊ ပြိုင်ပွဲတွေမှာတောင် ဝင်ရောက် မပြိုင်တော့ဘူး၊ မဆိုတော့ဘူး။ တချို့ ကိုယ့်ကိုလာကမ်းလှမ်းတဲ့ အရာတွေတောင် စိတ်မဝင်စားခဲ့ဘူး။ မပတ်သတ်ခဲ့ဘူး။ လတ်တလော ကြုံတွေ့နေရတဲ့ မြို့မရဲ့ အခြေအနေတွေကြောင့် စိတ်တွေ အရမ်းထိခိုက်ရတယ်။ ဝမ်းနည်းရတယ်။ မြို့မကို ချစ်တယ်။ ငွေငန်းကိုလည်း ချစ်တယ်။

တစ်ခုသိစေချင်တာက ငွေငန်းကြီးက သက်မဲ့ဖြစ်တယ်။ရပ်တည်မှု မတူညီတော့တဲ့အခါမှာ ခွဲခွါဖို့ဆိုတာ ဖြစ်လာတယ်။ မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို လက်ရှိဦးဆောင်နေသော အသင်းလူကြီးများအောက်တွင် ဆက်လက်သီဆိုခြင်း မရှိတော့ပါသောကြောင့် ကျွန်န်ုပ် တေးသံရှင် အောင်ကျော်ဟိန်း သည် ယနေ့မှစ၍ မြို့မ အပျော်တမ်းတူရိယာ အသင်းကြီး၏တေးသံရှင် တစ်ဦးအဖြစ်မှ နှုတ်ထွက်ပါသည်” လို့ရေးသားထားပါတယ်။

Zawgyi

ၿမိဳ႕မေတးဂီတရဲ႕ ပင္တိုင္ေတးသံရွင္ ေအာင္ေက်ာ္ဟိန္း ၿမိဳ႕မတူရိယာအသင္း-မႏၲေလး မွ ႏႈတ္ထြက္ေၾကာင္း ၎၏ေဖ့ဘြတ္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပခဲ့ပါတယ္။

“အသက္ ၉ ႏွစ္သား ၂၀၀၂ ခုႏွစ္မွာ ေငြငန္းကို စသိခြင့္ရခဲ့တယ္။ အေဖ့ရဲ႕ စက္ဘီးေနာက္က ထိုင္လိုက္ၿပီး ေငြငန္းႀကီးသြားရာ ကို လိုက္ၾကည့္ခဲ့ဖူးတယ္။ စိတ္ထဲမွာ နက္နက္ရွိုင္းရွိုင္းနဲ႕ ေငြငန္း၊ ၿမိဳ႕မ အသင္းႀကီးနဲ႕ ကိုယ္နဲ႕ ရင္းႏွီးေနတယ္လို႔ခံစားရတယ္။ ေနာက္ ႏွစ္တိုင္း ႏွစ္တိုင္း သၤၾကန္ကာလေရာက္ၿပီဆို ေငြငန္းကားႀကီးေနာက္ကို လိုက္ၾကည့္ေနမိေရာပါပဲ။ ဒါကေတာ့ ငယ္ဘဝ အမွတ္တရေပ့ါ။ မွတ္မွတ္ရရ ၂၀၁၄ ခုႏွစ္မွာ ႐ုံးက သူငယ္ခ်င္းတစ္ေယာက္နဲ႕ စကားဆက္စပ္မိရင္း သူမရဲ႕ မိခင္ကၿမိဳ႕မက နာယက တစ္ေယာက္နဲ႕ ရင္းႏွီးတယ္ ။ဆိုခ်င္လား အသံစစ္ ၿပီး ၊ ေျပာၾကည့္ေပးမယ္ဆိုလို႔ ဝမ္းသာအားရ ခ်ိတ္ၾကည့္ဖူးခဲ့ေသးတယ္။

အဲ့အခ်ိန္ အသင္းတိုက္ ေရာက္သြားေတ့ာ အတြင္းေရးမႉးတစ္ေယာက္က ေလမႈတ္တူရိယာတစ္မ်ိဳး စသင္ေပးေရာ။ မၾကာလိုက္ပါဘူး ။မလာနဲ႕ေတာ့ ဆိုၿပီး ေဝးသြားရျပန္ေရာ။ တစ္ခါ ၂၀၁၆ ခုႏွစ္မွာ ၿမိဳ႕မ မွာ ေတးသံရွင္ အသစ္ေတြေခၚဖို႔ ၿပိဳင္ပြဲရွိလာေရာ။

