NLD ပါတီ က အနိုင်ရ ရှိခဲ့သည့် ၂၀၂၀ ရွေးကောက် ပွဲရလဒ် ပျက်သွားပြီ ဟု ကော်မရှင် ဥက္ကဌသစ် ဦးသိန်းစိုး ပြော

အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီက အနိုင်ရ ရှိခဲ့သည့် ၂၀၂၀ ရွေးကော က်ပွဲ ရလဒ် ပယ်ပျက် သွားပြီဟု စစ်ကောင်စီက ခန့်အပ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌသစ် ဦးသိန်းစိုးက ပြောဆိုခဲ့ကြောင်း သိရှိရသည်။ ယနေ့ နေပြည်တော်ရှိ ပြည်ေ ထာင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ရုံးတွင် ကျင်းပသည့် ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၃ ခုတို့ တွေ့ ဆုံပွဲတွင် ကော်မရှင်အသစ်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ကြောင်း ယခုဆွေးနွေးပွဲသို့ တက်ရောက်နေသူ မြန်မာ အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌ ဦးကောင်းမြင့်ထွဋ်က သတင်းထောက်များကို ပြောသည်။

“ကော်မရှင် ဥက္ကဌအသစ်က အာဏာ ၃ ရပ်ကို နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီကနေ ကိုင်ထားလိုက်ပြီ။ အရင် လွှတ် တော်တွေနဲ့ အရင် ရွေးကောက်ပွဲ ရလဒ်တွေက ပျက်ပြယ်သွားပြီ ဆိုတာကို လုံးဝ အခိုင်အမာ ပြောပါတယ်”ဟု ဦးကောင်းမြင့်ထွဋ်က ပြောသည်။

မဲစာရင်းကိစ္စနှင့် ပတ်သက်၍လည်း မဲစာရင်းမှားယွင်းမှုများ ရှိကြောင်း၊ မဲမသမာမှုများ ရှိကြောင်းတို့ကို ထပ်ခါထပ်ခါ ပြော ဆိုခဲ့ကြောင်း၊ ယနေ့ တက်ရောက်လာသည့် ပါတီများထဲမှ တချို့ ပါတီများကလည်း မဲမသမာမှု ကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီကို မည်သို့ အရေးယူ အပြစ်ပေးမလဲ ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့ကြောင်း ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်နေသူ များက ပြောသည်။

ထို့ပြင် ယနေ့ အစည်း အဝေးသို့ မတက်ရောက်ဘဲ သပိတ်မှောက်သည့် နိုင်ငံရေးပါတီများကိုပါ အရေးယူ အပြစ်ပေး သင့် ကြောင်း ပါတီခေါင်းဆောင်တချို့က ကော်မရှင် ဥက္ကဌကို တိုက်တွန်းပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှ င်နှင့် နိုင်ငံရေးပါတီများ တွေ့ ဆုံပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၅၃ ခု တက်ရောက် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ နိုင်ငံရေးပါတီ ၉၁ ခု ရှိရာ ၅၃ ပါတီ တက်ရောက်သဖြင့် ၃၈ ပါတီ ပျက်ကွက်ကြောင်း သိရသည်။

Credit:The Irrawaddy – Burmese Edition

အမ်ိဳး သား ဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္ NLD ပါတီက အနိုင္ရ ရွိခဲ့သည့္ ၂၀၂၀ ေ႐ြးေကာ က္ပြဲ ရလဒ္ ပယ္ပ်က္ သြားၿပီဟု စစ္ေကာင္စီက ခန႔္အပ္ထားသည့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌသစ္ ဦးသိန္းစိုးက ေျပာဆိုခဲ့ေၾကာင္း သိရွိရသည္။ ယေန႕ ေနျပည္ေတာ္ရွိ ျပည္ေ ထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ ႐ုံးတြင္ က်င္းပသည့္ ေကာ္မရွင္ႏွင့္ နိုင္ငံေရးပါတီ ၅၃ ခုတို႔ ေတြ႕ ဆုံပြဲတြင္ ေကာ္မရွင္အသစ္က အထက္ပါအတိုင္း ေျပာဆိုျခင္း ျဖစ္ေၾကာင္း ယခုေဆြးေႏြးပြဲသို႔ တက္ေရာက္ေနသူ ျမန္မာ အမ်ိဳးသား ကြန္ဂရက္ပါတီ ဥကၠဌ ဦးေကာင္းျမင့္ထြဋ္က သတင္းေထာက္မ်ားကို ေျပာသည္။

“ေကာ္မရွင္ ဥကၠဌအသစ္က အာဏာ ၃ ရပ္ကို နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္မႈ ေကာင္စီကေန ကိုင္ထားလိုက္ၿပီ။ အရင္ လႊတ္ ေတာ္ေတြနဲ႕ အရင္ ေ႐ြးေကာက္ပြဲ ရလဒ္ေတြက ပ်က္ျပယ္သြားၿပီ ဆိုတာကို လုံးဝ အခိုင္အမာ ေျပာပါတယ္”ဟု ဦးေကာင္းျမင့္ထြဋ္က ေျပာသည္။

မဲစာရင္းကိစၥႏွင့္ ပတ္သက္၍လည္း မဲစာရင္းမွားယြင္းမႈမ်ား ရွိေၾကာင္း၊ မဲမသမာမႈမ်ား ရွိေၾကာင္းတို႔ကို ထပ္ခါထပ္ခါ ေျပာ ဆိုခဲ့ေၾကာင္း၊ ယေန႕ တက္ေရာက္လာသည့္ ပါတီမ်ားထဲမွ တခ်ိဳ႕ ပါတီမ်ားကလည္း မဲမသမာမႈ ကိစၥႏွင့္ ပတ္သက္ၿပီး NLD ပါတီကို မည္သို႔ အေရးယူ အျပစ္ေပးမလဲ ဆိုသည့္ ေမးခြန္းကို ေမးျမန္းခဲ့ေၾကာင္း ယေန႕ ေဆြးေႏြးပြဲသို႔ တက္ေရာက္ေနသူ မ်ားက ေျပာသည္။

ထို႔ျပင္ ယေန႕ အစည္း အေဝးသို႔ မတက္ေရာက္ဘဲ သပိတ္ေမွာက္သည့္ နိုင္ငံေရးပါတီမ်ားကိုပါ အေရးယူ အျပစ္ေပး သင့္ ေၾကာင္း ပါတီေခါင္းေဆာင္တခ်ိဳ႕က ေကာ္မရွင္ ဥကၠဌကို တိုက္တြန္းေျပာဆိုမႈမ်ား ရွိခဲ့ေၾကာင္းလည္း သိရသည္။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွ င္ႏွင့္ နိုင္ငံေရးပါတီမ်ား ေတြ႕ ဆုံပြဲကို ယေန႕ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ျပည္ ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးတြင္ က်င္းပရာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ ၿဖိဳးေရးပါတီ အပါအဝင္ ပါတီေပါင္း ၅၃ ခု တက္ေရာက္ ေဆြးေႏြးလ်က္ရွိေၾကာင္း သိရသည္။ နိုင္ငံေရးပါတီ ၉၁ ခု ရွိရာ ၅၃ ပါတီ တက္ေရာက္သျဖင့္ ၃၈ ပါတီ ပ်က္ကြက္ေၾကာင္း သိရသည္။

Credit:The Irrawaddy – Burmese Edition

Add a Comment

Your email address will not be published. Required fields are marked *