မြန်မာပြည်ပြန် ဖို့ အခက်အခဲ ရှိနေ တာကြောင့် လက်ရှိ New York ကို ရောက်နေပြီး ဝရမ်းထုတ်ထားတယ် ဆိုတဲ့ သတင်းအမှား ကိုလည်း ပြန်လည် ဖြေရှင်းလိုက်တဲ့ သူဇာဝင့်လွင်

Miss Universe ပြိုင်ပွဲ ကို အခက်အခဲတွေ ကြားကနေ ရောက်အော င်သွားခဲ့ပြီး မြန်မာနိုင်ငံ အတွက် စိတ်ကျေန ပ်စရာကောင်းတဲ့ ရလဒ်တွေ ကို ယူဆောင်ေ ပးခဲ့တဲ့ သူဇာဝင့်လွင်ဟာ Miss Universe ပြိုင်ပွဲ အပြီး ယခု လက်ရှိ New York ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မြန်မာပြည် ပြန်ဖို့အတွက်အခ က်အခဲရှိနေ တာကြောင့်ရယ် America မှာ ရှိတဲ့ ချင်းလူမျိုးတွေရဲ့ ဖိတ်ကြား မှုတွေကိုလည်း သွားရမှာမို့ ပြန်မ လာဖြစ်သေးတာ ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝရမ်းအထုတ်ခံရတယ် ဆိုတဲ့ သတင်း အမှားနဲ့ ပတ်သတ်ပြီး ဖြေရှင်းထား ပါသေးတယ်။

ဝရမ်းထုတ်ထားတယ် ဆိုတဲ့ သတင်းအမှား ကိုလည်း ပြန်လည် ဖြေရှင်းလိုက်တဲ့ သူဇာဝင့်လွင်

“သူဇာ့ကို ဝရမ်းထုတ်ထား တယ်ဆိုတဲ့ သတင်းက သတင်းအမှား ပါရှင်။ ဒါပေမယ့် နိုင်ငံကထွ က်လာပြီဆိုကတည်းက အိမ်ကိုပြန်ဖို့အတွက် Risk ကိုမယူရဲတာပါ။ ဖြစ်နိုင်ရင်တော့ ကိုယ့်အိမ် ကိုယ်ပဲပြန်ချ င်တာပေါ့။ လောလောဆယ် ဒီမှာအဆင်ပြေအောင်ပဲ ကြိုးစားပြီးနေ ထိုင်ပါဦးမယ်။ သတင်းအ မှားကြီးပြန့်နေလို့ ဖြေရှင်းပေးတာပါ။ အားလုံးလ ည်း ဂရုစိုက်ကြပါနော် ……” ဆိုပြီး ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံကို ပြန်လာဖို့ အခက် အခဲ ရှိနေ ပင်မဲ့လည်း candy ဟာ ယခု New York မှာ America ရောက် မြန်မာတွေရဲ့ အကူအညီနဲ့ အဆင်ေြ ပပြေ ရှိနေတာပဲ ဖြစ်ပါတယ်။

ဝရမ်းထုတ်ထားတယ် ဆိုတဲ့ သတင်းအမှား ကိုလည်း ပြန်လည် ဖြေရှင်းလိုက်တဲ့ သူဇာဝင့်လွင်

ဥက္ကာမင်းမောင် ဟာလည်း Miss Universe ပြိုင် ပွဲအစ ကနေ စပြီး ယခုချိန်ထိ Candy ကို ကူညီေ ပးနေတာပဲ ဖြစ်ပါတယ်။ အခုအခါမှာ Candyရဲ့ အခက်အခဲတွေ အတွက် ညီမအရင်းလို ပြုစု စောင့်ရှောက် ပေးမယ် ဆိုပြီး သူရဲ့ လူမှုကွန်ယက် စာမျက်နှာ ထက်မှာ မျှဝေထားပါသေးတယ်။

