ပြည်သူ့ဘက်တော်သားကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဆဲပဲလို့ ရိုက်တာသတင်းဌာန ဖော်ပြ

ဦးကျော်မိုးထွန်း ဟာ ကုလ သမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဆဲပဲ လို့ အမည်မဖော်လိုတဲ့ ကုလ သမဂ္ဂ အရာရှိတစ်ဦးကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖေဖော်ဝါရီ (၂၈) ရက် နေ့က ဖော်ပြပါတယ်။

အစိုးရ အပြောင်းအ လဲနဲ့ပတ်သ က်လို့ ကုလသမဂ္ဂကို တရားဝင် အကြောင်းကြားလာတာ မရှိသေးတဲ့အတွက် အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရသစ်အဖြစ် တရားဝင် အသိအမှတ် ပြုမထားဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရသူ စတက်ဖ်နီ ဒူဂျာရစ်ကလည်း… မြန်မာကိုယ်စားလှယ် အပြောင်းအလဲနဲ့ ပတ်သက်ပြီး မြန်မာဘက်က ဆက်သွယ် အကြောင်းကြားလာတာ ဘာတစ်ခုမှ မရှိသေးဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ဦးကျော်မိုးထွန်းဟာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဆဲပဲလို့ ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဖေ‌ဖော်ဝါရီ ၂၆ ရက်နေ့က ကုလသမဂ္ဂ အစည်းအဝေးမှာ တိုက်တွန်းထားတာပါ။
ဒီလိုပြောဆိုခဲ့တာကြောင့် နောက်တစ်ရက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက ဦးကျော်မိုးထွန်းကို နိုင်ငံတော် သစ္စာဖောက်အဖြစ် စွပ်စွဲပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံ တကာ မြန်မာသံရုံးတွေ၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာရှိတဲ့ သံမှူးတွေ၊ သံရုံးအုပ်တွေ၊ သံရုံးစာရေးတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ကို ပြန်ခေါ်လိုက်တဲ့ အမိန့်ကြော်ငြာစာတွေလည်း အင်တာနက် လူမှုကွန်ရက်မှာ ပေါက်ကြား ပျံ့နှံ့နေပါတယ်။

သံမှူးအသစ်တွေ အစားထိုးခန့်အပ်တဲ့ နောက်ထပ် အမိန့်ကြော်ငြာစာတစ်စောင်မှာတော့… ကူဝိတ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ဩစတြီးယားသံရုံးတွေမှာ သံမှူးကြီးအသစ်တွေ ခန့်ထားလိုက်ကြောင်းနဲ့၊ နယူးယောက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်ရုံး သံမှူးအဖြစ် ဦးထွန်းနောင် ဆိုသူကို ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်း ဖော်ပြထားပါတယ်။

Source:RFA

Zawgyi

ဦးေက်ာ္မိုးထြန္း ဟာ ကုလ သမဂၢဆိုင္ရာ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္ ဆက္ရွိေနဆဲပဲ လို႔ အမည္မေဖာ္လိုတဲ့ ကုလ သမဂၢ အရာရွိတစ္ဦးကို ကိုးကားၿပီး ရိုက္တာ သတင္းဌာနက ေဖေဖာ္ဝါရီ (၂၈) ရက္ ေန႕က ေဖာ္ျပပါတယ္။

အစိုးရ အေျပာင္းအ လဲနဲ႕ပတ္သ က္လို႔ ကုလသမဂၢကို တရားဝင္ အေၾကာင္းၾကားလာတာ မရွိေသးတဲ့အတြက္ အာဏာသိမ္း စစ္ေကာင္စီကို ျမန္မာနိုင္ငံရဲ႕ အစိုးရသစ္အျဖစ္ တရားဝင္ အသိအမွတ္ ျပဳမထားဘူးလို႔ ဆိုပါတယ္။

ကုလသမဂၢ ေျပာခြင့္ရသူ စတက္ဖ္နီ ဒူဂ်ာရစ္ကလည္း… ျမန္မာကိုယ္စားလွယ္ အေျပာင္းအလဲနဲ႕ ပတ္သက္ၿပီး ျမန္မာဘက္က ဆက္သြယ္ အေၾကာင္းၾကားလာတာ ဘာတစ္ခုမွ မရွိေသးဘူးလို႔ ရိုက္တာသတင္းဌာနကို ေျပာပါတယ္။
ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) ကလည္း ဦးေက်ာ္မိုးထြန္းဟာ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္ ဆက္ရွိေနဆဲပဲလို႔ ဒီကေန႕ညပိုင္းမွာ ထုတ္ျပန္ေၾကညာပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီနဲ႕ နိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႕ ျမန္မာနိုင္ငံက အာဏာသိမ္းစစ္တပ္ကို အျပင္းထန္ဆုံး အေရးယူေဆာင္႐ြက္ဖို႔ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ေဖ‌ေဖာ္ဝါရီ ၂၆ ရက္ေန႕က ကုလသမဂၢ အစည္းအေဝးမွာ တိုက္တြန္းထားတာပါ။
ဒီလိုေျပာဆိုခဲ့တာေၾကာင့္ ေနာက္တစ္ရက္ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႕မွာ အာဏာသိမ္းစစ္ေကာင္စီက ဦးေက်ာ္မိုးထြန္းကို နိုင္ငံေတာ္ သစၥာေဖာက္အျဖစ္ စြပ္စြဲၿပီး ဝန္ထမ္းအျဖစ္က ထုတ္ပယ္လိုက္တယ္လို႔ ေၾကညာခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ နိုင္ငံ တကာ ျမန္မာသံ႐ုံးေတြ၊ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးေတြမွာရွိတဲ့ သံမႉးေတြ၊ သံ႐ုံးအုပ္ေတြ၊ သံ႐ုံးစာေရးေတြကို နိုင္ငံျခားေရးဝန္ႀကီးဌာန လက္ေအာက္ကို ျပန္ေခၚလိုက္တဲ့ အမိန႔္ေၾကာ္ျငာစာေတြလည္း အင္တာနက္ လူမႈကြန္ရက္မွာ ေပါက္ၾကား ပ်ံ့ႏွံ႕ေနပါတယ္။

သံမႉးအသစ္ေတြ အစားထိုးခန႔္အပ္တဲ့ ေနာက္ထပ္ အမိန႔္ေၾကာ္ျငာစာတစ္ေစာင္မွာေတာ့… ကူဝိတ္၊ ပါကစၥတန္၊ အင္ဒိုနီးရွား၊ အိႏၵိယ၊ တ႐ုတ္နဲ႕ ဩစႀတီးယားသံ႐ုံးေတြမွာ သံမႉးႀကီးအသစ္ေတြ ခန႔္ထားလိုက္ေၾကာင္းနဲ႕၊ နယူးေယာက္ ကုလသမဂၢ ဆိုင္ရာ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္႐ုံး သံမႉးအျဖစ္ ဦးထြန္းေနာင္ ဆိုသူကို ေျပာင္းေ႐ႊ႕ခန႔္ထားလိုက္ေၾကာင္း ေဖာ္ျပထားပါတယ္။

Source:RFA

Add a Comment

Your email address will not be published. Required fields are marked *