AYA Bank ATM စက်ကနေ ငွေထုတ်ဖို အပင်ပန်းခံ တန်းစီနေ ရတဲ့ လူတွေ အတွက် အဆင်ပြေတဲ့ နည်းလမ်း တခု ပြောပြပါမယ် ……

တချို့ဆို ATM ကတ်ထဲက ငွေထုတ်ဖို့ကို မနက် ၆ နာရီလောက်ထဲကထပြီး သွားတန်းစီရတယ် …. လူတွေ အရမ်းများတော့ တနေကုန်နီးပါး တန်းစီ …. နေ့ခင်း ၃ လေးနာရီလောက်မှ တရက်စာအတွက် ထုတ်ပေးတဲ့ ၃ သိန်းလေးပဲရတာ ….ဒါတောင် တခါတလေ ကိုယ့်အလှည့်ရောက်လို့ ATM စက်ရှေ့ရောက်ပြီဆိုမှ ပိုက်ဆံ ကုန်သွားပြီဆို ပင်ပန်းလွန်းခဲ့သမျှ သေပါလေရောပဲ ….

အဲ့လို လုပ်မဲ့အစား AYA Pay အကောင့်တခု ဖွင့်လိုက်ပြီး AYA Pay Agent ( သို့ ) Max ဆီဆိုင် ကနေပဲ ငွေထုတ်ခ Fees နဲနဲလောက်ပေးပြီး ထုတ်လိုက်ကြပါ …… တနေကုန် အိပ်ရေးပျက်အပင်ပန်းခံ တန်းစီနေမဲ့အစား ပိုက်ဆံ ၃ သိန်းကို ထုတ်ခ 2500 လောက်ပေးလိုက်ရတာကပဲ ပိုအဆင်ပြေကြမှာပါ ….( ခုချိန်မှာတော့ agent တွေလဲ ငွေထုတ်ပေးဖို့ အဆင်မပြေလောက်တော့ ကျွန်တော်ကတော့ Max ဆီဆိုင်ကနေပဲ သွားထုတ်ခဲ့တယ် …)

တနေ့ကို ၃ သိန်း ထုတ်ပေးပါတယ် …… ( AYA Pay Acc က Level 2 ဖြစ်ရပါမယ် )

1…. အရင်ဆုံး Play store ကနေပြီး AYA Pay App ကို download ဆွဲပါ ….

2…. ပြီးရင် Acc ဖွင့်လိုက်ပါ ..Acc ဖွင့်တာ လွယ်လွယ်လေးပါ .. Ph no ၁ ခုပဲ လိုတာပါ…( အကောင့်နာမည်ကို မှတ်ပုံတင်ထဲက နာမည်အတိုင်း ထားပါဗျ … acc name Eng လို ရေးပါ ) ဖုန်းထဲကို ပြန်ချပေးတဲ့ Otp

3 လုံးကို ဖြည့်ပေးပီးရင်AYA Pay အကောင့်အတွက် မိမိကြိုက်နှစ်သက်ရာ password 6 လုံးထားပါ … ဒါဆိုရင် AYA pay အကောင့်တခုရပါပီ ..( ဒီအကောင့်က Level 1 ပဲ ရှိပါသေးတယ်…. )

4…. AYA Pay အကောင့်ကို AYA mobile banking နဲ့ ချိတ်ဆက်ပီး ငွေဖြည့်နိုင်ရန် AYA pay acc ကို Level 2 ဖြစ်အောင်လုပ်ပါ )ဒီမှာ Level 2 ဖြစ်အောင်လုပ်တဲ့နည်းကို AYA Pay ရဲ့ page ကနေပဲ ပုံနှင့်တကွ သေချာပြထားတဲ့ Link ထည့်ပေးထားပါတယ် ……. 👇👇👇

5…. Level 2 ဖြစ်အောင်လိုအပ်တာတွေ အကုန်ဖြည့်ပီးသွားလို့ Pending ဖြစ်နေပြီဆိုရင် AYA Pay ရဲ့ Call center ph. …01 4705777 ext 1 ကို ခေါ်ပီး Level 2 လျှောက်ထားတကြောင်း Approved ချပေးဖို့လှမ်းပြောပါ …( ဖုန်းဆက်မပြောလဲ အချက်လက်မှန်ကန်ရင် ၂၄ နာရီအတွင်း Approved ပေးပါတယ် )

6 …. AYA mobile banking နဲ့ချိတ်ပီး Aya pay ထဲကို ငွေဖြည့်ပါ …(AYA pay ထဲကို 10 သိန်းထိပဲ ဖြည့်လို့ရပါတယ် )

7 …နီးစပ်ရာ Max ဆီဆိုင်သွားပြီး AYA Pay ထဲကနေ ငွေထုတ်ချင်လို့ပါပြောပြီး ထုတ်ရုံပဲ….( Max ဆီဆိုင်တိုင်းတော့ မရသေးပါဘူး ..ရနိုင်တဲ့ Max ဆီဆိုင်တွေကို AYA pay call center ကို ဖုန်းဆက်မေးလို့ရပါတယ် …..) ကျနော်ကတော့ ရွှေပြည်သာ သာဓုကန်နားက Max ဆီဆိုင်နေ သွားထုတ်နေကြပါ …လူ အရမ်းမများပါဘူးသွားတိုင်း ၃ လေး ယောက်ပဲ ရှိပါတယ် ….

8… တခါထုတ်ရင် တရက်ကို ၃ သိန်း ထုတ်ပေးပါတယ် …( 3 သိန်းကို ထုတ်ခ 2500 ပေးရပါတယ် ) ……တယောက်ထဲ AYA Pay ဖွင့်ပီးသား ဖုန်း ၂ လုံး ၃ လုံး ယူသွားပြီး အကြိမ်ကြိမ်ထုတ်လို့ရတယ်ဆိုပေမဲ့ ကိုယ့်နောက်မှာ တန်းစီစောင့်နေသူ အများကြီး ရှိနေရင် နားလည်မှုရှိပြီး ကိုယ်ချင်းစာပေးကြပါလို့ ပြောချင်ပါတယ်….အားလုံးအဆင်ပြေကြပါစေ ….

လူငယ်တွေလဲ နီးစပ်ရာ လူကြီးတွေကို တတ်နိုင်သမျှ ကူညီလုပ်ပေးလိုက်ကြနော် ….တကယ်လို့ Aya pay Acc ဖွင့်တာရော Level 2 တင်တာရော မလုပ်တတ်ဘူးဆို Max ဆီဆိုင်မှာလဲ သူတို့ လုပ်ပေးပါတယ်နော် …( ဟိုနေ့က သက်ကြီးပိုင်းတွေပါ Atm ထုတ်ဖို့ နေပူထဲ တန်းစီနေကြရတာမြင်တော့ စိတ်မကောင်းလို့ပါ … 😔 ) မသိတာရှိရင် AYA Pay ရဲ့ Page တွေ ဖုန်းနံပါတ်တွေကနေလဲ သွားမေးကြပါလို့ …

Credit..

Add a Comment

Your email address will not be published. Required fields are marked *