မြန်မာနိုင်ငံကို ဉီးတည်မည့် ဆိုင်ကလုန်းမုန်တိုင်းတခု ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိ…မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ

မြန်မာနိုင်ငံ ရဲ့ အနောက်ေ တာင်ဘက် ဘဂ်လားပင်လယ်ေ ကွ့အတွင်း လေဖိအား နည်းရပ်ဝန်း တခု စတင်ဖြစ်ပေါ်လာေ နပီးလာမယ့် မေလ ၂၁ ရက်နဲ့ မေလ ၂၇ ရက်တွေ အတွင်းမှာ ဆိုင်ကလုန်း မုန်တိုင်းအနေနဲ့ တိုက်ခတ်လာနိုင်စရာရှိတယ်လို အိန္ဒိယ မိုးလေဝသဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို ဉီးတည်မည့် ဆိုင်ကလုန်းမုန်တိုင်းတခု ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိ

အဲဒီမုန်တိုင်း ပြင်းအားပမာဏကို ခန့်မှန်းဖို စောလွန်းနေသေးပေမယ့် ကွန်ပြူတာမော်ဒယ် ဖန်တီးမူတွေအရ အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တခုဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြိုကို ဉီးတည်တိုက်ခတ်လာနိုင်တယ်လို ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံ မိုးဇလဌာန ဝက်ဘ်ဆိုက်မှာတော့ ဆိုင်ကလုန်းသတိပေးချက်လို ရေးသားထားပေမယ့် ထူးခြားမူမရှိနိုင်ဘူးလို ဖေါ်ပြထားပါတယ်။

DVB

မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ

မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ

၁။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကို မျှဝေပါ။ ကောလဟလ သတင်းများကို မယုံပါနှင့်။

၂။ အရေးပေါ်သုံးပစွည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိပါ။

၃။ မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို၊ ဆက်သွယ်ရမည့်သူ စသည်တိုအား ရေးသားပြီးမိသားစုဝင်တိုင်း ယူဆောင်ထားပါ။

၄။ မုန်တိုင်းဒီရေကို အထူးဂရုပြုပါ။

၅။ သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထးသော ဘေးလွတ်ရာနေရာသို ပြောင်းရွှေ့ခိုလှုပါ။ မုန်တိုင်းကျရောက်လာလျှင် အောက်ဖော်ပြပါအရေးပေါ် သုံးပစ္စည်းများ သင်နှင့်အတူရှိပြီလား ဆန်းစစ်ပါ။ ပေါ့ပါးပြီး ရေစိုခံကာ သယ်ယူရလွယ်ကူသောအိတ်ဖြင့် ထည့်ရန်။

– ရေနှင့် ဓာတ်ဆားများ

– ကြာရှည်ခံ အစားအစာများ

– ရှေးဦးသူနာပြု ပစ္စည်းများနှင့် သုံးစွဲနေသည့် ဆေးဝါးများ

– အရေးပေါ်ခြုံစောင်

– အဝတ်အစားများ

– ရေစိုခံမိုးကာ

– အကြမ်းခံသည့် ဖိနပ်

– ဘက်ထရီအပြည့်ရှိသည့် ဖုန်းနဲ့ရေဒီယို

– လက်နှိပ်ဓာတ်မီး/ မီးအိမ်နှင့် ဓာတ်ခဲအပိုများ

– ဘက်စုံသုံး၊ အိတ်ဆောင်ဓါး၊ ကြိုး

– ဖယောင်းတိုင်၊ မီးခြစ်

– အခြားသူများ။ အာရုံစိုက်မှုရစေရန် လိုအပ်သည့် ဝီစီ

– တစ်ကိုယ်ရေသုံး အသုံးအဆောင်များ (ဆပ်ပြာ၊ သွားတိုက်ဆေး)

– ရေစိုခံအိတ်နှင့် ထည့်ထားသည့် အရေးကြီးစာရွက်စာတမ်း၊ ငွေသား

– ကလေးများ၏ ကျောင်းသုံးပစ္စည်းများ

Credit;

Add a Comment

Your email address will not be published. Required fields are marked *