လက်ထဲက သေနတ်မောင်းခလုတ်ကို ဆွဲမညှစ်ခင်မှာ ကိုယ့်ရဲ့ ကလေးတွေနဲ့ မိသားစုတွေအကြောင်းကို အရင် စဉ်းစားကြဖို့ သတိပေးလိုက်တဲ့ အောင်လအန်ဆန်

ရဲ နဲ့ စစ်တပ် အနေနဲ့ သေနတ်မောင်း ခလုတ် ကို ဆွဲမညှစ်ခင်မှာ ကိုယ့်ရဲ့ ကလေးတွေနဲ့ မိသားစုတွေအကြောင်းကို အရင် စဉ်းစားကြဖို့ One Championship လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်းက ပြောပါတယ်။

မတ်လ ၃ ရက်နေ့ က ရန်ကုန်၊ မန္တလေးနဲ့ မုံရွာ အပါအဝင် မြို့ကြီးတွေမှာ ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူအယောက် ၄၀ လောက် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပြီးနောက် ခုလို ပြောကြားလိုက်တာပါ။

“ရဲ နှင့် စစ်တ ပ်ကို ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ရဲ့ မောင်းခလုတ်ကို မဆွဲညှစ်ခင်မှာ ခင်ဗျားတို့ရဲ့ ကလေး၊ ခင်ဗျားတို့ရဲ့ မိသားစုတွေအကြောင်းကို အရင်စဉ်းစားစေချင်ပါတယ်။ အခုဆန္ဒပြနေသူတွေဟာ ခင်ဗျားတို့ရဲ့ ညီအစ်ကို၊ အစ်မ၊ ညီမ၊ ခင်ဗျား တို့ရဲ့ တိုင်းပြည်ကလူတွေသာဖြစ်ပြီး သူတို့က ခင်ဗျားတို့ရဲ့ ရန်သူတွေ (လုံးဝ) မဟုတ်ပါဘူး။ ဒါကြောင့် ကျေးဇူးပြု၍ ခင်ဗျားတို့ လူတစ်ယောက် ရဲ့ဘ၀ တစ်ခုကို မယူခင် (သို့မဟုတ်) လူတစ်ယောက်ကို ထိခိုက်နာ ကျင်အောင် မလုပ်ခင် သေချာလေးစဉ်းစားနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။” လို့ အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ရက်မှာပြောပါတယ်။

လွတ်လပ်မှုအ တွက် တိုက်ပွဲဝင်ခဲ့ပြီး အသ က်တွေပါ စတေးခဲ့ကြရတဲ့ သူရဲကောင်းအားလုံးရဲ့ မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်းနဲ့ သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေက စိတ်နှလုံးထဲမှာ အမြဲထာဝရရှိနေမှာဖြစ်သလို ကျဆုံးခဲ့ရတဲ့ သူတွေဟာ ထာဝရလေးစားသွား ရမယ့်သူတွေ အဖြစ် ထိုက်တန်ကြတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒြ ပနေသူတွေကို ပြင်းထန်တဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ဖိနှိပ်နေမှုတွေကို ရပ်တန့်ဖို့အတွက် စစ်အာဏာရှင်တွေကို တိုက်တွန်းလိုက်ပြီး သွေးထွက်သံယိုဖြစ်နေမှုတွေ ရပ်တန့်သွားစေဖို့နဲ့ အခုလက်ရှိအခြေအနေတွေကနေ ငြိမ်းချမ်းတဲ့ဖြေ ရှင်းနည်းတွေ အမြန်ရရှိဖို့ မြန်မာပြည်က လူအားလုံး အတွက် ဆုတော င်းပေးနေတယ်လို့လည်း အောင်လအန်ဆန်းက ပြောပါတယ်။

Zawgyi

ရဲ နဲ႔ စစ္တပ္ အေနနဲ႔ ေသနတ္ေမာင္း ခလုတ္ ကို ဆြဲမညႇစ္ခင္မွာ ကိုယ့္ရဲ့ ကေလးေတြနဲ႔ မိသားစုေတြအေၾကာင္းကို အရင္ စဥ္းစားၾကဖို႔ One Championship လိုက္ဟဲဗီးဝိတ္ခ်န္ပီယံ ေအာင္လအန္ဆန္းက ေျပာပါတယ္။

