သရုပ်ဆောင်တိုင်းရဲ့ အိမ်မက်ပန်းတိုင် အကယ်ဒမီဆုတွေ ရာသက်ပန် ပိတ်ပင်ခံလိုက်ရပီဆိုတဲ့ နာမည်ကြီး မင်းသားမင်းသမီးများ

အကယ်ဒမီဆုရှင် ၆ ဦး ထပ်မံပြီး ရာသက်ပန်ပိတ်ပင်ခံရ

အကယ်ဒမီဆုတွေ ရာသက်ပန် ပိတ်ပင်ခံလိုက်ရတဲ့ နာမည်ကြီး မင်းသားမင်းသမီးများ

နိုင်ငံကျော် အကယ်ဒမီဆုရှင် ၆ ဦးကို Myanmar Academy ဆုနှင့် မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်တရားဝင်ပိတ်ပင်ကြောင်း၊ ၎င်းတို့နှင့်ပတ်သက်သော Information အားလုံးကိုလည်း ဖျက်သိမ်းမည်ဖြစ်ကြောင်း The Myanmar Academy Awards ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။

အကယ်ဒမီဆုတွေ ရာသက်ပန် ပိတ်ပင်ခံလိုက်ရတဲ့ နာမည်ကြီး မင်းသားမင်းသမီးများ

အဆိုပါ အနုပညာရှင်များတွင် သရုပ်ဆောင် ထွန်းအိန္ဒြာဘို၊ မယ်လိုဒီ၊ နန္ဒာလှိုင်၊ ရဲအောင်၊ စိုးမြတ်နန္ဒာ၊ စိုးမြတ်သူဇာ အသီးသီးပါဝင်သည်ဟု ဖော်ပြထားသည်။

အကယ်ဒမီဆုတွေ ရာသက်ပန် ပိတ်ပင်ခံလိုက်ရတဲ့ နာမည်ကြီး မင်းသားမင်းသမီးများ

နိုင်ငံရေး အကြပ်အတည်းဖြစ်နေချိန် ပြည်သူများအား ကူညီထောက်ပံခြင်းမျိုးအား မတွေ့ရခြင်း ၊ ၎င်းတို့ ရရှိထားသော Myanmar Academy ဆု Title ကြီးအား မထောက်ထားဘဲ ပြည်သူ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်ရှိမနေခြင်း ၊ အခုလိုပြည်သူများ အသက်ချွေးပေးဆပ်နေရချိန်မှာ စိတ်ပူပန်ပြီး စာတကြောင်းမျှတောင် ဖွင့်ဟပြောဆိုခြင်းလဲမရှိခြင်း စသည့်အကြောင်းပြချက်များဖြင့် ရာသက်ပန် ပိတ်ပင်ခဲ့သည်ဟု သိရသည်။

အကယ်ဒမီဆုတွေ ရာသက်ပန် ပိတ်ပင်ခံလိုက်ရတဲ့ နာမည်ကြီး မင်းသားမင်းသမီးများ

အလားတူ အကယ်ဒမီဆုရှင် ခန့်စည်သူကိုလည်း ယမန်နေ့တွင် အထက်ပါအကြောင်းပြချက်များဖြင့် ရာသက်ပန်ပိတ်ပင်ထားသည်ဟု သိရသည်။

အကယ်ဒမီဆုတွေ ရာသက်ပန် ပိတ်ပင်ခံလိုက်ရတဲ့ နာမည်ကြီး မင်းသားမင်းသမီးများ

Source;The Myanmar Academy Awards

Zawgyi







Add a Comment

Your email address will not be published. Required fields are marked *