တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ ……………………………………………….

ဘစိုင်းဟာ တော်တော်လေး ပြန်ရုန်းရမယ်။ သက်သက်ခိုင်က ထိုင်နေအကောင်း ထမှကျိုးမှန်းသိဆိုသလို သူ့ဟာသူမဲရှုံးတာ ပြသနာမဟုတ်သေးဘူး ခုတော့ သူ့စီးပွားရေး လုံးဝ ပြိုလဲသွားလိမ့်မယ်

ကျော်ကျော်နန္ဒတယောက် အရင်လို တလွဲတွေလုက်တဲ့အခါ ဆဲချင်ရင်တောင် ငါတို့ မျက်နှာနာစရာတွေ ဖြစ်ကုန်ပြီ။ ငြိမ်းမြတ်သူ Miss ထပ်ရွေးရင် ဆဲတာလျှော့ပြီး လျစ်လျူရှုရတော့မယ် မျက်နှာနာရမယ်လေ

CDM သူရဲကောင်းတွေ ရုံးပြန်တက်တဲ့အခါ မျက်နှာကိုချီပြီး ရင်ကော့လျှောက်နိုင်ပြီ

တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ ……………………………………………….

တမိသားစုလုံးနဲ့တိုက်ခိုက်ပြီး CDM လုပ်ခဲ့လို့ အမြဲမျက်နှာငယ်ရတဲ့ သူတွေ မိသားစုထဲမှာ roll တခုရလာမယ်။ အလုပ်ကိစ္စရှိလို့ ရုံးတွေ သွားရတဲ့အခါ CDM မလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို စေ့စေ့ကြည့်ပြီး ခပ်ထေ့ထေ့ပြုံးပြရမဲ့အလုပ်ပါ ပိုလာတော့မယ်

တမြို့ကတမြို့ သွားလာတဲ့အခါ မီးရထားကိုပိုစီးမယ် တွဲထိန်းတွေနဲ့တွေ့ရင် နှစ်နှစ်ကာကာပြုံးပြကြမယ်။ ဒီတပါတ်ထဲမှ ဘက်ပြောင်းကြတဲ့သူတွေကို မှတ်ထားပြီး ကဲ ငါတို့မပြောခဲ့ဘူးလားဆိုတဲ့အမူအရာနဲ့ မျက်ခုံးကိုချီပြီး ပြုံးပြရမယ်

ဘယ်အနုပညာရှင်ကိုအားပေးရမယ်ဆိုတာ သဲသဲကွဲကွဲ သိသွားမယ် ဆန်းကျော်စွာဝင်းရဲ့ ကဗျာတွေ ပိုဖတ်ဖြစ်မယ်စစ်ငြိမ်းက အချစ်အကြောင်းအနုအရွတွေ ပိုရေးတော့မလားပဲ သူ့လဲ အားပေးရမယ် သေနတ်တွေကြား ကျည်ဆန်တွေကြား ပြေးခဲ့ရချိန်တွေအကြောင်း ရယ်မောရင်း ပြန်ပြောကြတာပေါ့

Game ပဲဆော့နေတဲ့ ဂျစ်ကန်ကန် Gen Z လေးတွေကိုလဲ လူကြီးတွေက respect တခု တန်းတခုနဲ့ အရေးတယူ ဆက်ဆံလာကြမယ် Fb ပေါ် လေသံတောင်မဟရဲခဲ့သူတွေရဲ့ ကျမလှလားတွေ ဘယ်သွားစဉ်တဖြတ် ပို့စ်တွေကို haha ပေးကြမယ် လိပ်ပြာမလုံသူတွေ အသံတိတ်ပြီး

လိပ်ပြာလုံခဲ့တဲ့ တော်လှန်ရေးသမားတိုင်းက ရယ်မောပျော်ရွှင်နေကြလိမ့်မယ် ဒီ တော်လှန်ရေးကြီး ပြီးသွားတဲ့အခါကျရင်လေ

