ဖတ်နေရင်း မျက်ရည် ပေါက်ပေါက်ကျမိ ပြီ စိတ်မကောင်းဖြစ်ရပါတယ်..

ကျနော်ကိုယ်တိုင်ကြားခဲ့တာမို့ မှတ်တမ်းတင်ပါရစေ !

ဒီနေ့လှည်းတန်းကနေ ပြေးလာတဲ့ကလေးတွေ သံလမ်းဘက်အထိ တဖြည်းဖြည်းချင်း ဆုတ်ပြေးလာရတာပါတဲ့ ”

“မင်းတို့ မိဘတွေစိတ်ပူနေမယ် ဖုန်းဆက်လိုက်အုံး”လို့

ဟင့်အင်းမလိုဘူး ဦးလေး သားတို့မိဘတွေက တခါတည်းမှာပြီးလွှတ် လိုက္တာပါ !

အမေတို့ခေတ်ကနေ အခုထက်ထိ နှစ်ပေါင်း ၆၀ လောက် မရဖူးတဲ့ ဒီမိုကရေစီ သားတို့အရယူပေးရမယ် ! ငါ့သားတွေ ဆန္ဒထုတ်ဖော်လို့ အဖမ်းခံရရင် ထုတ်လို့ရတဲ့အချိန်လာထုတ်ပေးမယ် !

အကယ်၍ သေသွားခဲ့ရင် နောင်လာနောက်သားတွေအတွက် အသက်လှူ တဲ့ ပြည်သူ့ဘက်တော်သားအဖြစ် အမေဂုဏ်ယူနေမယ် !’

သားဘက်ကလည်း သေရဲရမယ် ! အမေ့ဘက်ကလည်း စွန့်ရဲရမယ် ! သေတနေ့ မွေးတနေ့ ဒီပွဲမှာသေရမဲ့ကံပါလာရင် သေမယ် !

အသက်သေရတာထက် မြန်မာပြည်သူတွေဘဝေ နာက်ထ ပ်မသေစေရဘူး ! ဒီပွဲကို မြန်မာပြည်အမှောင်ဖုံးတာ နောက်ဆုံးလို့ သတ်မှတ်ပြီး တိုက်ပွဲဝင်ပါလို့ သားတို့မိဘတွေကအပြတ်မှာပြီးသားတဲ့!

ကလေးလေးတွေက လူရည်သန့်လေးတွေ ကျောပိုးအိတ်လေးတွေ အင်ဂျင်နီယာဦးထုပ်လေးတွေနဲ့ မျက်လုံးတွေအစွမ်းကုန်တောက်ပနေလိုက်တာ ကျနော်တကယ်နားနဲ့ဆတ်ဆတ်ကြားခဲ့ရပါတယ် !

အာ့ဆို သားတို့ကမဲပေးခဲ့တဲ့ တက္က္တသိုလ်ကျောင်းသားတွေလား ? မေးလိုက်တော့

ဟုတ်တယ် အန်တီ မဲဆိုလို့ တသက်မှာတခါဘဲ ပေးခဲ့တဲ့မဲ အချောင်သမားတွေအလစ်သုတ်ခံရတာ သားတို့မဲတွေ ပြန်ရအောင် ယူမှာ တဲ့!

ရဲအယောင်ဆောင်တဲ့ စစ်သားတွေကို ထိပ်တိုက်ရင်မဆိုင်ပါနဲ့လို့ဦးလေး မှာချင်လို့ပါ ဆိုတော့ ဟုတ်ကဲ့ ပါတဲ့

သူတို့ပြောတဲ့စကားတွေနားထောင်ရင်း မောင်ထိန်လင်းလို့ခေါ်တဲ့ ဗိုလ်ချူပ်အောင်ဆန်းကို သတိယမိပါတယ်!

ဗိုလ်ချူပ်ရေ

မှောင်နေတဲ့မြန်မာပြည် အလင်းရောင်တွေ မြင်နေရပါပြီ !

ဗိုလ်ချူပ်က တိုင်းပြည်ကိုပဲ ချစ်ခဲ့တာ အာဏာမရူးခဲ့သလို ဗေဒင်တွေမေး ယတြာတွေချေပြီး ဘုရင်ဖြစ်မဲ့နေ့ကို သူခိုးချောင်းချောင်းပြီး အလစ်မသုတ်ခဲ့ဘူး! ဗိုလ်ချူပ်လို သေရတာ လိပ်ပြာလုံတယ် !’

ဂျန်ဇီများကို ဦးညွှတ်လျက် ဖတ်ရင်း မျက်ရည် ပေါက်ပေါက်ကျ ပြီစိတ်မကောင်းဖြစ်ရပါတယ်..😭😭😭

Add a Comment

Your email address will not be published. Required fields are marked *