တယ်လီဖုန်းလိုင်းများကို ကြားဖြတ်နားထောင်ရန် အာဏာသိမ်း စစ်တပ်က ကြိုတင်ကြံစည်ခဲ့ကြောင်း အထောက်ထားဖြင့် ပေါက်ကြား

တပ် က တယ်လီဖုန်းလိုင်းတွေကို ကြားဖြတ်နားထော င်နိုင်တဲ့စပိုင် နည်းပညာပ စ္စည်းတွေ တပ်ဆင်ကြဖို့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စ်အာဏာမသိမ်းခင် လပေါင်းများစွာကတည်းက တယ်လီကွန်း ကုမ္ပဏီတွေကိုအမိန့်ပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။

တယ်လီဖုန်းလိုင်းများကို ကြားဖြတ်နားထောင်ရန် အာဏာသိမ်း စစ်တပ်က ကြိုတင်ကြံစည်ခဲ့ကြောင်း အထောက်ထားဖြင့် ပေါက်ကြား

စစ်တပ်ဟာ အဲဒီနည်းပညာကို အသုံးပြုပြီး ပြည်သူလူထုရဲ့ ဖုန်းခေါ်ဆိုမှုတွေ (SMS) စာတိုပေးပို့မှုတွေ၊ အီးမေးလ်စာပို့တာတွေကို ဖုန်းအော်ပရေတာနဲ့ အင်တာနက်ကုမ္ပဏီရဲ့ အကူအညီနဲ့ ခွင့်ပြုချက်မလိုအပ်ပဲ ကြားဖြတ်နားထောင် ဖတ်ရှုနိုင်မယ့်အပြင် ဘယ်နေရာ ရောက်နေတယ်ဆိုတာကိုပါ စောင့်ကြည့်ထောက်လှမ်းနိုင်လာမှာ ဖြစ်ပါတယ်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက စစ်တပ်အရာရှိဟောင်းတွေနဲ့အတူ စစ်တပ်ထိန်ချုပ်ထားတဲ့ ပြည်ထဲရေးဌာနက အရာရှိတွေ အဲဒီအမိန့်ကို အသိပေးခဲ့တယ်လို့ ဆက်သွယ်ရေးကုမ္ပဏီ အဆင့်မြင့် အရာရှိတယောက်က ရိုက်တာကို ပြောပြထားပါတယ်။

တယ်လီဖုန်းလိုင်းများကို ကြားဖြတ်နားထောင်ရန် အာဏာသိမ်း စစ်တပ်က ကြိုတင်ကြံစည်ခဲ့ကြောင်း အထောက်ထားဖြင့် ပေါက်ကြား

အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၉–၂၀၂၁ ဘတ်ဂျက်ထဲမှာ အများပြည်သူကို ချပြမထားပေမယ့် ဒေါ်လာ ၄သန်းဖိုးရှိတဲ့ ထောက်လှမ်းခြေရာခံနိုင်တဲ့ အင်တာဆက်ပ် intercept စပိုင် နည်းပညာပစ္စည်းတွေဝယ်ယူဖို့ ပါဝင်တဲ့အကြောင်း Justice for Myanmar အဖွဲ့က ရရှိတဲ့ အထောက်အထားတွေအရ သိရပါတယ်။

တယ်လီဖုန်းလိုင်းများကို ကြားဖြတ်နားထောင်ရန် အာဏာသိမ်း စစ်တပ်က ကြိုတင်ကြံစည်ခဲ့ကြောင်း အထောက်ထားဖြင့် ပေါက်ကြား

အဲဒီ ခြေရာခံ ကြားဖြတ်စပိုင်နည်းပညာ ပစ္စည်းတွေကို တယ်လီဖုန်းနဲ့ အင်တာနက် ကုမ္ပဏီတွေအားလုံးမှာတော့ မတပ်ဆင်ရသေးဘူးလို့ သိရပေမယ့် ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်အသုံးပြုနေနိုင်ပြီလဲ ဆိုတာကိုတော့ စုံစမ်းအတည်ပြုနိုင်ခြင်းမ ရှိဘူးလို့ ရိုက်တာသတင်းမှာ ရေးသား ဖော်ပြထားပါတယ်။

Zawgyi






Credit;

Add a Comment

Your email address will not be published. Required fields are marked *