ကျောင်း ခိုး တက်နေတဲ့ ဆရာမလေး ဖတ်ဖို့…..

ဆရာမ လေးရေ..။ လွတ်းဆွ တ်သတိရ နှမြော တသ စွာနဲ့ ဒီစာကိုရေးလို က်ပါတယ်။ ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်း တဲ့နေ့တုန်းက အတူရှိနေတဲ့ နာရီတွေကို သတိရတယ် ဆရာမလေးရယ်။ ငါတို့ဘယ်လို လုပ်ကြမလဲ လို့တယောက်လက် တယောက်ကိုင်ပြီး အပြန်အလှန်မေးမိကြတာ မှတ်မိလား။

မိဘတွေက တောင်သူတွေ၊ အဲဒီတောင်သူတွေကနေမှ ထူးထူးချွန်ချွန် ရှိလှတဲ့ နင်။ ဆရာမတယောက်ဖြစ်လာအောင် နင့်အဖေက သူတတ် စွမ်းသမျှ ကြိုးစားခဲ့ရတာ ငါသိပါတယ်။ နင်သိပ်တန်ဖိုးထားတဲ့ ဆရာမဘ ဝလေးကို ရလို့ အလုပ်မှာ၊ကျောင်းမှာ၊ ကလေးတွေ တပည့်တွေနဲ့ ပျော်နေတဲ့န င့်အတွက် အာဏာသိ မ်းမှုဟာ ဘယ်လောက် ခါးသီးမလဲဆိုတာ ငါ သိပါတယ်။

အဲဒီနေ့က ငါတို့ဘာ လုပ်ကြမလဲလို့ တိုးတိုးတိတ်တိတ် တိုင်ပင်ရင်း ဂယောင်ခြောက်ခြား တွေဖြစ်၊ မနေနိုင်မထိုင်နိုင် စားမရ သောက်မရ။ ငါတို့ကျေကျေနပ်နပ်ရွေးချယ်ထားတဲ့ အစိုးရကို မတရားဖမ်းဆီးပြီး တိုင်းပြည်အာဏာကို လုယူလိုက်တာဟာ ငါတို့ကိုပါ ကျွန်ပြုလိုက်တာ ပဲလို့ နင်ပြောလိုက်တုန်းက ငါ့မှာ နင့်အတွက် အားကျဂုဏ်ယူလို က်ရတာဟာ။

ကျောင်း ခိုး တက်နေတဲ့ ဆရာမလေး ဖတ်ဖို့…..

ငါတို့ရွာအတွက် နင်ဟာ စံပြမဟုတ်လား။ရွာကိုတိုးတက်အောင်လုပ်ပေးနိုင်မှ ရွာကခွာမယ်ဆိုပြီး ရာထူးတိုးတောင် မလျှောက်ခဲ့ဘဲ ရွာမှာပဲ နေမယ်ဆိုတဲ့နင့်ရဲ့ဆုံးဖြတ်ချက်ကို ငါကျေကျေနပ်နပ်ကြီး ထောက်ခံခဲ့တာလေ။အဲဒီတုန်းက အင်တာနက်တွေ မဖြတ်သေးဘူး။ မန္တလေးက ဒေါက်တာ တေဇာဆန်းတဲ့ ထီးရိုးဝါးလောက်ရှိတဲ့ သူ့ဗလကို ထုတ်ပြီး လမ်းပေါ်ထွက်လာတော့ နင်နဲ့ ငါနဲ့ အားကျလိုက်ရတာ။ သူ့စကားတွေသူ့တော်လှန်မှုတွေကြည့်ပြီး ငါတို့လည်း လမ်းပေါ်ထွက်ကြမယ်လို့ နင်နဲ့ငါနဲ့ဆုံးဖြတ်တော့ ရွာကလူကြီးတွေကလည်း ထောက်ခံကြတယ်။ အားပေးကြတယ်။ ငါ့ကို မဟုတ်ဘူးနော်။ နင့်ကို။ ငါချစ်ရတဲ့ နင့်ကိုပေါ့။ တရွာလုံးမှာတယောက်ပဲရှိတဲ့ ရှားရှားပါးပါး ဆရာမလေး နင့်ကိုပေါ့။

မုံရွာကပန်ဒါကြီး ဝေမိုးနိုင်။ သူ့ကို အိမ်စီးကားနဲ့တိုက်ပြီး မတရားဖမ်းသွားတုန်းကလည်း ထွက်လိုက်တဲ့ နင့်ဒေါသတွေ။ နေရာချင်းတောင် လဲပေးလိုက်ချင်သေးတယ်ဆို။

ခုတော့ဟာ။

နင်က ကလေးတွေကတောင် ကျောင်းမတက်ဘူး၊ ကျောင်းမတက်ချင်ဘူးလို့ ခါးခါးသီးသီး ငြင်းဆန်နေကြချိန်မှာ နင်က ကျောင်းဝတ်စုံလေးဝတ်ပြီး ကျောင်းတက်တော့မယ်တဲ့လား။
နင်ပြောတဲ့ တော်လှန်ရေး စကားလုံးတွေအောက်မှာ ငါတို့ရွာက လယ်သမားတွေ လက်သီးလက်မောင်းတန်းပြီး ထောက်ခံကြတာ ငါမမေ့ဘူး။ ငါတို့ရွာအပြင် အုပ်စုထဲက တခြားရွာတွေပါ ပါလာတော့ ငါတို့သပိတ်လူအုပ်ကြီးဟာ ရန်ကုန်တို့ မန္တလေးတို့က လူအုပ်လောက် ရှိနေခဲ့တာ ငါတွေ့ခဲ့တယ်။

ဒါတွေဟာ နင့်အစွမ်းတွေကြောင့်ပေါ့။နေပြည်တော်မှာ မြသွဲ့သွဲ့ခိုင်ဆိုတဲ့ ကောင်မလေး ခေါင်းကို သေနတ်ကျည်မှန်ပြီး သေဆုံးရတော့ နင်တညလုံး ငိုလို့ ငါရယ်၊ နင့်မိဘတွေရယ်၊ရွာက လူကြီးတချို့ရယ် ဖျောင်းဖျချော့မော့လိုက်ရတာ နင်မှတ်မိမှာပါ ဆရာမလေးရယ်။ နောက် ကြယ်စင်လေး၊နောက် ဝင်းနိုင်ထွန်းလေး။တယောက်ပြီးတယောက်။နင်လည်း မအိပ်နိုင် မစားနိုင်နဲ့။ရန်ကုန်အထိတောင် တက်ပြီး ဆန္ဒပြချင်တယ်ဆိုလို့ ငါတို့မှာ အတင်းတားခဲ့ရတယ်။ဟော..အခုတော့ ဆရာမလေးရေ။နင်က ကျောင်းပြန်တက်နေသတဲ့လား။

ကျောင်းဝတ်စုံကို လွယ်အိတ်ထဲထည့်ပြီး သင်တန်းကို ခိုးတက်နေသတဲ့လားဟာ။ ငါစိတ်မကောင်းဘူး။ နင့်ရဲ့သတ္တိတွေကို ဘယ်သူက ဘာနဲ့ ဆွတ်ယူလိုက်ပြီလဲ။ရာထူးလား။ငွေလား။ငါမေးချင်တယ်။မတရားမှုကို တော်လှန်မယ်ဆို။

မတရားမှုကို ခေါင်းငုံ့မခံဘူးဆို။ မတရားမှုအောက်မှာ ဘယ်တော့မှ ဒူးမထောက်ဘူးဆို။

ခုတော့။

စာတွေအများကြီး မရေးချင်တော့ဘူး ဆရာမလေးရေ။ နင့်ကိုငါမေးမယ်။တကယ်လို့ နင်စာသင်ခဲ့တဲ့ ကလေးတွေက ဆရာမရေ….နွေဦးတော်လှန်ရေးမှာ အာဏာရှင်ကို အသက်ပေးတော်လှန်ခဲ့တဲ့ သူရဲကောင်းတွေ အကြောင်း သိချင်တယ်ဆိုရင် နင် ဘယ်လိုဖြေမလဲ။ အဲဒီသူရဲကောင်းတွေအကြောင်း စာစီစာကုံးရေးပြပါဆိုရင် နင်ဘယ်လို စာစီကုံးပြမလဲ။

နင် ဖြေ…။
မှ

လွတ်မြောက်နယ်မြေမှ တော်လှန်ရေးသမား

#လူခါး

#အရေးတော်ပုံအောင်ရမည် #savemyanmarfrommilitarycoup

ကူးယူဖော်ပြသည်

Add a Comment

Your email address will not be published. Required fields are marked *