သတင္းရရခ်င္းပဲ ေဖာင္ဝယ္ၿပီး တစ္ခါတည္း တင္လိုက္တယ္။ အကဲျဖတ္တဲ့အထဲမွာ ၿမိဳ႕မၿငိမ္းရဲ႕သား ျဖစ္တဲ့ ဦး႐ႊန္းၿမိဳင္လည္း ပါခဲ့တယ္။ ၿပိဳင္ရတာကေတာ့ ျမန္မာသံ ၊ ဗိုလ္သံ၊ သၾကၤန္အစုံ။ အေယာက္ေပါင္းမ်ားစြာထဲကေန တဆင့္ခ်င္း ပါပါသြားေရာ၊ ေနာက္ဆုံး ႏွစ္ေယာက္ပဲ ေ႐ြးတဲ့အထဲ ပါဝင္ၿပီး ၿမိဳ႕မရဲ႕ ေတးသံရွင္ တစ္ဦးျဖစ္လာခဲ့တယ္။ ျမန္မာသံေတးသံရွင္တစ္ဦးအေနနဲ႕ ၿမိဳ႕မ မွာ သီဆိုရင္း ျမန္မာသံေတြကို ပိုတန္ဖိုးထား ထား တတ္လာတယ္။ အေပၚက စာေတြက ကြၽန္ေတာ့္ စိတ္ဆႏၵ ဘယ္ေလာက္ျပင္းျပခဲ့သလဲဆိုတာကို သိေစခ်င္လို႔ပါ။ သက္တမ္းၾကာရွည္ ဂီတအႏွစ္သာရ ျပည့္ဝတဲ့ၿမိဳ႕မမွာ ဆိုရတဲ့ ၿမိဳ႕မေတးသံရွင္ ဆိုတဲ့ ခံစားခ်က္က ဘာနဲ႕မွ လဲလို႔မရဘူး။ ဂုဏ္ယူတယ္။

သၤၾကန္ပြဲ၊ မဂၤလာပြဲ၊ အလႉပြဲ၊ ဘုရားပြဲေတြ၊ ကထိန္ပြဲ၊ နိူင္ငံဂုဏ္ေဆာင္္ပြဲေတြ အမ်ားႀကီး ဆိုခဲ့ရတယ္။ ၿမိဳ႕မေတးသံရွင္ဆိုတဲ့ အရာေလးကို တန္ဖိုးထား ျမတ္နိူးလြန္းလို႔ တျခားေသာ တီးဝိုင္းေတြ၊ ပြဲေတြ၊ ၿပိဳင္ပြဲေတြမွာေတာင္ ဝင္ေရာက္ မၿပိဳင္ေတာ့ဘူး၊ မဆိုေတာ့ဘူး။ တခ်ိဳ႕ ကိုယ့္ကိုလာကမ္းလွမ္းတဲ့ အရာေတြေတာင္ စိတ္မဝင္စားခဲ့ဘူး။ မပတ္သတ္ခဲ့ဘူး။ လတ္တေလာ ႀကဳံေတြ႕ေနရတဲ့ ၿမိဳ႕မရဲ႕ အေျခအေနေတြေၾကာင့္ စိတ္ေတြ အရမ္းထိခိုက္ရတယ္။ ဝမ္းနည္းရတယ္။ ၿမိဳ႕မကို ခ်စ္တယ္။ ေငြငန္းကိုလည္း ခ်စ္တယ္။

တစ္ခုသိေစခ်င္တာက ေငြငန္းႀကီးက သက္မဲ့ျဖစ္တယ္။ရပ္တည္မႈ မတူညီေတာ့တဲ့အခါမွာ ခြဲခြါဖို႔ဆိုတာ ျဖစ္လာတယ္။ ၿမိဳ႕မအေပ်ာ္တမ္းတူရိယာအသင္းႀကီးကို လက္ရွိဦးေဆာင္ေနေသာ အသင္းလူႀကီးမ်ားေအာက္တြင္ ဆက္လက္သီဆိုျခင္း မရွိေတာ့ပါေသာေၾကာင့္ ကြၽန္န္ုပ္ ေတးသံရွင္ ေအာင္ေက်ာ္ဟိန္း သည္ ယေန႕မွစ၍ ၿမိဳ႕မ အေပ်ာ္တမ္းတူရိယာ အသင္းႀကီး၏ေတးသံရွင္ တစ္ဦးအျဖစ္မွ ႏႈတ္ထြက္ပါသည္” လို႔ေရးသားထားပါတယ္။

Credit;

Add a Comment

Your email address will not be published. Required fields are marked *