ကမ္ဘာ့ နိုင်ငံအနှံ့မှာရှိတဲ့ နိုင်ငံအစိုးရ ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ရေးလိုက်တဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ လက်ရှိ မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ အာဏာရှင် စစ်ကောင်စီ ရဲ့ အကြမ်းဖက် လု ပ်ရပ်များကို ကမ် ဘာ့နိုင်ငံ အနှံ့အပြား မှာ ရှိတဲ့ အစိုးရခေါင်းဆောင်များထံသို့ ပိုင်တံခွန်က လူ မှုကွန်ရက် စာမျက် နှာမှတဆင့် အိတ်ဖွင့်ပေးစာ တစောင် ရေးခဲ့ပါတယ်။

“မြန်မာနိုင်ငံသားတယောက်အနေနဲ့ လေးစားစွာ၊ ရိုကျိုးစွာနဲ့ ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲ တော င်းဆိုချင်ပါတယ်။ နေ့စဉ် နေ့တိုင်းပဲ ကျနော့် အသက်ထက် ငယ်တဲ့ ပြည်သူလူထုထဲက လူငယ်လေးတွေဟာ မြန်မာနိုင်ငံရဲ့ တရားဝင် ရွေးကောက်ခံအစိုးရ CRPH က အကြမ်းဖက် သမားတွေလို့ သတ်မှတ် ထားတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကို ခံ နေကြရပါတယ်” လို့ ပိုင်တံခွန်က အစချီ ရေးသား ထားပါတယ်။

ကမ္ဘာ့ နိုင်ငံအနှံ့မှာရှိတဲ့ နိုင်ငံအစိုးရ ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ရေးလိုက်တဲ့ ပိုင်တံခွန်

ဆက်လက်ပြီး “အခြားနိုင်ငံက ကလေးငယ်တွေ၊ လူငယ်တွေ အေးချမ်းစွာ၊ လွတ်လပ် ငြိမ်းချမ်း ပျော်ရွှင်စွာ နေထိုင် နေကြချိန်မှာ ကျနော်တို့နိုင်ငံက လူငယ်တွေဟာ အခြေခံ လူ့အခွင့်အရေး လေးတောင်မှ မရခဲ့ကြပါဘူး။ ဒါ့အပြင် အမှန်တရားဘက်က ရပ်တည်ကြတဲ့ လူငယ်တွေဟာ သတ်ဖြတ်ခံ ကြရပါတယ်။

လွတ်လပ်ခြင်းရဲ့ အရိပ်အယောင်တွေ မရရှိခဲ့ ကြပါဘူး။ အားလုံးသိပြီး ကြသလိုပဲ လူငယ် အများစုဟာ ပညာရေးနဲ့ ဝေးကွာခဲ့ကြတာ တလကျော် ကြာနေပြီ ဖြစ်ပါတယ်။ ဒါဟာ လုံးဝ လက်ခံနိုင်စရာ မရှိအောင် ကြေကွဲ ခံစားရပါတယ်” လို့ ဆိုပါတယ်။

ကမ္ဘာ့ နိုင်ငံအနှံ့မှာရှိတဲ့ နိုင်ငံအစိုးရ ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ရေးလိုက်တဲ့ ပိုင်တံခွန်

ဒီအိတ်ဖွင့်ပေးစာထဲမှာတော့ တခြားသော နိုင်ငံများမှ ကလေးငယ်များ၊ လူငယ်များ လွတ်လပ်ငြိ မ်းချမ်းစွာ နေထိုင်နေကြချိန်မှာ မြန်မာနိုင်ငံမှ လူငယ်များကတော့ အခြေခံ လူ့အခွင့်အရေးတော င် မရခဲ့ကြဘဲ အမှန်တရားဘက်မှ ရပ်တည်ကြတဲ့ လူငယ်များ သတ်ဖြတ်ခံနေကြရကြောင်း၊ လူ ငယ် အများစုဟာ ပညာရေးနဲ့ ဝေးကွ ာနေတာဟာ တလ ကျော် ကြာနေပြီ ဖြစ်တဲ့ အကြောင်းများ ပါရှိပါတယ်။

ဒါကြောင့် ပိုင်တံခွန့်အနေနဲ့ ကုလသမဂ္ဂနိုင်ငံများကို စစ်အာဏာရှင် လုပ်ရပ်အား ရှုတ်ချပေးရန် ၊ စစ်အာဏာရှင် ရဲ့လုပ်ရပ်များအား အရေးယူပေးရန်နဲ့ မတရား ဖမ်းဆီးခံထားရတဲ့သူတွေကို လွှ တ် ပေးဖို့ တောင်းဆိုပေးရန် ရေးသားထားပါတယ်။

ကမ္ဘာ့ နိုင်ငံအနှံ့မှာရှိတဲ့ နိုင်ငံအစိုးရ ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ရေးလိုက်တဲ့ ပိုင်တံခွန်

“ကျနော် အမှန်အတိုင်း ရိုးသားစွာ ကုလသမဂ္ဂနိုင်ငံများကို တောင်းဆိုပါတယ်။ ဒီစစ် အာဏာရှင် ရဲ့ လုပ်ရပ်တွေကို ရှုတ်ချပေးပါ။ ဝမ်းနည်းဖွယ် လုပ်ရပ်တွေအတွက် အရေးယူပေးပါ။ ပြီးတော့ မတရား ဖမ်းဆီးခံ ပြည်သူတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပေးပါ ခင်ဗျာ” လို့

ပိုင်တံခွန် က ရေးသားထားပါတယ်။

ကမ္ဘာ့ နိုင်ငံအနှံ့မှာရှိတဲ့ နိုင်ငံအစိုးရ ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ရေးလိုက်တဲ့ ပိုင်တံခွန်

စစ်တပ်မှ အာဏာ စတင်သိမ်းခဲ့တဲ့ ရက်စကတည်းက နိုင်ငံ့အရေးကို မခံမရပ်နိုင်ဘဲ ပြည်သူများ ဘက် မှ ရပ်တည်ကာ တက်ကြွစွာ ပါဝင် လှုပ်ရှားနေတဲ့ ပိုင်တံခွန်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်မှ လိုက်လံ ရှာဖွေ ဖမ်းဆီးဖို့ ကြိုးပမ်းနေတဲ့အကြောင်းများ လူမှုကွန်ရက် စာမျက်နှာ ပေါ် မှာ ပျံ့နှံ့ခဲ့ပါတယ်။

လက်ရှိ အချိန်ထိတော့ ပိုင်တံခွန်ဟာ လုံခြုံဘေးကင်းစွာ ရှိနေပြီး မတရားတဲ့ လုပ်ရပ်များအား နိုင်ငံတကာမှ သိစေရန် ပြည်သူများဘက်မှ ရပ်တည် ပေးလျက် ရှိပါတယ်။celeupdatenews

ကမ္ဘာ့ နိုင်ငံအနှံ့မှာရှိတဲ့ နိုင်ငံအစိုးရ ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ရေးလိုက်တဲ့ ပိုင်တံခွန်

Add a Comment

Your email address will not be published. Required fields are marked *