ဘစိုင်း ကို ပလစ်ပြီး ငြိမ်းမြတ်သူ ကို ဝန်းရံ ရမယ် လို့ တခါမှ မတွေး ဖူးဘူး …

စာဖတ်သူ အပေါင်း သူတော်ေ ကာင်း တို့ ခင်ဗျာ … ကျွန်တော်တို့ မြန်မာ စကားပုံမှာ လူအကြောင်း ပေါင်းမှသိ ဆိုတဲ့ စကားပုံလေး ကို အားလုံးကြားဖူး ကြမှာပါ

မိတ်ဆွေစစ် မိတ်ဆွေမှန် ဆိုတာကို ဒုက္ခဖြစ်ချိန် မှ သိရတယ် လို့လဲပြောကြသေးတယ်မို့လား ခင်ဗျာ …ဒါတွေကို ဘာလို့ ပြောနေတာလဲ ဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ကြီး အမှောက်ဖုံးချိန်မှာ ပြည်သူတွေ့ရဲ့ အလင်းတိုင်လို့ သတ်မှတ်ထားကြတဲ့ အနုပညာရှင်တိချို့က ကြောက်တက်တာလား … သူတို့ပိုင်တဲ့ စည်းစိမ် ဥစ္စာလျော့ မှာ ကြောက်လို့လားမသိ

ဘစိုင်း ကို ပလစ်ပြီး ငြိမ်းမြတ်သူ ကို ဝန်းရံ ရမယ် လို့ တခါမှ မတွေး ဖူးဘူး …

ဝတ်ကျေ တန်းကျေသာ လှုပ်ရှားနေတာ တွေ့ရပါတယ်။ ဒီလို ဝတ်ကျေတန်းကျေ လုပ်နေတဲ့ အနုပညာရှင် တယောက်ဖြစ်တဲ့ ဘစိုင်းကို မန်းလေးသား တယောက်က ” စိုင်းစိုင်းခမ်းလှိုင်ဆိုတာ မြန်မာနိုင်ငံမှာ Fan အင်အား အတောင့်ဆုံး ဆယ်စုနှစ်မက အားပေးတဲ့ ပရိတ်သတ်တွေ မရေတွက်နိုင်ဘူး / Cosmetics ထုတ်တယ် အကုန်အလုယက် အားပေး ခဲ့ကြတယ်

ဘစိုင်း ကို ပလစ်ပြီး ငြိမ်းမြတ်သူ ကို ဝန်းရံ ရမယ် လို့ တခါမှ မတွေး ဖူးဘူး …

မန္တလေးဆိုတာလဲ သူ့အတွက်လုပ်ခဲ့တဲ့ ပွဲမှန်သမျှ ဘယ်တုန်းကမှမျ က်နှာမငယ်ခဲ့ရအောင် မန္တလေး ကလူတွေ တာဝန်ကျေခဲ့ တယ်။ မန္တလေးမှာ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ် ခံရတာကို စတေးတပ်လေး နှစ်ကြောင်းလောက်နဲ့ နှစ်သိမ့်ပီး ” စစ်အာဏာရှင်”ဆိုတဲ့ အသုံးနှုန်းမျိုး မရေးရဲတာ အံ့ဩမိတယ်

ဘစိုင်း ကို ပလစ်ပြီး ငြိမ်းမြတ်သူ ကို ဝန်းရံ ရမယ် လို့ တခါမှ မတွေး ဖူးဘူး …

သူ့မှာ ငဲ့စရာတွေရှိနေလို့ပါတဲ့

အေး မင်းမှာပဲ အသက်ရှိတယ် / မင်းမှာပဲ မိသားစုရှိတယ် / မင်းမှာပဲ ဥစ္စာရှိတယ် မင်းကိုအားပေးနေတဲ့ လူတွေက အခြေနေမဲ့တွေ ဟုတ်ပီလား

***** မိန်းမသားတန်မဲ့ ဖမ်းဝရမ်း ထုတ်ခံရတာတောင် ပြည်သူဘက်က မားမားရပ်တည်ပေးတဲ့ ဖွေးဖွေးရဲ့ ချီးစားလိုက် ” ဆိုပြီး အားမလို အားမရ ရေးထားတာ တွေ့ရပါတယ်

ဘစိုင်း ကို ပလစ်ပြီး ငြိမ်းမြတ်သူ ကို ဝန်းရံ ရမယ် လို့ တခါမှ မတွေး ဖူးဘူး …

တချိန်ထဲမှာ ကျွန်တော်တို့ မျက်မုန်းကျိုးခဲ့တဲ့ ငြိမ်းမြတ်သူ က အခုချိန်မှာ မိန်းကလေးတန်မဲ့ သတ္တိရှိရှိ နေ့စဉ် တိုင်းပြည်ချစ်စိတ် နဲ့ ပြည်သူတွေ နဲ့အတူ လှုပ်ရှားနေတာ မြင်တော့ တချိန်က အမြင်ကတ်ပြီး ဆဲခဲ့ ပြောခဲ့တာတွေအတွက် အားနာမိတယ်…

ဘစိုင်း ကို ပလစ်ပြီး ငြိမ်းမြတ်သူ ကို ဝန်းရံ ရမယ် လို့ တခါမှ မတွေး ဖူးဘူး …

အခုလို တိုင်းပြည်အတွက် လိုအပ်လာချိန်မှာ ငြိမ်းမြတ်သူ ဟာ မရှိမဲ့ ရှိမယ့် follower လေးနဲ့ နှိုးစော်နေတယ် စည်းရုံးနေတယ် … အရမ်းကိုကျေးဇူးတင်ပါတယ် ညီမလေး ငြိမ်းမြတ်သူရေ … အကိုတို့ တချိန်က ညီမအပေါ် ပြောခဲ့ ရေးခဲ့ မိတာတွေ အတွက်လဲ တောင်းပန် ပါတယ် ညီမရယ် …

ဘစိုင်း ကို ပလစ်ပြီး ငြိမ်းမြတ်သူ ကို ဝန်းရံ ရမယ် လို့ တခါမှ မတွေး ဖူးဘူး …

လူအကြောင်းကို အခုလို အရေးကြီးချိန် တိုင်းပြည် ဒုက္ခရောက် ချိန်မှာ ဘယ်သူက ဘာလဲဆိုတာ သိခဲ့ရပါပြီ … ဒါနဲ့ စကားမစပ်ညီမလေး ငြိမ်းမြတ်သူရေ တကယ်လို့များ ဒီစာကို ညီမ ဖတ်မိတယ်ဆိုရင် … တခုတော့ အကူညီတောင်းပါရစေ … အကူညီက ဘာလဲဆိုတော့ ဘစိုင်း ကို တွေ့ရင် ” ဘဘစိုင်း အကြောက်ပြေသွားအောင် ” အားပေးစကားလေးပြောခဲ့ပါလို့ ပြောပါရစေ ညီမရေ

စာကို အဆုံးထိ ဖတ်ပေးကြတဲ့ စာဖတ်သူအပေါင်း ဘေးဘယာဝေးကွာပြီး အလိုရှိရာပန်းတိုင် ကို အမြန်ရောက်ကြပါစေ

celeupdatenews

Add a Comment

Your email address will not be published. Required fields are marked *