ဒီပွဲကြီးပြီးသွားရင်

လှိုင်သာယာသွားဖို့လည်း ကျတော်မကြောက်တော့ဘူး ရွှေပြည်သာကိုလည်း ကျတော်ရင်းနှီးသွားပြီ✔️ မြောက်ဒဂုံအတွင်းဘက်က လူမသန့်ဘူးဆိုတဲ့စကားတွေကို ကျတော်လုံးဝမယုံတော့ဘူး✔️ သာကေတက လူမိုက်တွေပေါတယ်ဆိုရင် ပြုံးပြပြီး ရောက်အောင်လာခဲ့မယ်စိတ်ချ✔️

ကျတော်တို့ကို စိတ်ဝမ်းကွဲအောင်လုပ်ခဲ့တာ ခါးပိုက်နှိုက်လုယက်လူသတ်မှုတွေမဟုတ်ဘူး အဲ့လုပ်ရပ်တွေကိုအစဉ်တစိုက်လုပ်ခဲ့ကြတဲ့ စစ်တပ်ဘက်ကအောက်တန်းစားလူတစ်စုဆိုတာကို ဒီပွဲမှာကောင်းကောင်းကြီးသဘောပေါက်သွားပြီ✔️ ကျူးကျော်တွေဟာ မရိုင်းပါ အဲ့မှာနေတဲ့ သူတို့သူလျှိူတွေကယုတ်မာကြတာကို ရှင်းရှင်းလင်းလင်းသိခဲ့ရပြီ✔️

မူစလင်တွေကိုလည်း ကျတော်ချစ်နိုင်ခဲ့ပြီ✔️ ခရစ်ယန်တွေပြောပြတဲ့ရေရူအကြောင်းတွေကို အချိန်ပေးနားထောင်ဖို့ဝန်မလေးတော့ဘူး✔️ ကျတော်တို့စိတ်ဝမ်းကွဲအောင်နှစ်အကြာကြီး ပူးသတ်နေတဲ့လူတစ်စုကို ကျတော်တို့အားလုံးပေါင်းပြီး တော်လှန်နေကြပြီ ကျတော်တို့နိုင်နေပြီ ✊

မကြာခင်မြန်မာပြည်ကြီးထဲမှာ လောက်ကောင်တွေအားလုံးမျိုးတုန်းပျောက်ကွယ်သွားကြတော့မည်✊ ဒီပွဲပြီးရင် ကျတော်တို့အားလုံးလက်တွေတွဲပြီး မြန်မာပြည်ကြီးကိုဆေးပြန်ကုပေးကြမယ်✊ ဦးမော့လာနိုင်အောင် လက်တွေတွဲပြီးဆွဲတင်ကြမယ် မကြာပါဘူး ကျတော်တို့ရဲ့မြန်မာဟာ နိုင်ငံတကာအလယ်မှာ ရင်ကော့ခေါင်းမော့ပြီး လက်မထောင်နိုင်တော့မယ် 💪

နိုင်ငံခြားရောက်မြန်မာတွေ မျက်နှာပွင့်တော့မယ် ❤️ မြန်မာပြည်မှာနေတယ်ဆိုတာကို ဂုဏ်ယူဝံ့ကြွားစွာ ပြောပြနိုင်တော့မယ်❤️

မကြာတော့ဘူး မြင်နေရပြီ✊ မကြာတော့ဘူး မြင်နေရပြီ✊

#creditoriginalwriter











ကျတော်တို့ကို စိတ်ဝမ်းကွဲအောင်လုပ်ခဲ့တာ ခါးပိုက်နှိုက်လုယက်လူသတ်မှုတွေမဟုတ်ဘူး အဲ့လုပ်ရပ်တွေကိုအစဉ်တစိုက်လုပ်ခဲ့ကြတဲ့ စစ်တပ်ဘက်ကအောက်တန်းစားလူတစ်စုဆိုတာကို ဒီပွဲမှာကောင်းကောင်းကြီးသဘောပေါက်သွားပြီ✔️ ကျူးကျော်တွေဟာ မရိုင်းပါ အဲ့မှာနေတဲ့ သူတို့သူလျှိုတွေကယုတ်မာကြတာကို ရှင်းရှင်းလင်းလင်းသိခဲ့ရပြီ✔️




မကြာတော့ဘူး မြင်နေရပြီ✊ မကြာတော့ဘူး မြင်နေရပြီ✊ မကြာတော့ဘူး မြင်နေရပြီ✊


Add a Comment

Your email address will not be published. Required fields are marked *