မရေရာတဲ့ ဖြေရှင်းချက်အပေါ် ပရိသတ်များရဲ့ အားပေးယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရပီ ဆိုတဲ့ သရုပ်ဆောင် မြင့်မြတ်

သရုပ်ေ ဆာင် မြင့်မြတ် ဟာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်အာဏာ ရှင်များရဲ့ မတရားသဖြင့် အာဏာသိမ်းမှုနဲ့ အကြမ်းဖက် လုပ်ရပ်များအပေါ် ပြည်သူနဲ့အတူ ရပ်တည်မှု နည်းပါးတဲ့အ တွက် ပရိသတ်များရဲ့ ယုံကြည်မှု ပျက်ပြားခဲ့ပါတယ်။ ဒီလိုဖြစ်စဉ် များကြားထဲ မှာပင် ယခုနှစ် ပြည်သူများရဲ့ တော်လှန်သင်္ကြန်အတွင်း စစ်အုပ်စုရဲ့ သင်္ကြန်ပွဲကို သွားရောက်ခဲ့တဲ့ ဓာတ်ပုံများဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံ များဟာ သြ င်္ကန်အတက်နေ့မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး မြင့်မြတ်ကတော့ ၃ ရက်မြောက်နေ့မှာ သူကိုယ်တိုင်သုံးတဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အခုလို ဖြေရှင်းခဲ့ပါတယ်။

“တနိုင်ငံလုံး အရေးအခင်းဖြစ်နေချိန် ပြည်သူအားလုံး ဖိအားပေါင်းများစွာ အောက်မှာ မြေစာပင် ဖြစ်နေကြတာပါ။ ကျနော်လည်း ပြည်သူထဲက ပြည်သူတယောက်ပါ။ မြေစာပင် တပင်ပါပဲ။ ကျနော် လုံးဝ လုံးဝ ဒလံ မဟုတ်ပါဘူး။ ယုံကြည်ပေးပါ”လို့ မြင့်မြတ်က ပြောပါတယ်။

မရေရာတဲ့ ဖြေရှင်းချက်အပေါ် ပရိသတ်များရဲ့ အားပေးယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရပီ ဆိုတဲ့ သရုပ်ဆောင် မြင့်မြတ်

သူဟာ ဒလံတယောက် မဟုတ်ကြောင်း၊ ပြည်သူထဲက ပြည်သူတယောက်ဖြစ်ပြီး ကိုယ်တိုင်လည်း မြေစာပင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ပို့စ်အောက်မှာတော့ မြင့်မြတ်ရဲ့ ပရိသတ်များက မယုံကြည်တဲ့ မှတ်ချက်များစွာကို ပေးခဲ့ကြပြီး ရပ်တည်ချက် ခိုင်မာဖို့အတွက်လည်း ပြောထားကြပါတယ်။

“လူတိုင်းက ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲ။ သတ္တိရှိရှိ ယောကျ်ားပီပီ ကိုယ်ဘယ်ဘက် ရပ်တည်လဲဆိုတာ ပြောစမ်းပါ။ ဟိုလိုလို ဒီလိုလို မလုပ်နဲ့။ မင်းဘယ်လို ရပ်တည်တည် မင်းသမိုင်းပဲ”လို့ ပရိသတ်တဦးက ရေးသားထားပါတယ်။

“ခင်ဗျားကို အထင်ကြီးခဲ့ဖူးတယ်။ အခုကျ ပြည်သူ့မျက်နှာ ပြည်သူ့စေတနာတွေကို မျက်ကွယ်ပြု စော်ကားသူ”လို့လည်း ပရိသတ်တဦးက ရေးထားပါတယ်။

“အရမ်းကြိုက်ခဲ့တာ အစ်ကို့ကို၊ ဒလံ မဟုတ်ဘူးဆိုရင်တောင် လမ်းမထက်က ပြည်သူ့သွေးတွေ မခြောက်သေးဘူး။ ရှင်တို့ ပျော်နိုင်တဲ့ရက်က ပဲခူးမှာ နာရေးရက်လည်အိမ် တရက်တည်း ၈၀ ငိုကြွေးနေခဲ့ကြတယ်ရှင်”လို့လည်း ပရိသတ်တဦးက မှတ်ချက် ရေးသားထားပါတယ်။

စစ်အုပ်စု ပြုလုပ်ခဲ့တဲ့ သင်္ကြန်ပွဲတော်ကို သွားရောက်ခဲ့သူများကတော့ မြင့်မြတ်အပြင် ရဲအောင်၊ ဒိန်းဒေါင်၊ ယုန်လေး၊ ညီညီမောင်(စမ်းချောင်း)နဲ့ မိတ်ကပ် မေဦးမောင်တို့ ပါဝင်ပါတယ်။

Credit;

Add a Comment

Your email address will not be published. Required fields are marked *