ရန်ကုန်လေဆိပ် မှာ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း

သရုပ်ဆောင် အကယ် ဒီမင်းသမီး မျိုးသန္တာထွ န်းကတော့ ဒီနေ့မှာပဲ ဖမ်းဆီး ထိန်းသိမ်းခံလို က်ရတယ်လို့ သိရပါတ ယ်..။ ဒီကနေ့ ဧပြီလ(၁၉)ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးသိမ်းထိန်းခံလိုက်ရတာ ဖြစ်ပါတယ်..။ သရုပ်ဆောင် မျိုးသန္တာထွန်း ဖမ်းဆီးထိန်း သိမ်းခံလိုက်ရတဲ့ စိတ်မကောင်းစရာ သတင်းကိုတော့ သားဖြစ်သူနဲ့ တူဖြစ်သူတို့က သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာပါ..။

ရန်ကုန်လေဆိပ် မှာ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း
ရန်ကုန်လေဆိပ် မှာ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း

“ကျွန်တော့် အမေ ဒီနေ့(၁၉.၄.၂၀၂၁) နေ့လည်တွင် လေဆိပ်မှာဖမ်းခေါ်သွားပါတယ်..ဘာပုဒ်မ မှ မရှိပဲ ဖမ်းသွားတာပါ Speak out လုပ်ပေးကြပါအုံး🙏🙏🙏..” ဆိုပြီး သားဖြစ်သူက အကူအညီတောင်းပြောပြထားသလို တူဖြစ်သူကလည်း “ကျွန်တော့်ေ ဒါ်လေးမျိုးသန္တာထွန်းပါသွားပါပြီ😭😭😭…

ရန်ကုန်လေဆိပ် မှာ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း
ရန်ကုန်လေဆိပ် မှာ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း

ခုလေးတင်လေဆိပ်မှာပါသွားတာပါ…Speak Outလုပ်ပေးကြပါအုံးနော်🙏🙏🙏…” ဆိုပြီး အသိပေးပြောပြထားတာပါ..။ အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောရတနာနဲ့ မင်းသားဘုန်းဆက်သွင်တို့နှစ်ယောက်ကလည်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကနေ ပြောပြကာ စိတ်မကောင်းစွာနဲ့ ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

ရန်ကုန်လေဆိပ် မှာ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း

“🚨အန်တီမျိုး သန္တာထွန်း လေဆိပ်မှာ အဖမ်းခံ လိုက်ရပါတယ်တဲ့ ခင်ဗျာ 😞🙏🙏🙏..” လို့ ဘုန်းဆက်သွင် စိတ်မကောင်းစွာ ပြာပြထားသလို ချောရတနာကလည်း “မမျိုး မမျိုးသန္တာထွန်း အမအမြန်ဆုံးအဆင်ပြေလွတ်မြောက်ပါစေ😔..” ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်..။

အခြေအနေတွေ မသိရသေးတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း ကျန်းကျန်းမာ မာနဲ့ အမြန်ဆုံးပြန်လည်လွတ်ေြ မာက်လာဖို့အတွက် ပရိသတ်တွေ အားလုံးကလည်း ဆုတောင်းစကားတွေဆိုထားကြတာ တွေ့ရပါတယ်..။

ရန်ကုန်လေဆိပ် မှာ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတဲ့ သရုပ်ဆောင် မျိုးသန္တာထွန်း

Credit;

Add a Comment

Your email address will not be published. Required fields are marked *