မတ္လ ၃ ရက္ေန႔ က ရန္ကုန္၊ မႏၲေလးနဲ႔ မုံရြာ အပါအဝင္ ၿမိဳ႕ႀကီးေတြမွာ ရဲနဲ႔ စစ္တပ္ရဲ့ အၾကမ္းဖက္ပစ္ခတ္မွုေၾကာင့္ ျပည္သူအေယာက္ ၄၀ ေလာက္ ေသဆုံးၿပီး ရာနဲ႔ခ်ီ ဒဏ္ရာရခဲ့ၿပီးေနာက္ ခုလို ေျပာၾကားလိုက္တာပါ။

“ရဲ ႏွင့္ စစ္တ ပ္ကို ကၽြန္ေတာ္ေျပာခ်င္တာက ခင္ဗ်ားတို႔ရဲ့ ေမာင္းခလုတ္ကို မဆြဲညႇစ္ခင္မွာ ခင္ဗ်ားတို႔ရဲ့ ကေလး၊ ခင္ဗ်ားတို႔ရဲ့ မိသားစုေတြအေၾကာင္းကို အရင္စဥ္းစားေစခ်င္ပါတယ္။ အခုဆႏၵျပေနသူေတြဟာ ခင္ဗ်ားတို႔ရဲ့ ညီအစ္ကို၊ အစ္မ၊ ညီမ၊ ခင္ဗ်ား တို႔ရဲ့ တိုင္းျပည္ကလူေတြသာျဖစ္ၿပီး သူတို႔က ခင္ဗ်ားတို႔ရဲ့ ရန္သူေတြ (လုံး၀) မဟုတ္ပါဘူး။ ဒါေၾကာင့္ ေက်းဇူးျပဳ၍ ခင္ဗ်ားတို႔ လူတစ္ေယာက္ ရဲ့ဘ၀ တစ္ခုကို မယူခင္ (သို႔မဟုတ္) လူတစ္ေယာက္ကို ထိခိုက္နာ က်င္ေအာင္ မလုပ္ခင္ ေသခ်ာေလးစဥ္းစားနိုင္ၾကပါေစလို႔ ကၽြန္ေတာ္ဆုေတာင္းပါတယ္။” လို႔ ေအာင္လအန္ဆန္းက သူ႔ရဲ့လူမွုကြန္ရက္မွာေျပာပါတယ္။

လြတ္လပ္မွုအ တြက္ တိုက္ပြဲ၀င္ခဲ့ၿပီး အသ က္ေတြပါ စေတးခဲ့ၾကရတဲ့ သူရဲေကာင္းအားလုံးရဲ့ မိသားစုေတြနဲ႔အတူ ထပ္တူ၀မ္းနည္းေၾကကြဲရေၾကာင္းနဲ႔ သူတို႔ရဲ့စြန႔္လႊတ္အနစ္နာခံမွုေတြက စိတ္ႏွလုံးထဲမွာ အျမဲထာ၀ရရွိေနမွာျဖစ္သလို က်ဆုံးခဲ့ရတဲ့ သူေတြဟာ ထာ၀ရေလးစားသြား ရမယ့္သူေတြ အျဖစ္ ထိုက္တန္ၾကတယ္လို႔ ဆိုပါတယ္။

ၿငိမ္းခ်မ္းစြာ ဆႏၵျ ပေနသူေတြကို ျပင္းထန္တဲ့ အၾကမ္းဖက္ လုပ္ရပ္ေတြနဲ႔ ဖိႏွိပ္ေနမွုေတြကို ရပ္တန႔္ဖို႔အတြက္ စစ္အာဏာရွင္ေတြကို တိုက္တြန္းလိုက္ၿပီး ေသြးထြက္သံယိုျဖစ္ေနမွုေတြ ရပ္တန႔္သြားေစဖို႔နဲ႔ အခုလက္ရွိအေျခအေနေတြကေန ၿငိမ္းခ်မ္းတဲ့ေျဖ ရွင္းနည္းေတြ အျမန္ရရွိဖို႔ ျမန္မာျပည္က လူအားလုံး အတြက္ ဆုေတာ င္းေပးေနတယ္လို႔လည္း ေအာင္လအန္ဆန္းက ေျပာပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *