ဘဏ်တွေမှာ ငွေတွေတိုးကြိတ်ထုတ်နေသူများ အစိုးရ ကို စိတ်အနှောင့်အယှက် လုပ်နေသူများဖြစ် ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌပြောဆို

ATM တွင်ငွေ တိုးကြိတ်ထု တ်နေသူများ အစိုးရကို အနှောင့်အ ယှက် လုပ်နေသူများဖြစ်၊ ဘဏ်များတွင် တစ်ပတ်အ တွင်း အပ်နှံငွေ ကျပ် ဘီလီယံ ၂၀၀ ရှိလာဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောဆိုမှု လိမ်လည်ခြင်းဟု ဘဏ်အသိုင်းအဝိုင်းပြော၊ အကြမ်း ဖက်လူသ တ်ဖက်ဆစ် စစ်ကောင်စီက ခန့်အပ် ထားသော ဗဟိုဘ ဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ATM စက်များတွင် ပြည်သူများ ငွေတိုး ကြိတ်ထု တ်နေမှုသည် အစိုးရကို အနှောင့် အယှက်ဖြစ်စေရန် လုပ်ဆောင်နေသူ များဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ATM စက်မှာ လူတွေဘာ လို့ ပုံနေရလဲဆိုရင် ပုံမှန်မဟုတ်သော အခြေအနေ နိုင်ငံရေးပြောင်းလဲ မှု အခြေအနေမှာအြ ခားပယောဂတွေပါပြီးတော့ ကိုယ်လိုလို့ ငွေထုတ်တာထ က် အနှောင့် အယှက်ဖြစ်အောင် ထုတ်တဲ့သဘောမျိုးတွေ” ဟု ၎င်းက ဆိုသည်။ အကြမ်းဖက် လူသတ်ဖက်ဆစ် စစ်ကောင်စီက ခန့်အပ် ထားသော ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြီးခဲ့သည့် အပတ်အတွင်း အပ်နှံေ ငွ ကျပ်ငွေ ဘီလီယံ ၂၀၀ ရှိလာကြောင်း ကျင်းပသည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ တွင်ပြောဆိုမှုသည် လိမ်လည်မှု သက်သက်သာ ဖြစ် ကြောင်း ပုဂ္ဂလိက ဘဏ်အသိုင်း အဝိုင်းက ပြောဆိုလိုက်သည်။

“ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဒုတိ ယဥက္ကဋ္ဌ ပြောသွားတဲ့ ပြီးခဲ့တဲ့ အပတ်မှာ ဘဏ်တွေကိုလာ အပ်တာ ကျပ်ငွေ ဘီလီယံ ၂၀၀ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ဘ ဏ်တွေ ဘယ်လောက် ရုန်းကန်နေရတ ယ်ဆိုတာကျနော်တို့ အသိဆုံးပါ။ ပြောချင်တာက သူက အဲလို ထွက်ပြောလေ လူတွေက မယုံကြည်ပြီး ငွေလာ ထုတ်လေလေ ဖြစ်တော့ အဲဒီလို အလိမ်အညာတွေ ဖီးလုံး လိမ့်လုံးတွေက အြေ ခအနေကို ပိုဆိုးစေပါတယ်။ အလုပ်မဖြစ်တဲ့ အလိမ်အညာတွေ ပြောနေတာက တကယ့်ပြဿနာပါ။ ဘဏ်မှာ ငွေအပ်သူက မရှိဘူး။ထု တ်မယ့်သူတွေပဲ တိုးဝှေ့ေ နတာပါ ပြီးခဲ့တဲ့တစ်ပတ်လုံး” ဟု ပုဂ္ဂလိက ဘဏ်ကြီးတစ်ခုမှ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

AGD ဘဏ်မှ မန်နေဂျာတ စ်ဦးကလည်း ပြီးခဲ့သည့် တစ်ပတ်လုံး AGD ဘဏ်တွင် ငွေထုတ်သူများ များပြားလွန်း၍တစ်ပတ်လျှင် လူတစ်ဦး ငွေကျပ် ၃ သိန်းသာ ထုတ်ပေးရန် ကြေညာချက် ထုတ်ပြန်ရကြောင်း ပြောဆိုသည်။“စာအုပ်က ထုတ်ထုတ်၊ ATM က ထုတ်ထုတ် တစ်ပတ်ကို ၃ သိန်းပဲ ပေးနိုင် ပါတော့တယ်။ ကျမတို့ဘဏ်မှာေ တာ့ငွေအပ်သူ လုံးဝ မရှိပါဘူး။ တစ်နေ့ တစ်နေ့ ATM နဲ့ဘဏ်ရှေ့မှာ ငွေထုတ် မယ့်သူတွေ တိုးနေတယ်။ တိုကင်ပြည့်တာနဲ့ ငွေထုတ်ပေးပြီးတာနဲ့ ဘဏ်လည်း ပိတ်လိုက်ရတာပဲ။ ဒါနဲ့ပဲ လည်နေတာ” ဟု AGD ဘဏ်မန်နေဂျာကဆိုသည်။

AYA ဘဏ်မှ ဒုမန်နေဂျာတစ်ဦးကလည်း ပုဂ္ဂလိဘဏ်ဝန် ထမ်းများအကြား လာမည့် လများတွင် လစာတစ်ဝက် သာရနိုင်မ ည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း၊ ဘဏ်များတွင် ကျပ်ငွေ မရှိသည့်ပြဿနာနှင့်ဘဏ်လုပ်ငန်းဆိုင်ရာ အများစု ရပ်ဆိုင်းနေသည်ဟု ဆိုသည်။ “ဝန်ထမ်းတွေတောင် လစာတစ်ဝ က်ပဲရမယ်ဆိုပြီး သတင်းတွေ ကြားနေရတယ်။ ဗုံးခွဲမယ် အပြင်မထွက်နဲ့ဆိုတဲ့ သတင်းတွေ ကြောင့် ဘဏ်တွေက နောက်ကျဖွင့်၊စောစောပိတ်စောစောပြန် အဲလိုတွေဖြစ်နေတယ်။ ဘဏ်ဝန်ထမ်းတောင် လစာရပါ့မလားဆို တာစိုး ရိမ်နေရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ အခြေအနေတွင် တိုင်းပြည်၏ ဘဏ်နှင့်စီးပွားရေးအြေ ခအနေကို တည့်မတ်အောင် ဗဟိုဘဏ်အနေဖြ င့်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပြည် သူကို အပြစ်တင်နေခြင်းသည် မယုံကြည်မှုကို ပိုမိုကြီးထွားစေကြောင်း၊ အမိန့်နှင့်လက်နက်အာဏာသည် စီးပွားရေးနှင့် လူထု၏ စိုးရိမ်မှုကို ထိန်းချုပ်မရနိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းမှ ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။

Zawgyi







Credit;

Add a Comment

Your email address will not be published. Required fields are marked *