ဝရမ်းထုတ်ထားတယ် ဆိုတဲ့ သတင်းအမှား ကိုလည်း ပြန်လည် ဖြေရှင်းလိုက်တဲ့ သူဇာဝင့်လွင်

“Miss Universe ပွဲ အပြီး Candy လေး ဒီနေ့ပဲ New York ရောက် လာတော့ မုန့်သွားစား လျှောက်သွား စကားစမ ည်ပြောရင်း အမှတ်တရ… ကျွန်တော့် ညီမ အရင်း ထက်တောင်ငယ်တဲ့ Candy ကို ကျွန်တော့် ညီမ အရင်းတစ်ယောက်လိုပဲ လိုအပ်တာ မှန်သမျှ ကူညီ စောင့်ရှောက်ေ ပးပါမယ်.. လောလောဆယ် မြန်မာပြည်ပြန်ဖို့လဲ အခ က်အခဲရှိတယ်… သူ့ safety အတွက်လဲ စိတ်ပူရတဲ့ အခြေအနေမှာ ပြိုင်ပွဲပြီးသော်လဲ တခြားသူတွေလို ဂုဏ်ယူဝင့်ြ ကွားစွာနှင့်သူ့တိုင်းပြည် သူပြန်လို့မရ.. ကျန်ရှိနေတဲ့ သူ့ဘဝခရီးရှေ့ဆက်ဖို့ စိတ်ဓါတ်မ ကျဖို့ အားပေးရင်း သူက ဒီနိုင်ငံမှာ Modeling ဆက်လက် လုပ်ဆောင်သွားဖို့စဉ်းစားနေတယ်ဆိုတော့

ဝရမ်းထုတ်ထားတယ် ဆိုတဲ့ သတင်းအမှား ကိုလည်း ပြန်လည် ဖြေရှင်းလိုက်တဲ့ သူဇာဝင့်လွင်

ကိုယ် သိသလောက် အားပေးအကြံပေး ရင်းဆုံကြသည်ပေါ့… ဒီနေ့တော့ New York ကို ရောက်တာ သူ့ပထမ ဆုံးနေ့ဆိုတော့ Times Square ဝန်းကျင် လျှောက်ပို့ရင်း အမှတ်တရ ပုံလေးတွေ.. ပရိတ်သတ်များရော.. သူ့မိသားစုဝင်များရော စိတ်မပူနဲ့နော်.. အားလုံးအ ဆင်ပြေသွားမှာပါ..သဘက်ခါ America ရောက် ချင်းလူမျိုးတွေ ဖိတ်ကြားမှူနဲ့ Indiana ပြည်နယ်ကို သူသွား ပါမယ်.. သူ့ကို ဂုဏ်ပြုချင် ချစ်ကြသူတွေလဲ US တခွင် တအားများပါတယ်..US တခွင် ဖိတ်ကြားမှူများ သွားပြီးလို့ New York ပြန်လာရင် သူ့ကို ဂုဏ်ပြုပွဲ ကျင်းပေ ပးချင်ကြသော မိတ်ဆွေများနှင့် ပွဲလေးတပွဲပြုလု ပ်ပေးမည်ဖြစ်ပါ သည်..

ဝရမ်းထုတ်ထားတယ် ဆိုတဲ့ သတင်းအမှား ကိုလည်း ပြန်လည် ဖြေရှင်းလိုက်တဲ့ သူဇာဝင့်လွင်

ထိုအတွက် လာမေးကြသော message များအား လုံး မပြန်ရသေးတာ ခွင့်လွှတ်ပါ.. သူ New York မှာနေ တဲ့ ကာလပတ်လုံး ခင်မင်သူပေါပြီး သူ့ဘဝ လုံခြုံမှူရှိရေး အတွက်ရော …ရှေ့ဆက်ရမယ့် ဘဝခရီးမှာ မိတ်ဆွေ အပေါင်းအသင်းပေါများဖို့ အတွက်ရော … သူ့ကို အားပေးသူ ရွှေမြန်မာ များနှင့် တွေ့ဆုံ ပွဲလေး ကျင်း ပပါမည်.. ရက် နေ့စွဲနှင့် အချိန် ပြန်လည်ကြေငြာပါ မည်ခင်ဗျာ.. ကိုယ့်မြန်မာအချင်းချင်း တထောင့်တနေရာကနေ ကူညီအားပေးကြ ပါလို့ပြော ချင်ပါတယ်ခင်ဗျာ.. အခုတော့ ဒီ New York မှာ Modeling လုပ်နေတဲ့ Beauty သက်သ က်သင်း နဲ့ အတူ နေပါတယ်ခင်ဗျာ.. Candy လေး အစစအရာရာ အဆင်ပြေပြေ ရှိပါတယ်ခင်ဗျာ…Welcome to New York Candy …..” လက်ရှိ candy လေး လုံခြုံမှု ရှိရှိနဲ့ အဆင်ပြေပြေ နေထိုင် နေရတဲ့ အကြောင်း ပြောပြလာတာကို ပရိသတ်တွေ အတွက် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်……..။

ဝရမ်းထုတ်ထားတယ် ဆိုတဲ့ သတင်းအမှား ကိုလည်း ပြန်လည် ဖြေရှင်းလိုက်တဲ့ သူဇာဝင့်လွင်

Source;Thuzar Wint Lwin & Okkar Min Maung ‘ FB account

Add a Comment

Your email address will not be published. Required fields are marked *